Contract Farming စနစ်ဖြင့် ကုလားပဲများစိုက်ပျိုး

Tue, 10/31/2017 - 05:01 -- admin_ygn

       ပြည်ပဈေးကွက်ရှိပြီး ဈေးကောင်းရသည့်ပဲများကိုသာ စိုက်ပျိုးမှုများပြားတဲ့ မြင်းခြံခရိုင်မှာ ပြည်ပဈေးကွက်ဝင်သီးနှံ များဖြစ်တဲ့ ပဲစင်းငုံ၊ မတ်ပဲနဲ့ ပဲတီစိမ်းတို့ကို အိန္ဒိယနိုင်ငံမှ ပဲတင်သွင်းမှု မူဝါဒပြောင်းလဲမှုကြောင့် ဈေး ကွက်ပျက်ပြီး စိုက်ပျိုးသူ၊ တင်ပို့သူ၊ ရောင်းချသူတွေအနေနဲ့ ရတက်မအေး ဖြစ်ကြရပါတယ်။ ဒါကြောင့် မြင်းခြံခရိုင်မှ တောင်သူများ အနေနဲ့ မတ်ပဲ၊ ပဲတီစိမ်းစိုက်ပျိုးတဲ့နေရာမှာ တောင်သူတွက် ခြေကိုက်တဲ့ ဈေးကွက်ဝင်သီးနှံ များ အစားထိုး စိုက်ပျိုးနိုင်ရေး အတွက် မိမိဒေသနဲ့ကိုက်ညီတဲ့အပြင် ပြည်တွင်းဈေးကွက် သာမက ပြည်ပဈေးကွက်မှာပါ တွင်ကျယ်ပြီးဖြစ်တဲ့ကုလားပဲ ကို အစားထိုးစိုက်ပျိုးဖို့ တောင်သူတွေအနေနဲ့ စိတ်ဝင်စား လာပါတယ်။
မြင်းခြံခရိုင်အတွင်းရှိ တောင်သူလယ်သမားများ ဝင်ငွေတိုးတက်ရရှိပြီး စီးပွားရေး ဖွံ့ဖြိုးတိုးတက်စေရန် အတွက် ဈေးနှုန်းအာမခံချက်ရရှိရေး၊ သီးနှံအရည်အသွေး မြင့်မားရေး၊ အထွက်နှုန်းတိုးတက်ရေးနှင့် GAP စနစ်နှင့် အညီ နိုင်ငံတကာဈေးကွက်သို့ ထိုးဖောက်၍ ပြည်ပပို့ကုန်  တိုးမြှင့်နိုင်ရေးအတွက် မြင်းခြံမြို့ ကိုးသုံးလုံးမဟာသမာဓိ ရောင်းဝယ်ရေး ကုမ္ပဏီလီမိတက်နဲ့ ကုလားပဲစိုက် တောင်သူ များဟာ Contract Farming စနစ်နဲ့ အကျိုးတူပူးေ ပါင်း ဆောင်ရွက်လျက် ရှိပါတယ်။
        ကိုးသုံးလုံးမဟာသမာဓိကုမ္ပဏီအနေနဲ့ အကျိုးတူ ပူးပေါင်းဆောင်ရွက်တဲ့ တောင်သူတွေကိုမျိုးတစ်တင်း ကျပ် ၆၅၀၀၀ ဈေးရှိတဲ့ အထွက်နှုန်းမြင့်မားသော ရေဆင်း ၈ နဲ့ ရေဆင်း ၁၂ မျိုးတို့ကို ဖြန့်ဝေပြီးဖြစ်ပါသည်။ ပံ့ပိုးမှုအနေနဲ့ ဓာတ်မြေသြဇာ၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ သွင်းအားစုများ အတွက် တန်ဖိုး ကျပ် ၉၁၀၀၀ နဲ့ ကျပ် ၈၃၀၀၀ တန်ဖိုးရှိတဲ့ သွင်းအားစုနှစ်မျိုးအနက်မှ  တောင်သူအနေနဲ့ မိမိနှစ်သက် ရာတစ်မျိုးကို ရွေးချယ်ရယူနို င်ကြောင်းနဲ့ မျိုးတစ်တင်းပေး၊ တစ်တင်းခွဲယူစနစ်နဲ့ ဆောင်ရွက်လျက်ရှိကြောင်း သိရှိရပါ တယ်။ ကုလားပဲ တစ်ဧကကုန်ကျစရိတ် ကျပ်၂၇၅၀၀၀ မှာ အထွက်တိုးမျိုးကို စိုက်တာဖြစ်တဲ့အတွက် တစ်ဧကအထွက် နှုန်းတင်း ၂၀၊ ၂၅ တင်းခန့်ထွက်ဖို့ ခန့်မှန်းထားကြောင်းနဲ့ လက်ရှိပေါက်ဈေးတစ်တင်းကျပ် ၃၈၀၀၀ နှုန်းနဲ့ဆို တစ်ဧက ကျပ် ၉၅၀၀၀၀  လောက်ပြန်ရမှာဖြစ်လို့ တစ်ဧက