ဈေးကွက်တွင်းသို့ ရှမ်းပဲပုပ်များဝင်ရောက်လာ

Fri, 09/22/2017 - 08:02 -- admin_ygn

ဈေးကွက်ဝင်သီးနှံ ပဲပုပ်လည်း ဈေးကွက်မှာအဝင်ရှိလာပါပြီ။ တောင်ကြီး ခရိုင်၊ စောဆီ၊ ကက္ကူ၊ ကျောက်တလုံးကြီးဘက်က ဝင်လာသလို ရပ်စောက်၊ တောင်နီ ဘက်ကလည်း အဝင်ရှိလာပါတယ်။  လင်းခေးခရိုင်၊ လဲချားနဲ့ မိုးနဲမှ ပဲပုပ်တွေလည်း ထွက်လာပြီလို့သိရပါတယ်။ လဲချားနဲ့ မိုးနဲကတော့ ရှမ်းရိုးရာအစာဖြစ်တဲ့ ပဲပုပ် ချပ်တွေပြုလုပ်ကြတာများပါတယ်။ တောင်ကြီးခရိုင်ဘက်ကထွက်တဲ့ ပဲပုပ်ကိုတော့ ပဲပြား၊ ပဲနို့ရည်၊ ပဲငံပြာရည် အဖြစ်  ပြုလုပ်ဖို့ အတွက် ဝယ်ယူပြီး အသင့်စားသုံးလို့ရ တဲ့ ပဲပုပ်လှော်အဖြစ် ပြုလုပ်ဖို့လည်း   ဝယ်ယူမှုရှိလို့ ဒေသတွင်းဈေးကွက်မှာပဲ အရောင်းအဝယ် ဖြစ်နေပါတယ်။အရင်ကတော့ ပဲပုပ်ဆီအဖြစ်  အသုံးပြုဖို့ ဝယ်ယူမှုရှိခဲ့ပေမယ့် အခုတော့ ဆီကြိတ်ပြီးရောင်းရတဲ့ ဈေးကွက်က သိပ်မရှိတော့ဘူးလို့လည်း သိရပါတယ်။ လဲချား၊ မိုးနဲ၊ မိုင်းကိုင်က ပဲပုပ် တွေကတော့ တောင်ကြီးဈေးကွက်ကို အဝင်သိပ်မရှိ ပါဘူး။ တောင်ကြီးဈေးကွက်မှာတော့ ပဲပုပ်ဈေးနှုန်းက အရည် အသွေးပေါ်မူတည်ပြီး အရောင်းအဝယ်ဖြစ်ပါတယ်။ ပစ္စည်းညံ့တာတွေကတော့  ကျပ် ၁၀၀၀ အောက် မှာရှိပြီး ခြောက်ပြီးအရည်အသွေးကောင်းရင် တစ်ပိဿာကို ကျပ် ၁၁၀၀ ရှိကြောင်း သိရပါ တယ်။                                            

    ဧဧခိုင်(တောင်ကြီး)

 

Local Trade News

Pages