စစ်ကိုင်းတိုင်းဒေသကြီး၊ ကူးသန်းရောင်းဝယ်ရေးနှင့် စားသုံးသူရေးရာဦးစီးဌာနရုံးတွင်းဝန်ထမ်းစွမ်းဆောင်မှုမြှင့်တင်ရေးသင်တန်းကျင်းပပြုလုပ်

Wed, 12/24/2014 - 14:29 -- admin_ygn

   စစ်ကိုင်းတိုင်းဒေသကြီး၊ ကူသန်းရောင်းဝယ်ရေးနှင့် စားသုံးရေးရာဦးစီးဌာနဝန်ထမ်းများဟာ ယခုအပတ်မှာတော့ ရုံးတွင်းဝန်ထမ်းစွမ်းဆောင်ရည်သင်တန်းကျင်းပခြင်း အားဖြင့် တစ်ဦး ချင်းစီရဲ့ Capacity Building ကို တည် ဆောက်နိုင်မှာဖြစ်ပါတယ်။ ဒီသင်တန်း ကိုတော့ တိုင်းဦးစီးမှူး ဦးခမ်လျန်စွမ်းနဲ့ ဦးစီးအရာရှိ ဦးသိန်းစိုးတို့က  ဦးဆောင် ပြီး စားသုံးသူရေးရာဝန်ထမ်း ၁၆ ဦး တို့ကို ရုံးလုပ်ငန်း၊ ဘာသာရပ်ဆိုင်ရာများနဲ့ အိုင်တီဘာသာရပ်များကို ဒီဇင်ဘာ ၁ ရက်နေ့မှ ၁၂ ရက်နေ့ထိ လေ့ကျင့်ခဲ့ပါတယ်။
   အဆိုပါ ရုံးတွင်းဝန်ထမ်းစွမ်း ဆောင်ရည်မြှင့်တင်ရေးလေ့ကျင့်မှုအစီအစဉ်မှာ ပထမပိုင်းအနေဖြင့် တိုင်းဦးစီးမှူး ဦးခမ်လျန်စွမ်းက ရုံးစာရေးသားနည်း၊ ကြေးနန်းစာရေးသား နည်းပုံစံ၊ ကွန်ပျူတာဘာသာရပ်၊ စားသုံးသူအကာကွယ်ပေးရေး ပညာပေးလုပ်ငန်းအတွက် လူထုဟောပြောနည်း (Public Speech) များ၊ Power Point Slide Show နဲ့ တင်ပြရှင်းလင်းခြင်း လေ့ကျင့်ခန်းများနဲ့ သတင်းရေးသားနည်းများ လေ့ကျင့်ပြီး တတိယပိုင်းအနေဖြင့် ဦးစီးအရာရှိ ဦးသိန်းစိုးမှ Network ချိတ်ဆက်နည်း၊ ကွန်ပျူတာ Folder ကူးနည်း၊ Internet, Online အသုံးပြုနည်းစသည့် ဝန်ထမ်းများသိသင့်သိထိုက်၊ တတ်သင့်တတ်အပ်တဲ့ အတတ် ပညာများကို သင်ကြားပို့ချခဲ့ပါတယ်။ ယခုလို ဝန်ထမ်းများအား သင်တန်းပို့ချ ခဲ့သည်မှာ မိမိတို့ဝန်ထမ်းများ စွမ်းဆောင်ရည် မြှင့်တင်သည့် အနေဖြင့် ရုံးတွင်းသင်တန်းများ ပြုလုပ်ရခြင်းဖြစ်ကြောင်း၊ စားသုံးသူအကာကွယ်ပေးရေးနှင့် ပတ်သက်သည့် ဘာသာရပ်အလိုက်ကျွမ်းကျင်မှုရှိအောင် စာတွေ့လက်တွေ့သင်ကြားမှုများပြုလုပ်ခဲ့ကြောင်း ဝန်ထမ်းများမှလည်း စိတ်ပါဝင်စားစွာနှင့် ကြိုးစားသင်ယူခဲ့ကြ ပြီး နောင်တွင်လည်း ရုံးတွင်းသင်ကြားမှုများ၊ လုပ်ထုံးလုပ်နည်း၊ ဝန်ထမ်းစည်းမျဉ်းစည်းကမ်းများကို စဉ်ဆက်မပြတ် ပြုလုပ်သွားမည် ဖြစ်ကြောင်း တိုင်းဦးစီးမှူးဦးခမ်လျန်စွမ်း က ပြောကြားခဲ့တယ်လို့သတင်းရရှိပါတယ်။ ယခုလို ဝန်ထမ်းများစွမ်းဆောင်ရည်သင်တန်းများ ဖွင့်လှစ်လေကျင့်သည့်အတွက် ဝန်ထမ်းတစ်ဦးချင်းစီရဲ့ မိမိကိုယ်ကို ယုံကြည်မှု အားကောင်းလာကြောင်း၊ ယခုခေတ်ကာလဟာ မီဒီယာဖြင့် မိမိဌာနရဲ့ လုပ်ဆောင်ချက်ကို ပြည်သူလူထုအားအသိပေးတဲ့ ခေတ်ဖြစ်တဲ့အတွက် သတင်းပညာလည်း လေ့ကျင့် ပြီးသားဖြစ်ကြောင်း၊ အထူးသဖြင့် မိမိတို့ဌာနရဲ့ အဓိကအလုပ်ဟာ စားသုံးသူပြည်သူတွေကို ပညာပေးခြင်းဖြစ်တဲ့အတွက် လူထုဟောပြောနည်း (Public Speech) လည်း လေ့ကျင့်ပေးတဲ့အတွက် လာမယ့် ဟောပြောပွဲတွေမှာများစွာ အထောက်အကူပြု မယ်လို့ ယုံကြည်ပါကြောင်းတင်ပြလိုက်ရပါတယ်။   

ကေသီအောင်(စစ်ကိုင်း)စားသုံးသူ

Local Trade News

Pages