တရုတ်ပြည်နယ်စပ်သို့ တင်ပို့လျက်ရှိသော မြန်မာ့ဆန်အလားအလာ

Tue, 01/23/2018 - 04:42 -- admin_ygn

  မြန်မာနိုင်ငံအနေနဲ့ လယ်ယာစိုက်ပျိုးရေးကို အဓိကထားဆောင်ရွက်တဲ့နိုင်ငံဖြစ်သလို မြန်မာ နိုင်ငံရဲ့  ပို့ကုန်အများစုဟာလည်း  လယ်ယာ စိုက်ပျိုးရေးကထွက်ရှိသော လယ်ယာထွက်ကုန် များ ဖြစ်ပါတယ်။ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန၏နယ်စပ် စခန်းများအနက် မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေး ဇုန်သည် နယ်စပ်ကုန်သွယ်မှုပမာဏ လျာထား ချက်ရဲ့ ၇၅ ရာခိုင်နှုန်းဆောင်ရွက်နိုင်တဲ့ စခန်းဖြစ် သကဲ့သို့ မြန်မာ-တရုတ် နယ်စပ်ကုန်သွယ်ရေး အတွက် အချက်အချာကျပြီး အရေးပါတဲ့ ကုန် သွယ်ရေးဇုန်တစ်ခုလည်း  ဖြစ်ပါတယ်။ မူဆယ် (၁၀၅)မိုင်ကုန်သွယ်ရေးဇုန်မှ တစ်ဖက်နိုင်ငံသို့ အများဆုံးတင်ပို့နေတဲ့ လယ်ယာထွက်ကုန်ပစ္စည်း များထဲက ဆန်တင်ပို့မှုဟာလည်း ပို့ကုန်တင်ပို့မှုရဲ့ အဓိကအခန်းကဏ္ဍမှပါဝင်လျက်ရှိပါတယ်။မူဆယ်(၁၀၅)မိုင်  ကုန်သွယ်ရေးဇုန်မှတစ် ဖက်နိုင်ငံသို့ဆန်နှင့်ဆန်ကွဲတင်ပို့မှုအခြေအနေ မှာ ၂၀၁၄- ၂၀၁၅ ဘဏ္ဍာနှစ်တွင် ၁၂၀၂၈၅၃ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၄၄၆ သန်း၊ ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်တွင် ၁၀၃၅၁၈၇ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၇၄ သန်း၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ်တွင် ၆၂၇၄၈၉ တန်၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၈ သန်းဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလ မှဒီဇင်ဘာလ)အထိ ၁၀၁၆၀၄၆ တန်၊ တန်ဖိုး အားဖြင့်အမေရိကန်ဒေါ်လာ ၃၃၈ သန်း တင်ပို့ နိုင်ခဲ့သဖြင့် ယခုဘဏ္ဍာနှစ် သည် ယခင် ဘဏ္ဍာ နှစ်များနှင့်နှိုင်းယှဉ်ပါက ပိုမိုတင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရမှာ ဖြစ်ပါတယ်။
