ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ဈေးကွက်ရရှိနေသော မြန်မာ့ထန်းလျက်

Thu, 10/20/2022 - 05:06 -- mocadmin

  မြန်မာနိုင်ငံမှ ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ လယ်ယာထွက်ကုန်ပစ္စည်းများ၊ ရေထွက်ပစ္စည်းများနှင့် စက်မှုကုန်ချောပစ္စည်းများကို တင်ပို့ရာတွင် ထန်းလျက်သည်လည်း ပို့ကုန်အမယ် တစ်ခုအနေဖြင့် ပါဝင်လျက်ရှိသည်။

  ၂၀၂၁ ခုနှစ်၊အောက်တိုဘာလမှ မတ်လအထိ (၆) လတာကာလအတွင်း ထန်းလျက် (၆၄.၅) တန် တင်ပို့နိုင်ခဲ့သည်။ ၂၀၂၂-၂၀၂၃ ဘဏ္ဍာနှစ်(ဧပြီလမှ စက်တင်ဘာလအထိ) ထန်းလျက်တန်ချိန် (၆၄) တန် တင်ပို့နိုင်ခဲ့သောကြောင့် မြန်မာ့ထန်းလျက် ထုတ်လုပ်သူများအနေဖြင့် အလားအလာကောင်းများရှိနေကြောင်း သိရှိရသည်။ ၁၉-၁၀-၂၀၂၂ ရက်နေ့ (၁၁:၀၀) အချိန် ပြင်ပငွေလဲနှုန်း မှာ (၁) ဒေါ်လာလျှင် (၂၈၂၅)ကျပ်၊ (၁)ဒေါ်လာလျှင် (၁၁၃)တာကာ၊ (၁) တာကာ လျှင် (၂၅.၀၀) ကျပ်ရှိကြောင်း သတင်းရရှိသည်။

International Trade News

Pages