ပို့ကုန်သွင်းကုန် လုပ်ငန်းရှင်များအနေဖြင့် Sale Contract နှင့် Invoice ပါ ဈေးနှူန်းနှင့် တန်ဖိုးများအား မမှန်မကန် ဖြည့်သွင်းပါက အရေးယူဆောင်ရွက်မည့် လုပ်ထုံးလုပ်နည်းများအား စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ကြေညာ

Thu, 07/06/2017 - 03:13 -- admin_ygn

စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရန်နှင့်  ကုန်သွယ်မှုဆိုင်ရာလုပ်ငန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အလို့ငှာ ပို့ကုန်သွင်းကုန် လိုင်စင်များအား ဈေးနှုန်းစိစစ်ခြင်းမပြုတော့ဘဲ ကုမ္ပဏီများမှ ဈေးနှုန်းနှင့် ကုန်ပစ္စည်းတန်ဖိုး မှန်ကန်ကြောင်း ဝန်ခံကတိဖြင့်  စီးပွားရေးကျင့်ဝတ်နှင့်အညီ တင်ပြလာသည့်  Invoice နှင့်Sale Contract ပါဈေးနှုန်းနှင့် တန်ဖိုးများအတိုင်းသာ ပို့ကုန်သွင်းကုန်လိုင်စင်များကို ခွင့်ပြုပေးပြီးဖြစ်သည်။