ယခင်နှစ်ကာလတူအနေဖြင့် ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်(ဧပြီလမှဒီဇင်ဘာလ)အထိ  ဆန်နှင့် ဆန်ကွဲတန်ချိန် ၁၀၁၆၀၄၆၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၃၃၈ သန်းဖြစ်ပြီး ၂၀၁၆-၂၀၁၇ ဘဏ္ဍာနှစ် (ဧပြီလမှ ဒီဇင်ဘာလ) အထိ ဆန်နှင့် ဆန်ကွဲတန်ချိန် ၃၈၀၇၈၉၊ တန်ဖိုးအား ဖြင့် အမေရိကန်ဒေါ်လာ ၁၃၃ သန်း ဆောင် ရွက်နိုင်ခဲ့ကာ ကာလတူနှင့် နှိုင်းယှဉ်ပါက၂၀၁၇- ၂၀၁၈ ဘဏ္ဍာနှစ်  (ဧပြီလမှ ဒီဇင်ဘာလ)အထိ ဆန်နှင့် ဆန်ကွဲတန်ချိန် ၆၃၅၂၅၇၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၀၅ သန်း ပိုမိုဆောင်ရွက် နိုင်ခဲ့ပါတယ်။
တင်ပို့နိုင်မှုယာဉ်စီးရေအနေဖြင့်  ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလမှဒီဇင်ဘာလ)အထိ ယာဉ်စီးရေ ၄၁၁၇၅ စီး ၊ ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် (ဧပြီလမှဒီဇင်ဘာလ)အထိ ယာဉ်စီးရေ ၁၃၇၂၇ စီးဖြစ်လို့ ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလမှဒီဇင်ဘာလ)အထိ ယာဉ်စီးရေ ၂၇၄၄၈ စီးပိုမိုခဲ့ပါတယ်။
မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ တင်ပို့ တဲ့ ဆန်အမျိုးအစားတွေကတော့ ဧည့်မထ ဆန် ၁၅ မှတ်၊ ဧည့်မထဆန်၂၅ မှတ်၊ ငစိန်ဆန် ၁၅ မှတ်၊ ငစိန်ဆန် ၂၅ မှတ်တို့ဖြစ်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် (ဧပြီလမှဒီဇင်ဘာလ)အထိ  ဧည့်မထ ဆန် ၂၅ မှတ်  ဆန်တန်ချိန် ၆၅၂၉၁၇ ဒသမ ၄၅၀ တန် ၊ တန်ဖိုးအားဖြင့် အမေရိကန်ဒေါ်လာ ၂၂၁ ဒသမ ၅၇၉ သန်းနဲ့ အများဆုံးတင်ပို့လျက် ရှိပြီး ဒုတိယအများဆုံးကတော့ ငစိန်ဆန် ၁၅မှတ် ဆန်တန်ချိန်  ၁၆၂၉၂၄ ဒသမ ၄၀ တန်၊ တန်ဖိုး အားဖြင့်  အမေရိကန်ဒေါ်လာ ၅၀ ဒသမ ၉၅၀  သန်းဖြစ်ပါတယ်။  နယ်စပ်ဒေသရောင်းဝယ်သည့် တစ်ဖက်နိုင်ငံကုန်သည်မှ  နေ့စဉ်ကိုယ်တိုင်လာ ရောက်ပြီး  မျက်မြင်ဆန်အရည်အသွေးကြည့်၍ ဝယ်ယူသည့်အတွက် မိမိကုန်သည်အနေဖြင့် ဆန် အရည်အသွေးအလိုက် ပစ္စည်းမှန်၊ ဈေးနှုန်းမှန် အခွင့်အရေးများရရှိပါတယ်။
ဆန်တင်ပို့မှုအနေဖြင့်    လး-မူဆယ် ကားခ ကုန်တစ်ပိဿာ ၆၅ ကျပ် ၊ ယာဉ်မောင်း ကျပ် ၁၂၀၀၀၀၊ ယာဉ်နောက်လိုက်ကျပ် ၄၀၀၀၀ ကျပ်ရရှိပြီး ကုန်သွယ်ရေးဇုန်အတွင်း အလုပ် သမားခတစ်တန်လျှင်ကျပ် ၈၀၀၊ ကိုယ်စားလှယ်ခ ကျပ် ၃၅၀၀၀ ဖြစ်ပါတယ်။ အတက်ကားအနေဖြင့် ကုန်တစ်ပိဿာလျှင် ၆၅ ကျပ် အနည်းဆုံးရရှိပါက အဆင်းကုန်မစောင့်ဘဲ   အတက်ကုန်တစ်မျိုး တည်းဖြင့် ကားသမားများအနေဖြင့်  တွက်ခြေ ကိုက်ကြောင်း တွေ့ရှိရပါတယ်။
