ပခုက္ကူဈေးကွက်သို့ နှမ်းနက်(စမုံ)နှင့် နှမ်းဖြူများလှိုင်လှိုင်ဝင်ရောက်၍ အရောင်းအဝယ်ဖြစ်

Thu, 07/04/2024 - 09:46 -- mocadmin

   မကွေးတိုင်းဒေသကြီး၊ ပခုက္ကူ‌ခရိုင်၊ ပခုက္ကူမြို့နယ်အတွင်းရှိ မြစ်ခြေရွာ၊ ကမ္မရွာနှင့် ရေစကြို မြို့နယ်အတွင်းရှိ ကျေးရွာများမှ စိုက်ပျိုးထွက်ရှိသော နှမ်းနက်(စမုံ)နှင့်နှမ်းဖြူများ ပခုက္ကူဈေးကွက် သို့ လှိုင်လှိုင်ဝင်ရောက်၍ တစ်ရက်လျှင် တစ်တင်းခွဲဝင်အိတ် ၅၀ မှ ၂၀၀ အထိ အရောင်းအဝယ်ဖြစ် လျက်ရှိကြောင်း၊ ဈေးကွက်အနေဖြင့် နွေနှမ်းများကို ပခုက္ကူမြို့ပေါ်ရှိ ဆီစက်လုပ်ငန်းရှင်၊ နှမ်းလှော် လုပ်ငန်းရှင်များနှင့် မကွေး၊ ရန်ကုန်နှင့် မန္တလေးမြို့တို့သို့ တင်ပို့ရောင်းချလျက်ရှိပြီး ကုန်ဝင်ရောက် သမျှ အရောင်းအဝယ်ဖြစ်လျက်ရှိကြောင်း သိရှိရသည်။

DOCA (မကွေး)

Local Trade News

Pages