Invoice တွင်ပါဝင်သော အချက်များအား ပြည့်စုံစွာ ဖော်ပြပေးခြင်းဖြင့် MACCS စနစ် အကောင်ထည်ဖော်မှုကို အထောက်အကူပြုနိုင်

Tue, 11/08/2016 - 05:02 -- admin_ygn

      အကောက်ခွန်ဦးစီးဌာနအနေဖြင့် ၂၀၁၆ ခုနှစ် နိုဝင်ဘာလ ၁၂ ရက်မှစ၍ ASEAN  SINGLE WINDOW (ASW) အထောက်အကူပြု အကောက်ခွန် ရှင်းလင်းရေး ကိစ္စ ရပ်များအား Myanmar Automate Cargo Clearance System (MACCS) စနစ်ဖြင့်အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ရာ အဆိုပါစနစ်တွင် ကုန်သွယ်ရေး ဦးစီး ဌာနမှ Electronic Data များဖြင့် ပေးပို့ချိတ်ဆက် ပူးပေါင်းဆောင်ရွက်ပေးသွားရမည် ဖြစ်ပါသည်။ လက်ရှိအခြေအနေတွင် CMP (အထည်ချုပ်) သွင်းကုန်လိုင်စင်များတွင် ကုန် ပစ္စည်း အမယ်(Item) များပြားမှုနှင့် ရေတွက်ပုံ (Unit Code) သုံးစွဲမှုများပြားခြင်းကြောင့် လိုင်စင်လျှောက်ထားမှုများကို လက်ခံဆောင်ရွက်ပေးရာတွင် ပစ္စည်းစာရင်းအေ သးစိ တ်ကို နောက်ဆက်တွဲစာရင်းဖြင့် ဆောင်ရွက်ပေးနေရပါသည်။ ယင်းသို့ဆောင်ရွက်နေခြင်းသည် MACCS စနစ်၌ လိုင်စင်လျှောက်ထားမှု၏ လုံးပေါင်းငွေတန်ဖိုးကိုသာ ဖော်ပြ ပြီး ပစ္စည်းတစ်ခုချင်း အသေးစိတ်စာရင်းနှင့် အသေးစိတ်ငွေ တန်ဖိုးစာရင်းအား ဖော်ပြပေးနိုင်ခြင်းမရှိသဖြင့် MACCS စနစ်ကို အကောင်အထည်ဖော်ရန်အတွက် အခက်အ ခဲ ဖြစ်ပေါ်နေပါသည်။ မကြာမီရက်ပိုင်းအတွင်း MACCS စနစ်အား မဖြစ်မနေ စတင်အကောင်အထည်ဖော်ဆောင်ရွက်တော့မည်ဖြစ်ရာ CMPစနစ်ဖြင့် လိုင်စင်လျှောက်ထား ေ ဆာင်ရွက်နေသူများနှင့် မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင်၏ ခွင့်ပြုချက်ဖြင့် လိုင်စင်လျှောက်ထားနေသော ကုမ္ပဏီများအနေဖြင့် ယခင်ကကဲ့သို့ နောက်ဆက်တွဲ စာ ရင်းဖြင့် လိုင်စင်လျှောက်ထားမှုကို လက်ခံ တော့ မည် မဟုတ်ဘဲ Invoice တွင် ပါဝင်ရမည့် အချက်များအား ပြည့်စုံစွာ ဖော်ပြပေးခြင်းဖြင့် MACCS စနစ်အောင်မြင်စေရေး အတွက် ဝိုင်းဝန်းပူး ပေါင်းဆောင်ရွက်ကြရမည် ဖြစ်ပါသည်။
        Invoice တွင်ပါဝင်ရမည့်အချက်များမှာ(၁) ကုန်ရောင်းသူ ကုန်ဝယ်သူလိပ်စာများ၊ (၂) ကုန်ပစ္စည်းအမျိုးအမည် (Description of Goods)၊(၃) စံချိန်စံညွှန်း (Specification) ကုန်အမှတ်တံဆိပ် (Brand)၊ (၄) ရေတွက်ပုံ / အရေအတွက် (Unit Code/ Quantity))၊ (၅) ဈေးနှုန်း (Unit Price)၊ (၆) စုစုပေါင်းတန်ဖိုး (Total Amount)၊ (၇) ပင်ရင်းနိုင်ငံ (Country of Origin)၊ (၈)ကုန်တင်ဆိပ်ကမ်း (Country of  Loading) ၊ (၉) ကုန်ချဆိပ်ကမ်း (Port of Discharge)၊ (၁၀) ငွေပေးချေမှုစနစ် (Payment of Destination)၊ (၁၁) သင်္ဘောတင်နည်းလမ်း (Mode of Transport/ Method of Shipment)၊ (၁၂) ဘဏ်အမည် (Bank Name)၊ (၁၃) သင်္ဘောတင်ကာလ (Shipment Date/ Shipment Period) စသည်တို့ ဖြစ်ကြောင်းသိရသည်။

 

SWM

Local Trade News

Pages