ဒီတစ်ပတ် ဒီဇယ်၊ ဓာတ်ဆီ စုစုပေါင်းတန်ချိန် ၉၀၀ နီးပါးဝင်

Tue, 07/05/2016 - 08:11 -- admin_ygn

ဇွန် ၁၉ ရက်မှ ၂၅ ရက် သီတင်းပတ်အတွင်း  ပင်လယ်ရေကြောင်းလမ်းမှကန်ဒေါ်လာ ၁၈၇၄၉၃၇၄ တန်ဖိုးရှိ ဒီဇယ်၅၁၅ ဒသမ ၂၂၈ တန်နဲ့ ကန်ဒေါ်လာ ၁၆၅၁၆၄၆၆ တန်ဖိုးရှိ ဓာတ်ဆီ ၃၄၆ ဒသမ ၂၄၂ တန်၊ စုစုပေါင်း ဓာတ်ဆီ၊ ဒီဇယ် ၈၆၁ ဒသမ၄၇၀ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ၉၂ယ ၉၅ ဒီဇယ်နဲ့ အဆင့်မြင့်ဒီဇယ်တို့ တင်သွင်းခဲ့တယ်လို့ သိရပါတယ်။ ယခင်သီတင်းပတ် ဒီဇယ်အဝင်မှာ တန်ချိန် ၁၆၀ ကျော် ရှိခဲ့ တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် ၃၄၀ ကျော်ပိုမိုတင်သွင်းခဲ့သလို ယခင်သီတင်းပတ်  ဓာတ်ဆီအဝင်မှာ တန်ချိန် ၄၀ ကျော်သာရှိခဲ့တာကြောင့် ဒီတစ်ပတ်တင်သွင်းမှုနဲ့ယှဉ်ရင် တန်ချိန်၃၀၀ ကျော် ပိုမို တင်သွင်းနိုင် ခဲ့တယ်လို့ သိရပါတယ်။ ဒါကြောင့် ဒီတစ်ပတ်မှာ ဓာတ်ဆီရောဒီဇယ်ပါ အဝင်ပိုခဲ့ပါတယ်။နယ်စပ်စခန်းများဖြစ်တဲ့ တာချီလိတ်စခန်းမှ ကန်ဒေါ်လာ ၁၉၁၆၃၃ တန်ဖိုး ရှိ ဓာတ်ဆီ ၃၅၀ တန်နဲ့ ကန်ဒေါ်လာ၃၁၂၁၁၂ တန်ဖိုးရှိ ဒီဇယ်၆၄၈ တန် တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ မြိတ်စခန်းမှကန်ဒေါ်လာ ၅၃၃၄၂၅ တန်ဖိုးရှိ ဒီဇယ်တန် ချိန် ၁၁၁၀နဲ့ မြဝတီစခန်းမှ ကန်ဒေါ်လာ ၄၉၅၂၆ တန်ဖိုးရှိ  ဒီဇယ် ၉၈ တန်ကို တင်သွင်းခဲ့တယ်လို့ သိရပါတယ် ။ပြည်တွင်းပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ ရောင်းချနေတဲ့ဓာတ်ဆီ၊ ဒီဇယ် ဈေး များကတောင်ကြီးမှာဈေးငြိမ်နေပြီး မော်လမြိုင်နဲ့ရန်ကုန်မှာ ဈေးအနည်းငယ် မြင့်လာတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပြင်ပမှာ လက်လီရောင်း ချနေ တဲ့ဒီဇယ်၊ ဓာတ်ဆီ ပီပါဈေးများမှာလည်း ယခင်တစ်ပတ်ဈေးနှင့်နှိုင်းယှဉ်ကြည့်ရင် ရန်ကုန်မှာ ဓာတ်ဆီဈေး အနည်းငယ်ကျလာပြီး ဒီဇယ်ဈေးအနည်းငယ်မြင့်လာတယ်လို့ သိရပါ တယ်။ ရန်ကုန်ဈေးကွက်မှာ   ပုဂ္ဂလိက စက်သုံးဆီဆိုင်များမှာ   ရောင်းချနေတဲ့  အောက်တိန်း (၉၂)၊အောက်တိန်း (၉၅)မှာ ဈေးငြိမ်နေပြီး ဒီဇယ်နဲ့ အဆင်မြင့် ဒီဇယ် ဈေးနည်းနည်းတက်ခဲ့တယ်လို့သိရပါတယ်။