ငွေလဲနှုန်းအနေနဲ့ယခင်ဘဏ္ဍာနှစ်တွင် တစ် ယွမ် ၁၉၀ ကျပ်ခန့်ဖြစ်သော်လည်း  ယခုဘဏ္ဍာ နှစ်တွင် ၂၀၃ ကျပ်ခန့်ဖြစ်ပြီး  ၁၃ ကျပ်ခန့်ပိုမိုခဲ့ ခြင်း၊  ယခင်ဘဏ္ဍာနှစ်တွင်  တစ်ဖက်နိုင်ငံမှ ပျမ်းမျှပေါက်ဈေးအနေဖြင့်  ဆန်တစ်တန်ယွမ် ၂၃၄၀ ခန့်၊ ယခုဘဏ္ဍာနှစ်တွင် ယွမ် ၂၆၀၀ ခန့် ဖြစ်ပြီးယွမ်၂၆၀ ခန့်ပိုမိုခဲ့ခြင်းတို့ကြောင့် ဆန်ကုန် သည်လုပ်ငန်းရှင်များအနေဖြင့် ယခုနှစ်ငွေလဲနှုန်း နှင့် တစ်ဖက်နိုင်ငံရောင်းဈေးများအရ  အမြတ် အစွန်းပိုမိုရရှိကြသဖြင့် ယခုဘဏ္ဍာနှစ်တွင် ဆန် တင်ပို့မှုများပြားလျက်ရှိကြောင်း တွေ့ရှိရပါတယ်။
နယ်စပ်မှတင်ပို့သည့်    ဆန်ကုန်သည်များ အနေဖြင့် ပင်လယ်ရေကြောင်းကုန်သည်များထက် တောင်သူများသို့  ပေါက်ဈေးအမှန်အတိုင်းပေး ဝယ်နိုင်ပြီး ဈေးကွက်သို့လည်း  အမြန်တင်ပို့နိုင် သည့်အတွက်Turn Over အမြန်ဆောင်ရွက်နိုင် ကြောင်း တွေ့ရှိရပါတယ်။   ဆန်ဈေးနှုန်းများ အနေဖြင့် မူဆယ်နယ်စပ်က  အများဆုံးတင်ပို့ လျက်ရှိတဲ့ ဧည့်မထဆန် ၂၅မှတ် နဲ့ငစိန်ဆန် ၁၅ မှတ်တို့ရဲ့ ပင်လယ်ရေကြောင်းဈေးနှုန်းနှင့်  နှိုင်း ယှဉ်ကြည့်ပါကလည်း ဧည့်မထဆန် ၂၅ မှတ်၏ ပင်လယ်ရေကြောင်းဈေးနှုန်း ပျမ်းမျှတစ်တန် လျှင် ၂၉၈ အမေရိကန်ဒေါ်လာဖြစ်ပြီး နယ်စပ် ဈေးနှုန်းပျမ်းမျှတစ်တန်လျှင် ၃၃၆ အမေရိကန် ဒေါ်လာ၊ ငစိန်ဆန်၂၅မှတ်၏ ပင်လယ်ရေကြောင်း ဈေးနှုန်းပျမ်းမျှတစ်တန်လျှင် ၂၉၄ အမေရိကန် ဒေါ်လာနှင့်နယ်စပ်ဈေးနှုန်း ပျမ်းမျှတစ်တန်လျှင် ၃၃၅ အမေရိကန်ဒေါ်လာဖြစ်ပြီး နယ်စပ်ဈေးကဈေးနှုန်းပိုမိုတဲ့အတွက် နိုင်ငံတော်မှအခွန်အခပိုမို ရရှိပါတယ်။
တရုတ်နိုင်ငံအနေဖြင့် များပြားလှတဲ့လူဦး ရေကြောင့် ပြည်တွင်းမှာ  စားသောက်ကုန်ပစ္စည်း များ မည်သို့ပင်အများအပြား   ထွက်ရှိပေမယ့် လည်း လယ်ယာထွက်ကုန်ပစ္စည်းတွေကတော့ လိုအပ်ချက်ရှိနေတဲ့   အခြေအနေဖြစ်ပါတယ်။  တရုတ်နိုင်ငံက ဆန်တင်သွင်းမှုကိုကန့်သတ်ထား ပေမယ့်လည်း နိုင်ငံရဲ့ ဆန်ဝယ်လိုအားကတော့ တစ်ရက်ကို ဆန်တန်ချိန် ၆၀၀၀ ခန့်လိုအပ်လျက်ရှိ နေပါတယ်။ မိမိနိုင်ငံကတင်ပို့မှုအများဆုံးဖြစ်တဲ့ ဧည့်မထဆန်တွေဟာ ပဲခူးတိုင်း (အရှေ့၊ အနောက်)၊ ဧရာဝတီတိုင်းနှင့်   စစ်ကိုင်းတိုင်းဒေသကြီးတို့မှ ထွက်ရှိပြီး တရုတ်ပြည်ကို မူဆယ်ကုန်သွယ်ရေး ဇုန်အပြင် ချင်းရွှေဟော်၊ လွယ်ဂျယ်ကုန်သွယ် ရေးစခန်းတို့မှလည်း တန်ချိန်များစွာနေ့စဉ်တင်ပို့ လျက်ရှိပါတယ်။