ကျပ် ၆၇၅၀၀၀  လောက် အကျိုးအမြတ်ရရှိမှာ ဖြစ်တယ်လို့လည်း သိရ ပါတယ်။ ကျေးရွာတွေမှာ Contract Farming စနစ်နဲ့ ကုလားပဲ စိုက်ပျိုးဖို့ စိုက်ပျိုးရေးဦးစီးဌာနနဲ့ညှိနှိုင်း၍ ကုလားပဲစိုက်ဧက ၃၀၀ လောက် လျာထားခဲ့ပါတယ်။ ယခုလက်ရှိ ကုလားပဲ စိုက်ပျိုးပြီးစီးမှုအနေနဲ့ မြင်းခြံမြို့နယ် တလု ပ်ကျေးရွာမှာ ဧက ၇၀ ၊ တောပု ၁၇ ဧက၊ ထနောင်တိုင် ၁၄ ဧကနဲ့ သစ်ပင် ရှည် ၅ ဧက၊ စုစုပေါင်း ၉၆ ဧကစိုက်ပျိုးထားရှိပြီးဖြစ်ပါတယ်။ ဆက်လက်ဆောင်ရွက်မယ့် အစီအစဉ်က ဧက၂၀၀ တိုးချဲ့စိုက်ပျိုးသွားမှာဖြစ်ပြီး စိုက် ပျိုးရေးဦးစီးဌာနနဲ့ ချိတ်ဆက် ဆောင်ရွက်လျက်ရှိပါတယ်။ ထနောင်းတိုင်ရွာမှာ ဧက ၁၀၀၊ ငါ့နန်းကျေးရွာမှာဧက ၅၀ နဲ့ ကျန်ဧက ၅၀ ကိုတော့ စိုက်ပျိုး ရေးဦးစီးဌာနက ချိတ်ဆက်ပေးမယ့် ကျေးရွာတွေမှာ တိုးချဲ့ စိုက်ပျိုးသွား မှာ ဖြစ်ပါတယ်။
            ကုလားပဲ(ဆောင်း)ကို  တချို့တောင်သူတွေက အောက်တိုဘာလလောက်မှာ စိုက်ပေမယ့် တချို့တောင်သူ တွေကတော့ စပါးရိတ်သိမ်းပြီးမှ စိုက်ကြတာရှိပါတယ်။ မြင်းခြံခရိုင်အနေနဲ့ ကုလားပဲကို ၂၀၁၅-၂၀၁၆ ခုနှစ် စိုက် ဧက ၃၆၁၅၀ မှာ အထွက်နှုန်း ၁၁ တင်းခန့်နဲ့ အထွက်တင်း ပေါင်း ၄၀၀၀၀၀ ခန့် ထွက်ရှိခဲ့ပြီး ကုလားပဲတစ်ပိဿာဈေး ကျပ်၂၁၀၀ ဝန်းကျင်ခန့်ရှိခဲ့ပါတယ်။ ၂၀၁၆-၂၀၁၇ ခုနှစ်မှာ တော့ ကုလားပဲစိုက်ဧက ၃၅၈၁၂ ဧက စိုက်ပျိုးပြီးအထွက်တင်းပေါင်း  ၃၉၀၀၀၀ လောက် ထွက်ရှိခဲ့ပါတယ်။ ကုလားပဲ တစ်ပိဿာဈေးကတော့ ကျပ် ၂၄၀၀ ဈေးအထိရှိခဲ့ပါတယ်။ မြင်းခြံခရိုင်အနေနဲ့ ဒီနှစ်ကုလားပဲ (ဆောင်း)ကို ၂၀၁၇ ခုနှစ် အောက်တိုဘာလနောက် ဆုံးပတ်အထိ လျာထား စိုက်ဧက ၃၂၀၀၀ နီးပါးမှာကွင်းဆင်းဒေသ အမှန်စာရင်း အနေနဲ့ ဧက ၁၆၀၀ နီးပါး စိုက်ပျိုးပြီးဖြစ်ပါတယ်။ ကုလားပဲ (ဆောင်း)ကို အောက်တိုဘာလ၊ နိုဝင်ဘာလများမှာ စတင် စိုက်ပျိုးကြပြီး ဖေဖော် ဝါရီ၊ မတ်နဲ့ ဧပြီလများမှာ ရိတ်သိမ်း ကြပါတယ်။ ကုလားပဲဟာ ပြည်တွင်းမှာထွက်တဲ့ ပဲမျိုးစုံ အနက် လူကြိုက်အများဆုံးပဲဖြစ်ပြီး ခွန်အားလည်းဖြစ်စေတဲ့အတွက် ပြည်တွင်းဈေးကွက်သာမက ပြည်ပဈေးကွက်ပါ တွင်ကျယ်တဲ့ေ ဈးကွက်ဝင် သီးနှံဖြစ်လို့ စိုက်ပျိုးသင့်တဲ့သီးနှံ ဖြစ်သလို တောင်သူရောကုန်သည်ပါ နှစ်ဦးနှစ်ဖက်အကျိုး ရှိတဲ့ Contract Farming စနစ်များလည်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ထွန်းပေါ်ပေါက်လာစေရန် စုစည်းတင်ပြလိုက်ရပါတယ်။

 

မျိုးသီတာ(မြင်းခြံ)

Local Trade News

Pages