လယ်ယာထွက်ကုန်ပစ္စည်းများဆိုင်ရာ ဆန်စပါး၊ သကြားနှင့်ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့သူများအား ပို့ကုန်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းနှင့် ကုန်သွယ်မှုလျင်မြန်ချောမွေ့စေရေးဆိုင်ရာသင်တန်း ဖွင့်လှစ်မည်

Tue, 12/05/2017 - 08:05 -- admin_ygn

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ မြန်မာကုန် သွယ်မှုမြှင့်တင်ရေးအဖွဲ့နှင့် နိုင်ငံတကာကုန်သွယ်မှုဗဟိုဌာန (ITC)တို့ပူးပေါင်း၍ လယ်ယာထွက်ကုန်ပစ္စည်းများဆိုင်ရာ ဆန်စပါး၊ သကြားနှင့် ရေထွက်ကုန်ပ စ္စည်းများ  တင်ပို့ရောင်းချနေသည့် ကုမ္ပဏီများအားပို့ကုန်စွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ သင်တန်း နှင့်ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာ သင်တန်းတို့ကို ရန်ကုန်မြို့၊ နိုဗိုတယ်ဟိုတယ်မက်စ်၌ ဒီဇင်ဘာ ၅ ရက်မှ ၈ ရက် အထိ ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း သိရသည်။
         ဒီဇင်ဘာ  ၅ ရက်တွင် ဆန်စပါးနှင့် သကြားထုတ်လုပ်တင်ပို့သည့် လုပ်ငန်းရှင်များအားလည်းကောင်း၊ ဒီဇင်ဘာ ၆ ရက်တွင် ရေထွက် ကုန်ပစ္စည်းထုတ်လုပ်တင်ပို့သည့် လုပ်ငန်းရှင်များအားလည်းကောင်း၊ ဒီဇင်ဘာ ၇ ရက်နှင့် ၈ ရက်တို့တွင် ဆန်စပါး၊ ပဲ၊ သကြား၊ ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့နေသူများ၊ ကုန်စည်ဝန်ဆောင်မှုဆိုင်ရာ အသင်းအဖွဲ့များနှင့် သက်ဆိုင်ရာဌာနများဖြစ်သည့် အကောက်ခွန်၊ စီးပွားရေးနှင့် ကူးသန်းရောင်း ဝယ်ရေး ဝန် ကြီး ဌာန၊ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာနတို့မှ  ဘာသာရပ်ဆိုင်ရာ ကျွမ်းကျင်သူများအား ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာ သင်တန်းကိုလည်းကောင်း သင်ကြားပို့ချပေးသွား မည်ဖြစ်သည်။
        ပို့ကုန်စွမ်းဆောင်ရည်မြှင့်တင်ရေးသင်တန်းတွင် ပို့ကုန်လုပ် ငန်းရှင်များအတွက် အလားအလာရှိသော လယ်ယာထွက်ကုန်ပစ္စည်း များနှင့် ရေထွက်ကုန်ပစ္စည်းများ ယှဉ်ပြိုင်နိုင်စွမ်းရှိစေရန် အားကိုး အားထားပြုနိုင်သည့် သတင်းအချက်အလက်များနှင့် ဈေးကွက်ဝင် ရောက်ရန် လိုအပ်ချက်များအား ဆွေးနွေးပို့ချပေးသွားမည်ဖြစ်ပါသည်။ သင်တန်းသို့ လယ်ယာထွက်ကုန်ပစ္စည်းလုပ်ငန်း ကုမ္ပဏီမှ ကိုယ်စားလှယ် ၄၀ ဦးနှင့် ရေထွက်ကုန်ပစ္စည်း ထုတ်လုပ်တင်ပို့သည့် လုပ်ငန်းကုမ္ပဏီများမှ ကိုယ်စားလှယ် ၄၀ ဦးတို့ တက်ရောက်ကြမည် ဖြစ်ကြောင်း သိရှိရပါသည်။ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေးဆိုင်ရာ သင်တန်းတွင် နယ်စပ်ဖြတ်ကျော် လုပ်ထုံးလုပ်နည်းများ ပွင့်လင်းမြင်သာမှုပိုမိုဖြစ် ပေါ်စေရေး၊ ကုန်သွယ်မှု လျင်မြန်ချောမွေ့စေရေး သဘောတူညီချက် အရ သတင်းအချက်အလက်ရရှိနိုင်မှု မြှင့်တင်နိုင်ရေး၊ မျှတသော ကုန်သွယ်မှုကို ဖြစ်ပေါ်စေရေးတို့ကို အဓိကဆွေးနွေးပို့ချသွား မည် ဖြစ်ပြီး သင်တန်းသို့ အစိုးရ-ပုဂ္ဂလိကကဏ္ဍတို့မှ စုစုပေါင်းကိုယ်စား လှယ် သင်တန်းသား ၅၀ ဦးခန့် တက်ရောက်မည်ဖြစ်ပါသည်။

 

မြတ်မြတ်စိုးမိုး (Myantrade)

Local Trade News

Pages