ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ဆန်တင်ပို့မှု လျော့ကျသော်လည်း ကုန်သွယ်ရေးစခန်းများမှ ပိုမိုတင်ပို့

Tue, 01/03/2017 - 06:52 -- admin_ygn

ဒီဇင်ဘာ ၁၇ ရက်မှ ၂၃ ရက်အထိ သီတင်းပတ်အတွင်း  မြန်မာ-တရုတ်နယ်စပ်ရှိ ကုန်သွယ်ရေးစခန်းများမှ အမေရိ ကန်ဒေါ်လာ ၁၁ဒသမ ၇၀၁သန်းဖိုးရှိ ဆန်တန်ချိန် ၃၄၁၂၆ တန်ကျော်ကို တရုတ်နိုင်ငံသို့တင်ပို့ခဲ့ရာယခင် တစ်ပတ်တင် ပို့မှု ထက် ၈၈၂၆ တန် ပိုမိုတင်ပို့နိုင်ကြောင်း သိရှိရပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှငစိန် ဆန်တန် ၂၀၅၀ ဧည့်မထဆန် ၂၀၁၄၁တန်၊ ချင်းရွှေဟော် ကုန်သွယ်ရေး စခန်းမှ  ဧည့်မထဆန်၁၇၈၇ တန်ကျော်နဲ့ လွယ်ဂျယ်ကုန် သွယ်ရေးစခန်းမှငစိန်ဆန် ၁၀၁၄၇တန်ကျော်တင်ပို့ခဲ့ပြီးယခု တစ်ပတ်မှာ ကုန်သွယ်ရေးစခန်းသုံးခုစလုံးမှ  ဆန်ပိုမိုတင်ပို့ နိုင်ခဲ့ကြောင်းသိရပါတယ်။ယခုတစ်ပတ်မှာ မူဆယ်(၁၀၅)မိုင် နဲ့ လွယ်ဂျယ်မှ  ဆန် ပိုမိုတင်ပို့သော်လည်း ဆန်ကွဲတင်ပို့မှု လျော့ကျခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ သုညဒသမ၄၇၉သန်းဖိုးရှိ ဆန်ကွဲ၁၇၂၅ တန်ကျော် တင်ပို့ခဲ့ရာမှ မူဆယ်မှ ၁၁၆၃တန်ကျော်နဲ့လွယ် ဂျယ်စခန်းမှဆန်ကွဲ ၅၆၂ တန် တင်ပို့ခဲ့ပါ တယ်။ ယခင်တစ် ပတ်က ဆန်ကွဲ ၂၃၂၈ တန်တင်ပို့ခဲ့တဲ့အတွက် ယခုတစ်ပတ် မှာ ၆၀၃တန် လျော့နည်းခဲ့ပါတယ်။ဒီဇင်ဘာ၁၈ရက်မှ ၂၄ရက်အထိ ရက်သတ္တပတ်အတွင်း ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ သုည ဒသမ ၈၅၄သန်းဖိုးရှိ ဆန်ဖြူနဲ့ပေါင်းဆန် ၂၃၆၅တန် တင်ပို့ ခဲ့ရာ တရုတ်နိုင်ငံသို့ ငစိန်ဆန် တန် ၈၄၀၊ရုရှားနိုင်ငံသို့ ပေါင်းဆန်တန်၂၅၀၊ ဘရာဇီးနိုင်ငံသို့ ဧည့်မထဆန်၂၂၅တန်၊ အီးယူနိုင်ငံများသို့ ပေါင်းဆန်တန် ၄၀၀၊ ဧည့်မထဆန် တန် ၂၀၀နဲ့ ငစိန်ဆန် တန် ၄၅၀ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် က ပင်လယ်ရေကြောင်းကုန်သွယ်မှုမှ ၁၂၅၁၈ တန် တင်ပို့ခဲ့ တဲ့အတွက်ယခုတစ်ပတ်မှာ  ၁၀၁၅၃ တန် လျော့နည်း ခဲ့ပါ တယ်။ ယခုတစ်ပတ်မှာ  ဆန် သာမက ဆန်ကွဲတင်ပို့မှုလည်း လျော့နည်းခဲ့ပါတယ်။ အမေရိကန်ဒေါ်လာ ၁ ဒသမ ၂၇၆ သန်းဖိုးရှိ ဆန်ကွဲ ၄၇၉၅တန်ကို အီးယူနိုင်ငံများသို့ တင်ပို့ ခဲ့ပြီး ယခင်တစ်ပတ်ကဆန်ကွဲ ၃၂၀၇၅ တန် တင်ပို့နိုင်ခဲ့တဲ့ အတွက် ယခု တစ်ပတ်မှာ ၂၇၂၈၀ တန် လျော့နည်းခဲ့တာ တွေ့ရပါတယ်။      

     
ယဉ်ယဉ်အေး

 

Local Trade News

Pages