ဆန်ချော(ရှယ်) အဝယ်လိုက်ပြီး အဝင်နည်းလို့ ဈေးတက်

Tue, 07/26/2016 - 08:47 -- admin_ygn

ယခုရက်သတ္တပတ်အတွင်း ရန်ကုန်ဝါးတန်းကုန်စည် ဒိုင်မှာ ဆန်ချောများအဝင်နည်းပြီး  ဈေးနှုန်းမြင့်တက်ခဲ့ပေ မယ့် ဆန်ကြမ်းဈေးတွေကတော့  ယခင်တစ်ပတ်အတိုင်းဈေး ငြိမ်နေပါတယ်။မူဆယ်ဆန်ဈေးကွက်မှာ ဆန်ကား အဝင် နည်း ပြီး အရောင်းအဝယ်ပါးနေတာကို တွေ့ရပါတယ်။လူကြိုက်များတဲ့ မြန်မာ့ဆန်ပေါ်ဆန်း(ရှယ်) အရောင်း အဝယ်ဖြစ်ပြီး အဝင်နည်းလို့ ဈေးအနည်းငယ်တက်သွားတယ် လို့ ရန်ကုန်မြို့ရဲ့ ဆန်ဈေးကွက်မှ စုံစမ်း သိရှိ ရပါတယ်။ ဝါးတန်းကုန်စည်ဒိုင်ရဲ့ ဇူလိုင်  ၂၁ ရက်ဈေးနှုန်းများအရ ဖျာပုံ ပေါ်ဆန်းဆန် ထိပ်စ တစ်အိတ်    ကျပ် ၃၅၅၀၀ နဲ့ လတ်စ တစ်အိတ်  ကျပ် ၃၃၀၀၀ ၊ မြောင်းမြပေါ်ဆန်းဆန်ထိပ်စ တစ်အိတ် ကျပ် ၃၇၀၀၀ နဲ့ လတ်စ တစ်အိတ်ကျပ်၃၅၀၀၀၊ နယ်စုံပေါ်ဆန်းဆန်တစ်အိတ်ကျပ် ၃၅၀၀၀နဲ့ လတ်စတစ် အိတ်ကျပ် ၃၂၅၀၀ဖြစ်လို့ တစ်အိတ်ကို ကျပ် ၅၀၀ မှ ကျပ် ၁၀၀၀ အထိဈေးတက်သွားပါတယ်။ ပေါ်ဆန်းဆန်ချော (ရှယ်) ကြီးတွေအဝင်နည်းပြီး အရောင်းအဝယ်ဖြစ်လို့  ဈေး တက်သွားတာလို့ ဝါးတန်းကုန်စည်ဒိုင်မှ သတင်းရရှိပါတယ်။ဆန်ကြမ်းဖြစ်တဲ့ ဧည့်မထဆန်ကတော့ ထိပ်စ တစ် အိတ် ကျပ် ၂၃၀၀၀ ၊ လတ်စတစ်အိတ်ကျပ် ၂၁၅၀၀၊ နွေသီး ထပ်ရှယ်   တစ်အိတ် လျှင်ကျပ် ၁၉၀၀၀ မှ ကျပ် ၁၉၈၀၀နဲ့ ယခင်တစ်ပတ်အတိုင်း  ဈေးငြိမ်နေပါတယ်။ နွေဆန်ရက် ၉၀ ကယခုတစ်ပတ်တစ်အိတ်လျှင် ကျပ် ၁၉၅၀၀ မှ ကျပ် ၂၁၅၀၀ ဖြစ်လို့ ကျပ် ၅၀၀ မှ   ကျပ် ၁၅၀၀ ခန့်ဈေးကျ လာပါတယ်။ မနောသုခဆန်တစ်အိတ်လျှင် ကျပ် ၂၆၀၀၀မှ ကျပ် ၂၇၀၀၀၊ ပြည်ပ ပို့ကုန် ဧည့်မထ  ၂၅ မှတ်ဆန်  တစ်အိတ် ကျပ် ၁၇၂၀၀ မှ ကျပ် ၁၇၅၀၀ နဲ့ ဈေးငြိမ်နေပါ တယ်။မူဆယ်ဆန်ဈေးကွက်မှာ ဇူလိုင် ၂၂ ရက်နေ့ဈေးနှုန်း အရ ဧည့်မထ ဆန် ၅ မှတ်  မှော်ဘီတစ်အိတ်လျှင်   ၁၄၃ မှ ၁၄၆ ယွမ်နဲ့ စူပါတစ်အိတ်လျှင်  ၁၄၆ မှ ၁၄၉ ယွမ်၊ ဧည့်မထ ၁၀ မှတ် မှော်ဘီတစ်အိတ်လျှင် ၁၃၈ မှ ၁၄၁ ယွမ်နဲ့ စူပါ တစ်အိတ်လျှင်  ၁၄၄ မှ ၁၄၅ ယွမ်၊  မနောသုခ ၂၅ မှတ် တစ် အိတ်လျှင်  ၁၃၀ မှ ၁၃၄ ယွမ်၊ ငစိန် ၅ မှတ် ဆန်တစ်အိတ် ၁၄၅ မှ ၁၄၇ ယွမ်၊ ငစိန် ၁၅ မှတ် ဆန်တစ်အိတ် ၁၄၀ မှ၁၄၃ ယွမ်၊ ငစိန် ၂၅ မှတ်ဆန်တစ်အိတ်  ၁၃၆ မှ ၁၃၈ ယွမ်နဲ့ ဈေးငြိမ်နေပါတယ် မိုးကလည်း တစ်ပတ်လုံး ရွာနေတာနဲ့  ကားသွားလို့ လည်း အဆင်မပြေတာကြောင့် မူဆယ်ကို ဆန်ကားတွေအဝင် နည်းပြီး အရောင်းအဝယ်လည်း နည်းသွား တယ်လို့ မူဆယ် ဆန်ဈေးကွက်မှ သိရှိရပါတယ်။ ဇူလိုင် ၁၅ ရက်မှ ၂၁ ရက် အထိ မူဆယ် ကုန်စည်ဒိုင်သို့ နယ်စုံမှ  နေ့စဉ် ပြည်တွင်းဆန် ပျမ်းမျှအဝင် တန်ချိန် ၆၀၀ ခန့်ရှိပြီး ရက်သတ္တပတ်အတွင်း တန်ချိန် ၄၂၀၀ ခန့်အဝင်ရှိတယ်လို့သိရပါတယ်။
              
       ယဉ်ယဉ်အေး

 

Local Trade News

Pages