ကုမ္ပဏီများအနေဖြင Invoice နှင့်Sale Contract  တို့အား အတုအပ ပြုလုပ်ခြင်း၊ Invoice နှင့်Sale Contract ပါအချက် အလက်များအား မမှန်မကန် ဖော်ပြခြင်း၊ တရားမဝင်ဆောင်ရွက် ခြင်း၊ Invoice နှင့်Sale Contract ပါ ဈေးနှုန်းနှင့် တန်ဖိုးများအား အခွန်တိမ်းရှောင်ရန် ရည်ရွယ်၍ မမှန်မကန် ဆောင်ရွက်ထား ကြောင်း စိစစ်တွေ့ရှိရပါက လိုင်စင်ခွင့်ပြုမှုအတွက် တင်ပို့^တင် သွင်းခဲ့သည့် ဈေးနှုန်းများအား ပြန်လည်စိစစ်မည့် လုပ်ထုံးလုပ် နည်းများအတိုင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ဇွန်လ ၂၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် ၃၈^၂၀၁၇ ဖြင့် ထုတ်ပြန် ကြေညာခဲ့ သည်။
ထို့ကြောင့် ပို့ကုန်သွင်းကုန် ကုန်သည်လုပ်ငန်းရှင်များအနေ ဖြင့် ှုညလသငခန နှင့် ှေူန ဃသညအမခေအ တို့တွင် မိမိတင်သွင်း တင်ပို့မည့် ဈေးနှုန်းအတိုင်း မှန်ကန်စွာ ဖြည့်စွက်၍ တင်ပို့တင်သွင်းကြရန် လိုအပ်လှပေသည်။
အဆိုပါ အမိန့်ကြော်ငြာစာတွင်ပါဝင်သည့် လုပ်ထုံးလုပ် နည်းများကို သေချာစွာဖတ်ရှု၍ တင်ပို့ တင်သွင်းခြင်းများကို ဆောင်ရွက်ကြပါရန် နှိုးဆော်လိုက်ရပါသည်။
အကျိုးအကြောင်းဖော်ပြချက်
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနသည် ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရန်နှင့် ကုန်သွယ်မှုဆိုင်ရာ လုပ် ငန်းများအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်ရန်အလို့ငှာ ပို့ကုန်၊ သွင်းကုန် လိုင်စင်များအား ဈေးနှုန်းစိစစ်ခြင်းမပြုဘဲ ကုမ္ပဏီများ မှ ဈေးနှုန်းနှင့် ကုန်ပစ္စည်းတန်ဖိုး မှန်ကန်ကြောင်း ဝန်ခံကတိဖြင့် စီးပွားရေးကျင့်ဝတ်နှင့်အညီ တင်ပြလာသည့် Invoice & Sale Contract  ပါ ဈေးနှုန်းနှင့်တန်ဖိုးများအတိုင်းသာ ပို့ကုန်၊ သွင်းကုန် လိုင်စင်များကို ခွင့်ပြုထုတ်ပေးရန် ၂၂-၁၁-၂၀၁၆ ရက်နေ့တွင် အမိန့်ကြော်ငြာစာအမှတ် (၇၄/၂၀၁၆) ဖြင့် ထုတ်ပြန်ခဲ့ပါသည်။
သို့ပါ၍  ပို့ကုန်၊ သွင်းကုန် လိုင်စင်များကInvoice & Sale Contract  ပါဈေးနှုန်းနှင့်တန်ဖိုးများအတိုင်း ဝန်ခံကတိဖြင့် ၂၀၁၆ ခုနှစ်၊ ဒီဇင်ဘာ ၁ ရက်နေ့မှစ၍ ခွင့်ပြုထုတ်ပေးမည်ဖြစ်ပြီး ခွင့်ပြု ထုတ်ပေးပြီးသော လိုင်စင်များ၏ ဈေးနှုန်း များအပေါ် မှန်ကန်မှု ရှိ/မရှိ နိုင်ငံတကာတွင် သတ်မှတ်ထားသော လုပ်ထုံးလုပ်နည်း နှင့်အညီ နောက်ကြောင်းပြန် စိစစ်မှုများကို သက်ဆိုင်ရာဌာန များနှင့် ညှိနှိုင်း၍ လုပ်ထုံးလုပ်နည်းများ ထုတ်ပြန်နိုင်ရေး စီစဉ် ဆောင်ရွက်လျက်ရှိပါသည်။
ရည်ရွယ်ချက်
စီးပွားရေးနှင့်  ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနမှ ကုမ္ပဏီများ၏ ဈေးနှုန်းဝန်ခံကတိဖြင့် ပို့ကုန်သွင်းကုန် လိုင်စင် များ ခွင့်ပြုထုတ်ပေးမှုများအပေါ်  ကုမ္ပဏီများမှ မှန်ကန်သော ဈေးနှုန်းများဖြင့် တင်ပြလျှောက်ထားနိုင်ရေးနှင့်  နိုင်ငံတော် အတွက် ရသင့်ရထိုက်သည့် အခွန်အခများ ဆုံးရှုံးမှုမရှိစေရေး အတွက် ခွင့်ပြုထုတ်ပေးသည့် လိုင်စင်ဈေးနှုန်းအပေါ် ပြန်လည် စိစစ်နိုင်ရေးအတွက် စီမံချက်ရေးဆွဲခြင်း ဖြစ်ပါ သည်။
ဖွဲ့စည်းဆောင်ရွက်ခြင်း
ကုမ္ပဏီများမှ ကုန်သွယ်ရေး ဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် လိုင်စင်နှင့် အကောက်ခွန် ဦးစီးဌာနတွင် ပို့ကုန်သွင်းကုန် ကြေ ညာလွှာ(ED/ID)များ လျှောက်ထားရာတွင် ပူးတွဲတင်ပြသည့် Invoice & Sale Contract  ပါ ဈေးနှုန်းနှင့် တန်ဖိုးများအတိုင်းခွင့် ပြုပေးမှု၌ နိုင်ငံတော်မှ ရသင့် ရထိုက်သည့် အခွန်အခများ ရရှိရန် နှင့် ဆုံးရှုံးမှုမများရန်၊ မမှန်မကန် ဆောင်ရွက်မှုများအပေါ် ဖော် ထုတ်အရေးယူရန်၊ နောက်လူများ မလုပ်ရဲရန်အတွက် ဈေးနှုန်း မှန်ကန်ရေး စိစစ်မှုအဖွဲ့ကို အောက်ပါအတိုင်း ဖွဲ့စည်းဆောင် ရွက်မည်-
    (၁)    အမြဲတမ်းအတွင်းဝန်      ဥက္ကဋ္ဌ
        စီးပွား/ကူးသန်း ဝန်ကြီးဌာန
    (၂)     ညွှန်ကြားရေးမှူးချုပ်    အဖွဲ့ဝင်
         ပြည်တွင်းအခွန်များဦးစီးဌာန
    (၃)     ညွှန်ကြားရေးမှူးချုပ်    အဖွဲ့ဝင်
        မြန်မာနိုင်ငံတော်ဗဟိုဘဏ်    
    (၄)     ညွှန်ကြားရေးမှူးချုပ်    အဖွဲ့ဝင်
        ဗဟိုစာရင်းအင်းအဖွဲ့    
    (၅)     ဒုတိယဥက္ကဋ္ဌ     အဖွဲ့ဝင်
        UMFCCI
    (၆)     ညွှန်ကြားရေးမှူးချုပ်    အတွင်းရေးမှူး
        ကုန်သွယ်ရေးဦးစီးဌာန    
    (၇)     ညွှန်ကြားရေးမှူးချုပ်    တွဲဖက်အတွင်းရေးမှူး
        အကောက်ခွန်ဦးစီးဌာန    