ဒီတစ်ပတ်ပုဂ္ဂလိက စက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဒီဇယ်၅၇၀ ကျပ်၊ အောက်တိန်း (၉၂) ၅၇၀ ကျပ်၊ အောက်တိန်း (၉၅) ၆၅၀ ကျပ်၊ အဆင့်မြင့်ဒီဇယ် ၆၀၀ကျပ်နဲ့ အရောင်းအဝယ်ဖြစ် တယ်လို့သိရပါတယ် ။ ဇွန်၂၇ ရက် ဒီဇယ်ဝယ်ဈေး ၁၁၀၀၀၀ ကျပ်၊  ရောင်းဈေး ၁၁၃၀၀၀ ကျပ်ဈေးရှိခဲ့ပြီး တစ်ပတ်လုံးဒီဈေးနဲ့ အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့ သိရ ပါတယ်။ ဓာတ်ဆီပီပါဈေးမှာ ဇွန် ၂၇ ရက်တွင်ဝယ်ဈေး ၁၂၄၀၀၀ ကျပ် ၊ ရောင်းဈေး ၁၂၈၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ ၂၈ ရက်မှာ ဝယ်ဈေး ၂၀၀၀ ကျပ်၊ ရောင်းဈေး ၃၀၀၀ ကျပ်ဈေးကျလာခဲ့ပြီး  အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါ တယ်။တစ်ဂါလန်ဈေးမှာ ဒီဇယ်ရော ဓာတ်ဆီပါ တစ်ဂါလန် ၃၀၀၀-၃၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။  မန္တလေးဈေးကွက်မှာ ဓာတ်ဆီ၊ ဒီဇယ်က ပုံမှန်အရောင်းအဝယ်ရှိနေပါတယ်။ ပုဂ္ဂလိကဆိုင်များတွင်ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ ၊ဒီဇယ်အဆင့်မြင့်ဒီဇယ် နဲ့ အောက်တိန်း မှာ   ဈေးငြိမ်ေ န တယ်လို့သိရပါတယ်။ ပုဂ္ဂလိကစက်သုံးဆီဆိုင်မှာ ရောင်းချနေတဲ့ဈေးမှာ ဓာတ်ဆီ တစ်လီတာ၆၇၀ ကျပ်၊ ဒီဇယ် ၆၀၀ ကျပ်၊အဆင့်မြင့် ဒီဇယ် ၆၄၅ကျပ်၊  အောက်တိန်း (၉၂) ၆၄၅ ကျပ်နဲ့ ရောင်းချနေပါတယ်။
 ပြင်ပ လက်လီဆိုင်များမှာ အရောင်းအဝယ်ဖြစ်နေတဲ့ ပီပါဈေးများမှာ ဇွန်၂၇ ရက်ဒီဇယ် ဝယ်ဈေး ၁၁၂၀၀၀ ကျပ်၊ ရောင်းဈေး ၁၁၄၀၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံး ဒီဈေးနဲ့အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ သိရပါတယ်။ ဓာတ်ဆီဈေးမှာ ဇွန် ၂၇ ရက်တွင် ဝယ်ဈေး ၁၂၅၀၀၀ကျပ်၊ ရောင်းဈေး ၁၂၈၀၀၀ ကျပ်နဲ့ အရောင်း အဝယ်ဖြစ်ခဲ့ရာ တစ်ပတ်လုံးဒီဈေးနဲ့ပဲ အရောင်းအဝယ်ဖြစ်တယ်လို့  သိရပါတယ်။ပြင်ပလက်လီဆိုင်များ တွင် တစ်ဂါလန်ဈေးမှာ ဒီဇယ်၂၆၀၀ ကျပ်၊ ဓာတ်ဆီ ၃၂၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်တယ်လို့ သိရပါတယ်။မော်လမြိုင်ဈေးကွက်မှာ ပုဂ္ဂလိကစက်သုံးဆီဆိုင်ရဲ့   ဓာတ်ဆီ၊ ဒီဇယ်နဲ့ အောက်တိန်းမှာ ဈေးငြိမ်နေတယ်လို့ သိရပါတယ်။ ဒီတစ်ပတ် ပုဂ္ဂလိကဆိုင်မှာ ရောင်းချနေတဲ့ ဈေးများက ဓာတ်ဆီတစ်ဂါလန်၃၀၀၀ ကျပ်၊ ဒီဇယ် တစ်ဂါလန် ၂၆၀၀ကျပ်၊ အောက်တိန်း ၂၆၀၀ ကျပ်နဲ့ ရောင်းချတယ်လို့ သိရပါတယ်။ ပြင်ပ လက်လီဆိုင်များမှာ ဓာတ်ဆီတစ်ဂါလန် ၃၁၀၀ကျပ်၊ ဒီဇယ်တစ်ဂါလန် ၂၇၀၀ကျပ်၊အောက်တိန်းတစ်ဂါလန် ၂၇၀၀ ကျပ်နဲ့ အရောင်းအဝယ်ဖြစ်နေတယ်လို့ သိရှိရပါ တယ်။                                                                                          

MIRT-DOT

Local Trade News

Pages