ပေါက်ခေါင်းမြို့နယ်၌ ပြောင်းဖူးစိုက်တောင်သူများ အကျိုးအမြတ်ရရှိလျက်ရှိ

Mon, 07/01/2024 - 10:51 -- mocadmin

    ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပေါက်ခေါင်းမြို့နယ်ရှိ သဖန်းချိုအုပ်စု၊ သဖန်းချိုကျေးရွာတွင် ဖူးစားပြောင်းများ စိုက်ပျိုးထားရှိကြောင်း၊ ဖူးစားပြောင်းကို ရာသီမရွေး စိုက်ပျိုးနိုင်ပြီး စိုက်ပျိုးပြီး နှစ်လကျော်အကြာတွင် ပြောင်းဖူးများ ထွက်ရှိကြောင်း၊ စိုက်ပျိုးထုတ်လုပ်မှုအတွက် မျိုး၊ သွင်းအားစု၊ လုပ်သားခ အပါအဝင် တစ်ဧကလျှင် စုစုပေါင်း ငွေကျပ် ၁,၁၃၆,၀၀၀ ခန့်ကုန်ကျပြီး အထွက်နှုန်း အနေဖြင့် ပြောင်းဖူး ၁၇,၂၀၀ ဖူးခန့် ထွက်ရှိကြောင်း၊ ဈေးကွက် အနေဖြင့် ကုန်စိမ်းပွဲစားများက စိုက်ခင်းအထိ လာရောက်ဝယ်ယူ ရောင်းချကြကြောင်း သိရသည်။ ဖူးစားပြောင်း တစ်ဧကလျှင် ငွေကျပ် ၃,၄၄၀,၀၀၀ ခန့်ရရှိပြီး အကျိုးအမြတ် အနေဖြင့် ၂,၃၀၄,၀၀၀ ကျပ်ခန့် ရရှိကြောင်း၊ ဖူးစား ပြောင်းသီးနှံည် ရာသီမရွေး စိုက်ပျိုးထွက်ပေါ်ပြီး အကျိုးအမြတ်များလည်း ရရှိသည့်အတွက် တောင်သူများအနေဖြင့် နှစ်ပတ်လည်ဝင်ငွေများ ရရှိကြောင်း သိရှိရသည်။

Local Trade News

Pages