လုပ်ငန်းတာဝန်များ
ဈေးနှုန်းမှန်ကန်ရေး စိစစ်မှုအဖွဲ့၏ လုပ်ငန်းတာဝန်များ ကို  အောက်ပါအတိုင်း သတ်မှတ် ဆောင်ရွက်ရန်။    
    (က)    ကုန်သွယ်ရေးစခန်းများ၊ပို့ကုန်၊ သွင်းကုန်ရုံးခွဲများ၊ လေဆိပ်၊ ရေဆိပ်များမှ တင်ပို့/တင်သွင်းမှုများကို ပြန်လည်စိစစ်ရန်အတွက် ဈေးနှုန်းမှန်ကန်ရေး စိစစ် ရေးအဖွဲ့များကို ဖွဲ့စည်းပေးခြင်း၊ စိစစ်မည့်လုပ်ငန်း စဉ်များကို အသေးစိတ်ရေးဆွဲ ညွှန်ကြားခြင်း။
    (ခ)    ဈေးနှုန်းမမှန်မကန် ဖော်ပြလျှောက်ထားသည်ဟု စစ် ဆေးတွေ့ရှိသည့် ကုမ္ပဏီများစာရင်းကို စိစစ်ရေးအဖွဲ့ များက တင်ပြလာပါက ၎င်းင်းကုမ္ပဏီများ၏ ဒါရိုက်တာ (သို့) တာဝန်ရှိသူကို ခေါ်ယူ၍ အဖွဲ့ဖြင့် ထပ်မံစစ်ဆေး မေးမြန်းမှုများ (Re-Check) ပြုလုပ်ခြင်း။
    (ဂ)    စစ်ဆေးခံရသည့် ကုမ္ပဏီအား အသေးစိတ် စစ်ဆေး ရန် ခိုင်လုံသော အထောက်အထားစာရွက်စာတမ်းများ  ဖြင့် တောင်းယူစစ်ဆေးခြင်း။  လိုင်စင်/ ID လျှောက် ထားသည့် ဈေးနှုန်းအတိုင်း အမှန်ငွေလွှဲထားခြင်း ရှိ/မရှိ စိစစ်နိုင်ရန်  ငွေလွှဲစာတမ်း၊ ဘဏ်စာရင်း စာအုပ် တို့ကိုစိစစ်ခြင်း၊ မှန်ကန်မှုမရှိကြောင်း စိစစ် တွေ့ရှိပါက အရေးယူမှုလုပ်ငန်းစဉ်များကို ဆက်လက် ဆောင်ရွက်ခြင်း။
    (ဃ)    ကုမ္ပဏီ (သို့) လူပုဂ္ဂိုလ်တစ်ဦးဦးမှ မမှန်မကန်လျှောက် ထားဆောင်ရွက်ကြောင်း  တိုက်ရိုက်တိုင်ကြားလာပါ က တိုင်ကြားသူ၏အမည်ကို လျှို့ဝှက်စိစစ်ပြီးဖော် ထုတ်တွေ့ရှိလျှင် အရေးယူဆောင်ရွက်ခြင်း။
    (င)    အကောက်ခွန်ဦးစီးဌာန၏ နှောင်းစာရင်း စစ်ဆေး ခြင်းမှဖော်ထုတ်အရေးယူသော ကုမ္ပဏီများ၏ တင်ပို့/ တင်သွင်းမှုများအပေါ် ဈေးနှုန်းလိမ်လည်မှု ဖြစ်စဉ် များအပေါ် လုပ်ထုံးလုပ်နည်းနှင့်အညီ ထပ်မံအရေး ယူ ဆောင်ရွက်ခြင်း။
    (စ)    နယ်စခန်းများ၊ ရုံးခွဲများ၊ ရေဆိပ်၊ လေဆိပ်များမှ စိစစ်ပြီးသော ကုမ္ပဏီများစာရင်း တင်ပြလာပါက Ad hoc  အနေဖြင့် တစ်လလျှင် ကုမ္ပဏီ (၃) ခု (သို့မဟုတ်) လိုအပ်ချက်အရ Counter Checkခု ပြုလုပ်ခြင်း။
    (ဆ)    လိုင်စင်အရ ခွင့်ပြုခဲ့သော ဈေးနှုန်း သည် အကောက် ခွန်စည်းကြပ်ဈေးနှုန်းများနှင့် ကိုက်ညီမှု မရှိဘဲများစွာ လျော့နည်းနေသည့် ဖြစ်စဉ်များရှိပါက ကွာဟသည့် ကုန်ပစ္စည်းဈေးနှုန်းကို လိုင်စင်နံပါတ်ဖော်ပြ၍ ကုန် သွယ်ရေးဦးစီးဌာနသို့  အကြောင်းကြားပေးနိုင်ရေး အကောက်ခွန်ဦးစီးဌာနနှင့် ချိတ်ဆက်ညှိနှိုင်းဆောင် ရွက်ခြင်း။
    (ဇ)    ကုမ္ပဏီများ၏ မမှန်မကန် ဆောင်ရွက်နေမှုများအပေါ် နေ့စဉ်ထုတ်ပြန်သည့် သတင်းစာများ၊  ဂျာနယ်များ တွင်ဖော်ပြခြင်း၊ မီဒီယာနည်းလမ်းမျိုးစုံ အသုံးပြု၍ ပြည်သူသို့ အသိပေးကြေညာခြင်းများ ပြုလုပ်ပြီး မမှန် မကန်သည့် ကုမ္ပဏီများ စာရင်းကို အထက်ဌာနသို့ ဆက်လက်တင်ပြခြင်း။        

