မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် AAA အမှတ်တံဆိပ် ဘိလပ်မြေကို အိန္ဒိယနိုင်ငံသို့ စတင်တင်ပို့

Fri, 12/01/2017 - 06:48 -- admin_ygn

        မြန်မာနိုင်ငံမှ ထုတ်လုပ်သည့် AAA အမှတ်တံဆိပ် ဘိလပ်မြေများကို တမူး-မိုရေး နယ်စပ်လမ်းကြောင်းမှတစ်ဆင့် အိန္ဒိယနိုင်ငံသို့ စတင်တင်ပို့နေပြီ ဖြစ်သည်။ မြန်မာ့ဘိလပ်မြေများ၏ အရည်အသွေးကောင်းမွန်ခြင်း၊ ဈေးနှုန်းသက် သာခြင်းကြောင့် အိန္ဒိယနယ်စပ်ဒေသများတွင် ပိုမိုအသုံးပြုလာခဲ့ပါသည်။ အစ ပထမတွင် တမူးမြို့ရှိ ကုန်မာဆိုင်များနှင့် နန့်ဖာလုံဈေးများတွင် လက်လီရောင်း ချခဲ့ရာမှ ဝယ်ယူသုံးစွဲပြီး အရည်အသွေးကောင်း မွန်မှုကြောင့် ဈေးကွက်ရရှိလာ ခဲ့ခြင်း ဖြစ်ပါသည်။ အဓိကဝယ်ယူအသုံးပြုလျက်ရှိသော ဘိလပ်မြေမှာ ဗဗဗ အမှတ်တံဆိပ်ဖြစ်ပြီး စက်ရုံဝယ်ယူဈေးမှာ တစ်အိတ်လျှင်ကျပ် ၄၄၈၀ ဖြစ်ရာ တမူးမြို့တွင် လက်လီ ရောင်းဈေးကျပ် ၆၀၀၀ ဖြင့်ရောင်းချလျက်ရှိပါသည်။ နိုဝင်ဘာလ ၁၀ ရက်မှ ၁၅ ရက်အတွင်း တမူး-မိုရေး နယ်စပ်လမ်းကြောင်းမှ တစ်ဆင့် အမေရိကန်ဒေါ်လာ သုညဒသမ ၀၁၀ သန်းတန်ဖိုးရှိ ဘိလပ်မြေတန်ချိန် ၁၅၀ တင်ပို့နိုင်ခဲ့ကြောင်း သတင်းရရှိပါသည်။

 

ဘုန်းမြင့် (DOT-Tamu)

Local Trade News

Pages