မြန်မာနိုင်ငံ၏ ပြည်ပကုန်သွယ်မှုမှ အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော်ရရှိပြီး ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံ ပိုမိုရရှိ

Tue, 06/06/2017 - 04:46 -- admin_ygn

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနသည် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဘက်ပေါင်းစုံ၊နည်းလမ်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်လျက်ရှိရာ ယခု ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ် မေလ ၂၆ ရက်အထိ မြန်မာနိုင်ငံရဲ့ ပို့ကုန်တန်ဖိုး အမေရိကန် ဒေါ်လာ ၁ ဒသမ ၇ ဘီလီယံ၊ သွင်းကုန်တန်ဖိုး အမေရိကန်ဒေါ်လာ ၂ ဒသမ ၈ ဘီလီယံရရှိပြီး ကုန်သွယ်မှု ပမာဏအနေဖြင့် အမေရိကန်ဒေါ်လာ ၄ ဒသမ ၅ ဘီလီယံကျော် ေ ဆာင်ရွက် နိုင်ခဲ့တဲ့အတွက် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ တစ်ဘီလီယံနီးပါး ပိုမိုဆောင်ရွက်နိုင်ခဲ့ကြောင်း ကုန်သွယ်ရေးဦးစီးဌာနရဲ့စာရင်းဇယားများအရသိရှိရပါတယ်။ ယခုနှစ်၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှာ ပို့ကုန် တန်ဖိုး အမေရိ ကန်ဒေါ်လာ ၁ဒသမ၇ ဘီလီယံ တင်ပို့နိုင်ခဲ့ရာ အုပ်စုလိုက် တင်ပို့မှုကို လေ့လာကြည့်ပါက စက်မှုကုန်ချောအုပ်စုက ၃၉ ရာခိုင်နှုန်းဖြင့် အများဆုံးတင်ပို့နိုင်ပြီး၊ လယ်ယာထွက်ကုန်ပစ္စည်းအုပ်စုက ၃၁ ရာခိုင်နှုန်းဖြ င့် ဒုတိယအများဆုံး တင်ပို့နိုင်ခဲ့ကာ အခြားပစ္စည်း အုပ်စုက ၁၅ရာခိုင်နှုန်း ဖြင့်တတိယအများဆုံး တင်ပို့နိုင်ခဲ့ပါတယ်။ ကျန်ရေထွက်ပစ္စည်း၊ တိရစ္ဆာန်ထွက်ပစ္စည်း၊ သစ်တောထွက်ပစ္စည်း တွေကိုတော့ ၁၅ ရာခိုင်နှုန်းသာ တင်ပို့နို င်ကြောင်း တွေ့ရှိရပါတယ်။ တဖန် မြန်မာနိုင်ငံမှတင်ပို့ခဲ့တဲ့ ပို့ကုန် များကို အသေးစိတ် လေ့လာကြည့်ရာမှာ အဓိက တင်ပို့ခဲ့တဲ့ကုန်ပစ္စည်းများမှာ သဘာ၀ ဓာတ်ငွေ့၊ ချုပ်ပြီးအထည်၊ဆန်၊ဆန်ကွဲ၊မတ်ပဲ၊သတ္တုနှင့် သတ္တုရိုင်း များ၊ ပဲတီစိမ်း၊ ငါးမျိုးစုံ၊ ရော်ဘာစိမ်း၊ ပြောင်းနဲ့ ပဲစင်းငုံတို့ ဖြစ် ကြောင်း တွေ့ရှိရပါတယ်။