မှတ်တမ်းထားသိုနည်းစနစ်
လိုင်စင်/ပါမစ်ခွင့်ပြုထုတ်ပေးသော ကုန်သွယ်ရေးဦးစီး ဌာန (ရုံးချုပ်)နှင့် ပို့ကုန် သွင်းကုန်ရုံးခွဲများ၊ နယ်စပ်စခန်းများတွင် လျှောက်ထားလာသည့် Invoice, Sale Contract များကိုစိစစ်ခြင်း မပြုဘဲ  ကုမ္ပဏီမှတင်ပြလာသည့်အတိုင်း လိုင်စင်၊ ED/IDများ ကို ခွင့်ပြုထုတ်ပေးသည့်လိုင်စင်များအနက် ယခင်လျှောက်ထား ဈေးနှုန်းထက် လျော့နည်းတင်ပြလျှောက်ထားခြင်း၊ ဈေးနှုန်း အနည်းအပေါ် ဝန်ခံကတိပြုချက်ဖြင့် လျှောက်ထားခြင်း စသည် တို့ကိုပြုလုပ်သည့် ကုမ္ပဏီများ၏ လိုင်စင်လျှောက်ထားမှုများကိုAd hocအနေဖြင့် ကုမ္ပဏီတစ်ခုချင်း၊ လိုင်စင် တစ်စောင်ချင်း၊ ကုန်ပစ္စည်းတစ်မယ်ချင်းအလိုက် မှတ်တမ်းတင်ထားရှိရမည်။
လိုင်စင်ခွင့် ပြုထုတ်ပေးသော ဌာနခွဲသည် Manual စနစ် ဖြင့် သီးခြားမှတ်ပုံတင်စနစ်ဖြင့် ဆောင်ရွက်ခြင်းအပြင် Online Report  စနစ်ဖြင့်Monitoring ပြုလုပ်ရမည်။ ဈေးနှုန်းလျော့နည်း စွာ လျှောက်ထားမှု အကြိမ်ရေများသည့် ကုမ္ပဏီများကို ပြန်လည်  စိစစ်မှုများ ပြုလုပ်ရန်အတွက် ခြောက်လတစ်ကြိမ် အကြိမ်ရေ အများဆုံး ဈေးနှုန်းလျော့နည်းစွာ ဆောင်ရွက်သည့် ကုမ္ပဏီ ၁၀ ခုကို ရွေးထုတ်၍ ကုမ္ပဏီအလိုက် လိုင်စင်နံပါတ်၊  ကုန်ပစ္စည်း အမည်နှင့် လျှောက်ထားဈေးနှုန်းတို့ကိုပြုစု၍ တာဝန်ပေးအပ် ထားသည့် ဈေးနှုန်းမှန်ကန်ရေးစိစစ်မှုအဖွဲ့သို့ ပေးပို့ရမည်။
လိုင်စင်ခွင့်ပြုသော ဌာနခွဲနှင့် နည်းပညာဌာနခွဲတို့  ပူး ပေါင်း၍ မှန်မှန်ကန်ကန် ဆောင်ရွက်သည့် ကုမ္ပဏီများစာရင်းကိုCompany Profile  အဖြစ် ထည့်သွင်းမှတ်တမ်းတင်ထားနိုင်ရေး ဆောင်ရွက်ရမည်။                    
        (ဆက်လက်ဖော်ပြပါမည်)

Local Trade News

Pages