ဈေးကျလာတဲ့ ပြည်ကြက်သွန်ဖြူအရောင်းအဝယ်သွက်

Tue, 03/07/2017 - 07:04 -- admin_ygn

ပြည်ကြက်သွန်ဖြူပွဲရုံများသို့ ရှမ်းစရော ကြူကုတ်စပါ အဝင်များနေပြီး၊ ဈေးလည်း ကျလာပါတယ်။ လက်လီအရောင်းအဝယ်သမားများက အိတ်ဆွဲများ လျက်ရှိနေတာကြောင့် အရောင်းအဝယ်လည်း  သွက်နေပါတယ်။ ယခုမတ်လ ပထမပတ်တွင် ကြက်သွန်ဖြူတစ်ပိဿာလျှင် (ပွဲရုံဈေး) ရှမ်းစ ကျပ် ၁၈၀၀ မှ ကျပ် ၄၅၀၀ အထိရှိပြီး ကြူကုတ်စက တစ်ပိဿာ ကျပ် ၄၅၀၀ ရှိပါတယ်။
ဒေသတွင်းလက်လီ တစ်ပိဿာ အရောင်းအဝယ်ဈေးနှုန်းတွေက ရှမ်းစ ကျပ် ၄၅၀၀ မှ ၄၈၀၀ ဈေးနှင့် ကြူကုတ်စကကျပ် ၅၀၀၀ ဈေးဖြင့်ရောင်းချလျက် ရှိပါတယ်။ အလုံးအရွယ်အစား ကောင်းမွန်ပြီး အစိုဓာတ်မရှိဘဲ အရည်အသွေး လည်းကောင်းမွန်တာ တွေ့ရပါတယ်။ ကြက်သွန်ဖြူ(အခြွေ)များလည်း အရောင်း အဝယ်သွက်လျက်ရှိပါတယ်။ တစ်ပိဿာရောင်းဈေး (အခြွေ)က ကျပ် ၄၈၀၀ ဈေးဖြင့် သုံးစွဲမှုများတာကြောင့် ဈေးကွက်မှာ အရောင်းအဝယ်သွက်နေ ပါတယ်။ ယခုတစ်ပတ်ပြည်ပွဲရုံများတွင် ဒေသတွင်းလက်လီသမားများ၊ ဟင်္သာတ၊ မြန်အောင်၊ ကြံခင်းနှင့် တိုင်းဒေသကြီးအတွင်း ဝယ်လက်များကြောင့် တစ်ပတ်အတွင်း ကြက် သွန်ဖြူ အိတ် ၃၀၀ ကျော် အရောင်းအဝယ်ဖြစ်ကြောင်း ဈေးကွက်မှသိရပါတယ်။
နီနီဝင်း

Local Trade News

Pages