သြဂုတ်လဒုတိယပတ် မုံရွာကုန်စည်ဒိုင် ပဲဈေးကွက်တွင် လက်ကျန်ပဲနည်းလာလို့ ကုလားပဲဈေးဆက်မာ

Tue, 08/15/2017 - 03:50 -- admin_ygn

        သြဂုတ်လဒုတိယပတ်တွင် မုံရွာကုန်စည်ဒိုင်ရဲ့ ပဲမျိုးစုံဈေးကွက်မှာ ပြည်ပဝယ်လိုအားနည်းသွားပေမယ့် ပြည်တွင်း သုံးဝယ်လိုအားမြင့်နေဆဲမို့ ဈေးဆက်လက်မာခဲ့တာတွေ့ရပါတယ်။ ယခုတစ်ပတ် ကုလားပဲဖြူလုံးကြီး တ စ်တင်းလျှင် ကျပ်  ၄၂၅၀၀၊  ထိုင်ဝမ်တစ်တင်းလျှင် ကျပ် ၄၀၀၀၀၊  ၉၂၉ တစ် တင်းလျှင်ကျပ်၄၀၅၀၀အထိ ဈေးအသီးအသီးမာနေပြီးဒေသတွင်းနှင့် မန်းဝယ်လက်အဆွဲရှိတာကြောင့်  တစ်ရက်အိတ် ၈၀၀မှ၇၀၀ကြား အရောင်းအ ဝယ်ဖြစ်တယ်လို့ သိရပါတယ်။ ယခုတစ်ပတ်မှာ ငုံနီတစ်တင်းလျှင် အမြင့်ဆုံးဈေး ၁၇၇၀၀ကျပ်ဝန်းကျင်ရှိပြီး ကျဈေးဖြင့် ဈေးအေးနေကာ တစ်ရက်အိတ် ၈၀၀-၁၀၀၀-၂၀၀၀ ဖြင့် ပုံမှန်မဟုတ်ဘဲအရောင်း အဝယ်မငြိမ်ဖြစ်နေတယ် လို့ ကုန်သည်ရပ်ကွက်ကဆိုပါတယ်။
        ယခုတစ်ပတ် စိမ်းကြီးဈေးကွက်မှာတော့ ပြည်ပဝယ်လက်ပါးခဲ့ကာ ဒေသတွင်းလှောင်လက်သမားများ အနည်းငယ်သာဝယ်ယူမှုရှိလို့ တစ်ရက်အိတ်၂၀၀မှ ၄၀၀ကြား အရောင်းအဝယ်ဖြစ်ခဲ့ကာ ပဲအရည်အသွေးပေါ် မူတည် ၍ တစ်တင်းလျှင် ပေါက်ဈေး ၂၈၀၀၀ မှ ၃၃၅၀၀ ကျပ်အထိ ဈေးအေးသွားခဲ့ပါတယ်။ယခုတစ်ပတ် မတ်ပဲဈေးကွက်မှာတော့ ပြည်ပဝယ် လက်ဆွဲအားကောင်း၍  ဒေသတွင်းနှင့် ပြည်တွင်းဝယ်လက် ပုံမှန်ရှိခဲ့လို့ တစ်တင်း ၂၅၃၀၀ ကျပ်ဖြင့် ဈေးအနည်းငယ်မြင့်တက်ခဲ့ပြီး တစ်ရက်အိတ် ၂၀၀ခန့် ပုံမှန်အရောင်းအဝယ်ဖြစ်ခဲ့တယ်လို့သိရပါတယ်။ ကျန်ဒေသသုံး ပဲလက်လီဈေးကွက်အနေနဲ့ ပဲအများစု ဈေးဆက်လက်ငြိမ်နေခဲ့ရာ စွန်တာနီတစ်တင်းလျှင် ကျပ် ၂၈၀၀၀မှ ၂၈၃၀၀၊ ပဲနီလုံးကြား တစ်တင်းလျှင် ကျပ် ၃၁၀၀၀၊ ပဲကြီးတစ်တင်းလျှင် ကျပ် ၅၃၀၀၀ မှ ၅၅၀၀၀၊ ပုဂံပဲ တစ်တင်း လျှင် ကျပ် ၄၀၀၀၀၊ ပဲပုပ်စေ့ တစ်တင်းလျှင် ကျပ် ၃၁၅၀၀ ၊ ထောပတ်ပဲ  တစ်တင်းလျှင် ကျပ် ၃၀၀၀၀၊ မြေထောက်ပဲ တစ်တင်းလျှင် ကျပ် ၃၂၀၀၀မှ ၃၅၀၀၀၊ ပဲယင်းတစ်တင်းလျှင် ကျပ် ၁၉၂၀၀ အသီးသီးပေါက်ဈေးဖြစ်ခဲ့ကာ ပဲတစ်မျိုးလျှင် အိတ် ၁၀၀ နှင့် အိတ် ၁၅၀အကြား အရောင်းအဝယ်ဖြစ်ခဲ့တယ် လို့ မုံရွာကုန်စည်ဒိုင်မှ လေ့ လာသိရှိရပါတယ်။

 

လင်းလင်းသန့်

Local Trade News

Pages