        ယခုနှစ်မှာ ပို့ကုန်တင်ပို့မှုအနေနဲ့ အမေရိကန် ဒေါ်လာ ၁၇၁၁ သန်းရှိတဲ့အတွက် ယခင်နှစ်ကာလတူထက် အမေရိကန်ဒေါ်လာ သန်း၂၇၀ နီးပါး ပိုမိုတင်ပို့ နိုင်ခဲ့တာကိုတွေ့ရှိရပါတယ်။ ပိုမိုတင်ပို့နိုင်တဲ့ ပစ္စည်းတွေကတော့ ဆန်၊ ဆန်ကွဲ၊ သတ္တုနှင့်သတ္တုရိုင်းများ၊ CMP ချုပ်ပြီး အထည်များ၊ Re-export စနစ်နဲ့ တင်ပို့တဲ့ ဒီဇယ်၊ ရော်ဘာစိမ်း၊ ပြောင်း၊ ကုလားပဲ၊ကျွန်းခွဲသားတို့ ဖြစ်ပါတယ်။ ယခုဘဏ္ဍာနှစ်မှာ ဆန်နှင့်ဆန်ကွဲ တန်ချိန် လေးသိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၁၁၈ သန်းရရှိခဲ့ပါတယ်။ ယခင်နှစ်ထက် တန်ချိန်တစ်သိန်းနီးပါး တင်ပို့နိုင်ခဲ့ပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၇၇ သန်းပိုမိုရရှိခဲ့ပါတယ်။ ယခုလို ပိုမိုရရှိခဲ့ခြင်း မှာ၂၀၁၆-၂၀၁၇ ဘဏ္ဍာ နှစ် မှာ ပင်လယ်ရေကြောင်း ကုန်သွယ်မှုမှ နိုင်ငံ ၁၄ နိုင်ငံသို့ ဆန်ကိုတင်ပို့နိုင်ခဲ့ရာမှ ယခုနှစ်တွင် နိုင်ငံပေါင်း ၃၀ သို့တင်ပို့နိုင်ခဲ့ခြင်းကြောင့် ဖြစ်ပါတယ်။ ဒါကြောင့် ဈေးကွက် ပိုမို ရရှိတဲ့အပြင် ရရှိပြီးသား ဈေးကွက်များသို့လည်း ပိုမို တင်ပို့နိုင်ခဲ့ကြောင်း တွေ့ရှိရပါတယ်။ နယ်စပ်ကုန်သွယ်မှုအနေနဲ့လည်း ယခင် နှစ်ထက် တန်ချိန် ၁ဒသမ၅ သိန်း၊ တန်ဖိုးအမေရိကန် ဒေါ်လာသန်း ၄၀ နီးပါး ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ယခင်က မူဆယ်(၁၀၅)မိုင် ကုန်သွယ်ရေးဇုန် မှ အဓိက တင်ပို့သော်လည်း ယခုနှစ်တွင် လွယ်ဂျယ်၊ ချင်းရွှေဟော်၊ ကန်ပိုက်တီ အပြင် ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ စစ်တွေ၊ မောင်တောစခန်းများမှ တင်ပို့ခဲ့ကြောင်း တွေ့ရှိရပါတယ်။ Re-export စနစ်ဖြင့် တင်ပို့တဲ့ High Speed Diesel ဟာ ယခုနှစ်မှာတန်ချိန် ငါးသောင်းခန့်ရှိပြီး တန်ဖိုး အမေရိကန်ဒေါ်လာ ၂၇ ဒသမ ၀၇ သန်းဖြစ်ကြောင်း တွေ့ရှိရပါတယ်။ ယခင်နှစ်ကRe-export  စနစ်နဲ့ သကြားတင်ပို့မှုမှာ တန်ချိန် ၂ဒသမ၉ သိန်းရှိပြီး တန်ဖိုး အမေ ရိ ကန်ဒေါ်လာ ၁၆၁ သန်း တင်ပို့နိုင်ခဲ့ရာမှ ယခုနှစ်တွင်တန်ချိန် ၁ဒသမ ၃သိန်းကျော်၊တန်ဖိုး အမေရိကန်ဒေါ်လာ ၈၅ သန်းသာ တင်ပို့နိုင်ခဲ့တဲ့အတွက် တန်ချိန် ၁ ဒသမ ၆ သိန်း၊တန်ဖိုး အမေရိကန်ဒေါ်လာ ၇၆ သန်းလျော့နည်း တင်ပို့ခဲ့တာ တွေ့ရပါ တယ်။ ယခုလို လျော့နည်းတင်ပို့ရခြင်းမှာ၂၀၁၇ ခုနှစ် မေလပထမ ပတ်နဲ့ ဒုတိယပတ်က တရုတ်နိုင်ငံ အဝေးပြေးလမ်းမကြီးများတွင် သကြားကားများကိုသာ အများအပြား ဖမ်းဆီးနေခြင်းနဲ့ သကြားဈေး နှုန်းများလည်း တစ်အိတ်လျှင် ၂၁၃ ယွမ်မှ ၂၀၃ ယွမ်သာ ရရှိ၍ သကြားတစ်အိတ်လျှင်ယွမ် ၁၀ နှုန်း ကျဆင်းသွားခြင်းကြောင့် ဖြစ် ကြောင်း မူဆယ်ကုန်သည် လုပ်ငန်းရှင်များထံမှ စုံစမ်းသိရှိရပါတယ်။