တရုတ်နိုင်ငံဘက်မှ ဝယ်ယူသောမြန်မာဆန် ငစိန်ဆန်၊ ဧည့်မထဆန်တွေကို ဆန်ခေါက်ဆွဲ၊ ဆန်ကြာဆန်မုန့်မျိုးစုံနဲ့အရက်ချက်ရာတွင်လည်းကောင်း၊ အရည်အသွေးညံ့ဆန်နှင့်ဆန်ကွဲတို့ကို တိရစ္ဆာန်အစားအစာတို့တွင်လည်းကောင်း အသုံး ပြုဖို့ ဝယ်ယူတာဖြစ်ပါတယ်။ မိမိနိုင်ငံဘက်မှ လည်း  ငစိန်ဆန်၊ ဧည့်မထဆန်စတဲ့ ဆန်ကြမ်းတွေ သာမက အရည်အသွေးမြင့်တဲ့ ဆန်ချောတွေ ကိုပါ တင်ပို့နိုင်ဖို့နဲ့တစ်ဖက်နိုင်ငံမှ ဝယ်လိုအား ရှိတဲ့ ဆန်စပါးမျိုးတွေကိုရွေးချယ် စိုက်ပျိုးတာ၊ မျိုးကောင်းမျိုးသန့် ရွေးချယ်စိုက်ပျိုးတာတွေ ဆောင်ရွက်ရန်လိုအပ်ပြီး  ခေတ်မီစက်ကိရိယာ များနှင့် ရိတ်သိမ်းခြင်း၊ ကြိတ်ခွဲခြင်းနှင့် စနစ်တကျ   ထုပ်ပိုးသိုလှောင်ခြင်းများ ဆောင်ရွက်ဖို့လည်း လိုအပ်ပါတယ်။
တစ်ဖက်နိုင်ငံသို့    ဆန်တင်ပို့မှုအနေဖြင့် တစ်ဖက်နိုင်ငံဝယ်ယူသူများ၏  ဆန်လိုအပ်ချက် များအရလည်းကောင်း၊ တရုတ်နိုင်ငံ၏ဈေးကွက် လိုအပ်ချက်အရ လည်းကောင်း၊ ဆန်အရောင်း အဝယ်ပြုလုပ်ရာတွင်   ပွင့်လင်းမြင်သာမှုရှိပြီး အရည်အသွေးပေါ်   မူတည်၍ ကြိုက်ရောင်း ကြိုက်ဝယ်စနစ်ဖြင့် ရောင်းချဝယ်ယူလျက်ရှိခြင်း၊ အသင်းအဖွဲ့အစည်း   ကုန်သည်လုပ်ငန်းရှင်ကြီး များမှအစ အလယ်အလတ် ကုန်သည်ငယ်အဆင့် အထိ ရောင်းဝယ်လုပ်ကိုင်နိုင်သော အခွင့်အလမ်း ရရှိပြီး စိုက်ပျိုးတောင်သူကိုယ်တိုင်ထွက်ရှိဆန် အား ကားတစ်စီးစာဖြင့် မူဆယ်မြို့သို့လာရောက် ရောင်းချနိုင်သောကြောင့် တောင်သူများလည်း အကျိုးအမြတ်ပိုမိုရရှိခဲ့ပါတယ်။
မြန်မာနိုင်ငံကတရုတ်နိုင်ငံကိုဆန်တင်ပို့ရာမှာ တရုတ်နိုင်ငံအနေနဲ့   သူတို့ရဲ့နိုင်ငံသားတွေ ပြည်တွင်းစိုက်ပျိုးထုတ်လုပ်မှုကို    ကာကွယ်တဲ့ အနေနဲ့ မြန်မာ့ဆန်ကိုအခွန်နှုန်းထားမြှင့်ပြီး ထိန်း ချုပ်ကန့်သတ်လေ့ရှိပါတယ်။ မြန်မာနိုင်ငံအတွက် အခွန်သက်သာစွာနဲ့တင်ပို့နိုင်တဲ့ ခွဲတမ်း(Quota)  နှစ်စဉ်သတ်မှတ်ပေးထားပြီး ခွဲတမ်း(Quota)  ပြည့် မီသွားရင်တော့ အခွန်ကိုအဆမတန်မြှင့်တင်ပြီး ကောက်ခံပါတော့တယ်။ ဒါကြောင့်မြန်မာနိုင်ငံ ကတင်ပို့သူတွေအနေနဲ့ မိမိတို့ရဲ့လယ်ယာထွက် ကုန်များဖြစ်သည့် ဆန်၊ ဆန်ကွဲ၊ ပြောင်း၊ ရော်ဘာ တို့အားတရုတ်နိုင်ငံသို့ (Quota)  စနစ်ဖြင့်တင်ပို့နေ ရခြင်းအစား  မြန်မာနိုင်ငံအတွက် (Quota) သတ်မှတ်ခြင်းမရှိဘဲ  တရားဝင်လွတ်လပ်စွာတင်ပို့ ခွင့်ပြုနိုင်ရေး ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၂၆ ရက် မှာပြုလုပ်ခဲ့တဲ့(၁၂)ကြိမ်မြောက် နှစ်နိုင်ငံနယ်စပ် ကုန်သွယ်မှု    ပူးပေါင်းညှိနှိုင်းရေးကော်မတ(JBTCCC)  အစည်းအဝေးမှာ  ဆွေးနွေးညှိနှိုင်း ထားရှိပါတယ်။ နှစ်နိုင်ငံနယ်စပ်ချင်းတရားဝင် တင်ပို့ခွင့်ရလာသည့်အခါတွင်လည်း မိမိဘက်စိုက် ပျိုးထုတ်လုပ်သူ    လုပ်ငန်းရှင်များအနေဖြင့် တစ်ဖက်နိုင်ငံ၏ ပြဋ္ဌာန်းထားရှိသော ဆန်အရည် အသွေး(AQSIQ)  အချက်အလက်များနဲ့အညီ တင်ပို့နိုင်ရေးအတွက်   မြန်မာ့ဆန်အားအရည် အသွေးမြှင့်တင်ခြင်း  လုပ်ငန်းများအား ပြင်ဆင် ဆောင်ရွက်သွားရမှာ ဖြစ်ပါတယ်။
    မြန်မာ့ဆန်ကို  တရုတ်နိုင်ငံမှဝယ်ယူနိုင်မည့် ဈေးကွက်ရှိနေတဲ့အတွက် စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာနအနေနဲ့ မိမိတို့ရရှိထား တဲ့ဈေးကွက်ရေရှည်တည်တံ့တိုးတက်ရေး၊ မိမိ တို့ရဲ့  စိုက်ပျိုးထုတ်လုပ်တင်ပို့သူတွေရဲ့ ရေရှည် အကျိုးစီးပွားအတွက် ကုန်သွယ်မှုအဆင်ပြေ ချောမွေ့အောင် နှစ်နိုင်ငံဆွေးနွေးပြီးအောက်ခြေ အဆင့်    ဆက်လက်ညှိနှိုင်းဆောင်ရွက်တာ၊ ပြည်တွင်းမှာ ဈေးကွက်သတင်းအချက်အလက် တွေကို အောက်ခြေအထိရောက်ရှိအောင်ဖြန့်ဖြူး ပေးတာ၊ ကုန်သည်လုပ်ငန်းရှင်အချင်းချင်းချိတ် ဆက်ပေးတာ၊ ပြည်တွင်းဈေးတည်ငြိမ်ရန်အတွက် ဆောင်ရွက်ပေးလျက်ရှိသလို တစ်ဖက်မှလည်း တရုတ်နိုင်ငံသို့တင်ပို့သည့် ဆန်ဈေးကွက်တစ်ခု တည်းကိုမှီခိုအားထား  တင်းတိမ်ရောင့်ရဲမနေဘဲ အခြားပြည်ပဈေးကွက်သို့လည်း အပြိုင်တင်ပို့နိုင် ရေးအတွက်သက်ဆိုင်ရာဌာနများ၊ ကုန်သည် လုပ်ငန်းရှင်များနှင့် စိုက်ပျိုးထုတ်လုပ်သူတောင် သူ ဦးကြီးများမှလည်း    စဉ်ဆက်မပြတ်ကြိုးပမ်း ဆောင်ရွက်ကြပါရန်   တိုက်တွန်းနှိုးဆော်လိုက် ရပါတယ်။

နီနီစံ

 

Local Trade News

Pages