ရှင်စောပုယာဉ်ရပ်နားစခန်း ပြောင်းရွှေ့ရမည့်ကိစ္စ အဆုံးအဖြတ်ကို အောက်တိုဘာ ၁၅ ရက်တွင် သိရမည်

Fri, 10/14/2016 - 06:50 -- admin_ygn

      ရန်ကုန်မြို့၊ စမ်းချောင်းမြို့နယ်၊ ရှင်စောပုလမ်းပေါ်ရှိ ရှင်စောပု ကားရပ်နားစခန်း၏ ကန်ထရိုက်ယူထားသော သက်တမ်းပြည့်သွားခဲ့ သဖြင့် အခြားတစ်နေရာသို့ ပြောင်းရွှေ့ပေးရမည်ဟု သတင်းများပေါ် ထွက်လာခဲ့သည်။
ကန်ထရိုက်သက်တမ်းမှာ လွန်ခဲ့သည့် ဖေဖော်ဝါရီလခန့်ကတည်းက ပြည့်သွားခဲ့ခြင်းဖြစ်ပြီး လက်ရှိကန်ထရိုက်ယူထားသူမှ နောက်ထပ် သက် တမ်းတိုးရန် အခက်အခဲရှိနေကြောင်းနှင့် လက်ရှိအချိန်တွင်အရေအတွက် များပြား လှသောကားများကို ပြောင်းရွှေ့ရန် အခက်အခဲရှိသဖြင့် စခန်း ဝင်းအတွင်းရှိ ယာဉ်ရောင်းဝယ်သူများ စုပေါင်းကာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ထံသို့ အသနားခံစာတင်ထားကြောင်း သိရသည်။
       ထို့အပြင် ရွှေ့ပြောင်းရမည့်နေရာနှင့် ပတ်သက်၍လည်း သက်ဆိုင်ရာ အဖွဲ့အစည်းများက စီစဉ်နေဆဲဖြစ်ပြီး ယခုအချိန်အထိ တိကျသောအဖြေတစ်ခု ထွက်မလာသေးကြောင်းလည်း သိရသည်။ ရှင်စောပုယာဉ်ရပ်နားစခန်း အတွင်းရှိ ကားတင်သွင်းရောင်းချသူများအား ပြောင်းရွှေ့မည့်ကိစ္စကို အောက်တိုဘာ ၁၅ ရက်တွင် တိကျ သော အဖြေတစ်ခုထုတ်ပေးမည်ဟု ဆိုထားကြောင်း ပြန်လည်ဖြေကြား ခဲ့ကြသည်။ ယင်းကားရပ်နားစခန်းကို အမှီပြုကာ ကားတင်သွင်းရောင်းချနေ သူတစ်ဦးက "ကန်ထရိုက်ယူထားတဲ့ သက်တမ်း ပြည့်သွားပြီဆိုတာကို သိပေမယ့် ဒီနေရာမှာ ပြည်သူလူထုအတွက် အကျိုးရှိတဲ့  ပရောဂျက်တစ်ခုခု လုပ်တာမျိုးမဟုတ်ရင် အချိန်အတိုင်းအတာတစ်ခု အထိ ဆက်လက်ခွင့်ပြုထားစေချင်ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ဒီနေရာမှာ ကျွန်တော်တို့လို ဝယ်ရောင်းတွေအပြင် ရပ်ကွက်ထဲက ကားတွေလည်း လာထားကြတယ်။ ဒီနေရာမှာ ထားလို့မရဘူးဆိုရင် ရပ်ကွက်ထဲမှာ ကား တွေ ပိုကျပ်လာသလို ကျွန်တော်တို့လည်း သွားစရာမရှိရင် တခြားယာဉ် ရောင်းဝယ်ရေးစခန်းတွေဆီ ပြန်ဝင်ရမှာမို့ အဲဒီနေရာတွေမှာလည်း ယာဉ်ကြောအကျပ်အတည်းတွေ ဖြစ်လာနိုင်ပါတယ်။ ကျွန်တော်တို့ ဆိုလိုချင်တာက ဒီနေရာ ကို ကားရောင်းဝယ်ရေးစခန်းတစ်ခုလို ရေရှည်သုံးဖို့မဟုတ်ဘဲ ရွှေ့ပြောင်းရမယ့်နေရာကို အတည်တကျ သတ်မှတ်ပြင် ဆင်ပေးပြီးတဲ့ အချိန်လောက်အထိ ခွင့်ပြုပေးစေချင်တာပါ"ဟု Motor. com.mm သို့ ထုတ်ဖော်ပြောကြား ခဲ့သည်။
        လက်ရှိအချိန်တွင် ပြောင်းရွှေ့ရမည့်နေရာနှင့် ပတ်သက်၍လည်း မည်သည့်ထုတ်ပြန်ချက်မှ မရှိသေးသဖြင့် ရှင်စောပုကားရပ်နားစခန်းရှိ  ကားလုပ်ငန်းရှင်များက အောက်တိုဘာ ၁၅ ရက်တွင် ထုတ်ပြန်မည့် အဆုံးအဖြတ် ကိုသာ စောင့်မျှော်လျက်ရှိကြောင်း သိရသည်။

 

မယ်သီတာ

Local Trade News

Pages