        ရော်ဘာစိမ်းတင်ပို့မှုအနေဖြင့် ယခင်ဘဏ္ဍာ နှစ်ထက် တန်ချိန်ရှစ်ထောင်နီးပါး၊ တန်ဖိုးအမေရိကန်ဒေါ်လာ ၂၃ သန်း ပိုမိုတင်ပို့ နိုင်ခဲ့ပါတယ်။ ပင်လယ်ရေကြောင်းမှ အနည်းငယ်သာ တင်ပို့လျက်ရှိပြီး နယ်စပ်ကုန်သွယ်မှုမှ သာ ပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှ အဓိကတင်ပို့ပြီး ချင်းရွှေဟော်နှင့် မြိတ်စခန်း များမှ အနည်းငယ်တင်ပို့နိုင်ကြောင်း စုံစမ်းသိရှိရပါတယ်။ မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်တွင် ရော်ဘာတစ်တန် လျှင် ယွမ် ၁၁၀၀၀ (အမေရိကန်ဒေါ်လာ ၁၆၂၀)ရှိပြီး တစ်ဘက်နိုင်ငံတွင် ရော်ဘာ တစ်တန်လျှင် ယွမ် ၁၁၃၀၀ (အမေရိကန် ဒေါ်လာ ၁၆၆၄) ရှိကြောင်း သိရပါတယ်။ ရော်ဘာဈေးအနည်းငယ် မြင့်တက်လာတဲ့အတွက် အရောင်း အဝယ် ပုံမှန်ရှိနေကြောင်း စုံစမ်းသိရှိရပါတယ်။ ၂၀၁၇ ခုနှစ်၊ မေလ၅ ရက်က ကရင်ပြည်နယ်၊ သီရိဘားအံခန်းမမှာ ကျင်းပခဲ့တဲ့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာနနှင့် စိုက်ပျိုးရေး နှင့် မွေးမြူရေးဝန်ကြီးဌာနတို့ ပူးပေါင်း စီစဉ်ကူညီပေးမှုဖြင့် International Research and Development Board နှင့် မြန်မာနိုင်ငံ ရော်ဘာ စိုက်ပျိုးထုတ်လုပ်သူများ အသင်းတို့မှ ကြီးမှူးကျင်းပသော ရော်ဘာအထွက်နှုန်းတိုးတက်ရေး၊ အရည်သွေးမြှင့် တင်ရေးနှင့်ရေရှည်တည်တံ့နိုင်ရေးအတွက် ရော်ဘာခြံရှင်ငယ်များသို့ နည်းပညာဖြန့်ဖြူးရေး အလုပ်ရုံဆွေးနွေးပွဲ (IRRDB MRPPA Workshop on TOT to Rubber Smallholders for Improved Productivity, Qua -lity and Sustainability)အခမ်းအနားသို့ ပြည်ပနိုင်ငံများဖြစ် သော ဗီယက်နမ်၊ ထိုင်း၊ မလေးရှား၊ အင်ဒိုနီးရှား၊ အိန္ဒိယ၊ သီရိလင်္ကာ နိုင်ငံတို့မှပညာရှင်များ IRRDB မှ အထွေထွေ အတွင်းရေးမှူးချုပ်နှင့် အဖွဲ့တို့မှ  ၁၅ ဦး တ က်ရောက်ပြီး စာတမ်း ၁၁ စောင် ဖတ်ကြားခဲ့ ကြောင်း သိရှိရပါတယ်။ ပြောင်းတင်ပို့မှုအနေဖြင့် ယခင်ဘဏ္ဍာနှစ်ထက် တန်ချိန် ၁ ဒသမ ၅ သိန်း၊ တန်ဖိုး အမေရိကန် ဒေါ်လာ၂၂ သန်းကျော် ပိုမိုတင်ပို့ နိုင်ခဲ့ ပါတယ်။ ယခင်နှစ်က ပင်လယ်ရေကြောင်းမှ အနည်းငယ်သာ တင်ပို့မှုရှိခဲ့သော်လည်း ယခုနှစ် တွင် တန်ချိန် သုံးသိန်းနီးပါး ၊ တန်ဖိုး အမေရိကန် ဒေါ်လာငါးသန်းပိုမိုတင်ပို့နိုင်ခဲ့ပါတယ်။ ဗီယက်နမ်နိုင်ငံ သို့အများဆုံး တင်ပို့ပြီးမလေးရှား၊ ဖိလစ်ပိုင်၊ စင် ကာပူနှင့် တရုတ် (တိုင်ပေ) နိုင်ငံများသို့လည်း တင်ပို့နိုင်ခဲ့တာကြောင့် ပြောင်းဈေးကွက် ချဲ့ထွင်လာနိုင်ကြောင်း စုံစမ်းသိရှိရပါတယ်။ ပြည်ပပြောင်း တင်ပို့မှု ၏ ၈၆ ရာခိုင်နှုန်းသည် နယ်စပ်ကုန်သွယ်မှုမှ တင်ပို့လျက်ရှိပြီး မူဆယ် (၁၀၅)မိုင် ကုန်သွယ်ရေးဇုန်မှ အဓိက အများဆုံး၊  လွယ်ဂျယ်စခန်းမှ ဒုတိယအများဆုံး တင်ပို့ပြီးချင်းရွှေဟော်၊ ကန်ပိုက်တီနှင့် တာချီလိတ် တို့မှာလည်း အနည်းငယ်တင်ပို့ကြောင်း စုံစမ်းသိရှိရပါတယ်။
          ပဲမျိုးစုံတင်ပို့မှု၌ ကုလားပဲ တန်ချိန် တစ်သောင်းခွဲ ၊ တန်ဖိုး  အမေရိကန် ဒေါ်လာ ၁၄ သန်းကို ယခုနှစ်တွင် ထူးခြားစွာ ပိုမိုတင်ပို့ နိုင်ကြောင်း တွေ့ရှိရပါတယ်။ မေလ ၂၆ ရက်၌ ဘုရင့်နောင်ကုန်စည် ဒိုင်တွင် ကုလားပဲဖြူ လုံးကြီး တစ်တန်ကို ၁၃ဒသမ၂၉ ကျပ်သိန်း ဈေးဖြစ်၍ သယ်ယူစရိတ်နဲ့ ကြိုတင်ဝင်ငွေခွန် ၂ ရာခိုင်နှုန်း ဆောင် ပြီး တွက်ချက်မယ်ဆိုရင် အရင်း ၁၀၀၂ အမေရိကန်ဒေါ်လာဖြစ်ပြီး FOB ရောင်းဈေးမှာ ၁၀၄၀ အမေရိကန်ဒေါ် လာဖြစ်တဲ့အတွက် ကုန်သည်ကြီးများ၊ ပို့ကုန်လုပ်ငန်းရှင်များ တွက်ခြေကိုက်မှုရှိကြောင်း လေ့လာသိရှိရပါတယ်။ ပင်လယ်ရေကြောင်းမှ တင်ပို့မှုအနေဖြင့်လည်း ယခင်က  ၁၁ နိုင်ငံသာတင်ပို့ပြီး ယခုနှစ်တွင် ၁၈နိုင်ငံ တင်ပို့ နိုင်ခဲ့ သဖြင့် ဈေးကွက်သစ်များ ကျယ်ပြန့်စွာ တင်ပို့နိုင်ကြောင်း စုံစမ်း သိရှိရပါတယ်။ ယခုလို ပို့ကုန်များ ပိုမိုတိုးတက်လာနိုင်ခြင်းဟာ ဒီမိုကရေစီ အစိုးရသစ်လက်ထက်၌ မြန်မာနိုင်ငံ ဘက်စုံဖွံ့ဖြိုးတိုးတက်ရေး အတွက် ကဏ္ဍပေါင်းစုံ ကို တွန်းအားပေး ဆောင်ရွက်လျက်ရှိရာ ပုဂ္ဂလိက ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး ကိစ္စရပ်များကို ပိုမိုထိရောက်စွာ အကောင်အထည်ဖော် ဆောင်ရွက်နိုင်ရေးအတွက် “ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုး တိုးတက်ရေးကော်မတီ” ကို ဖွဲ့စည်းခဲ့ေ ကြာင်း၊ အဆိုပါကော်မတီတွင် လုပ်ငန်းကော်မတီငါးခု ထပ်မံဖွဲ့စည်းခဲ့ပြီး၊ လုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယခုအခါတွင် လုပ်ငန်းရှင်များနှင့် အကြိမ်ကြိမ် တွေ့ဆုံပွဲ များ၊ အလုပ်ရုံဆွေးနွေးပွဲများ ဆောင်ရွက်ခြင်းဖြင့် ရရှိလာေ သာ အကျိုး ရလဒ်များပင်ဖြစ်ကြောင်း ရေးသားတင်ပြလိုက်ပါတယ်။

 

ရှင်မန်းအံ့ (တန့်ဆည်)

Local Trade News

Pages