မိုးပါးပြီး အခွန်စနစ်သစ်သတင်းများကြောင့် ကားလေးများအဝယ်ပြန်လိုက်လာ

Thu, 08/22/2019 - 03:46 -- admin_ygn

     ရန်ကုန်၌ သြဂုတ်လဒုတိယပတ် အကုန်တွင် မိုးရွာသွန်းမှုပြန်လည်နည်း ပါးသွားသဖြင့် ကားရောင်းဝယ်ရေး နေရာများတွင် ကားလာကြည့်သူ၊ ကား ဈေးတန်းလေ့လာသူတို့နှင့် အထက် ပိုင်းဒေသများမှ  နယ်အဝယ်များပြန် ဆင်းလာပြီး ဂျပန်ညာမောင်းကားလေး များအဝယ်ပြန်လိုက်လာကြောင်း သိရသည်။ လဆန်းပိုင်း ပထမပတ်ခန့်က စတင်ကြားသိရသော သိန်းတစ်ထောင် အောက် တန်ဖိုးရှိပစ္စည်းအားဝင်ငွေ ခွန်ပေးဆောင်ရာတွင် သုံးရာခို င်နှုန်း သာကောက်ခံမည့် အခွန်စနစ်သစ်တစ် ရပ် သတင်းအရ  ကားဈေးကွက်ထဲတွင် လှုပ်လှုပ်ရှားရှားပြန်ဖြစ်လာပြီး စက်တင်ဘာလအစောပိုင်းတွင် သတ်မှတ်မည်ဟု  သိရှိရသော်လည်း  ယခုအချိန်ကတည်းက ဈေးကွက်ေ ကာင်းလာနိုင်သည် ကို မျှော်တွေးပြီးကြိုတင် ဝယ်ယူမှုရှိလာ သဖြင့် အရောင်းအဝယ် ပြန်ဖြစ်လာရ ခြင်းဖြစ်ကြောင်း လှိုင်ယာဉ်စခန်းမှ ဝါရင့် ဝယ်ရောင်း ကိုမြင့်ကျော်က ပြောသည်။

 

     ဆက်လက်၍ ယခုကာလအတွင်း မိုးပြန်ပါးကာအနည်းငယ် ခြောက်သွေ့ လာသဖြင့် ယာဉ်ရောင်းဝယ်ရေးစခန်း များနှင့် စမ်းချောင်း၊ ကျောက်မြောင်း စသည့် အရောင်း အဝယ်လုပ်ရာနေရာ အားလုံး လူဝင်လူထွက်များကာ စည်စည် ကားကား ပြန်ဖြစ်လာပြီး အဓိကအား ဖြင့် ကျပ်သိန်း ၂၀၀ ဝန်းကျင် ၂၀၁၀/ ၂၀၁၁ ခုနှစ်ထုတ် တိုရိုတာဗစ်၊ ဟွန်ဒါဖစ်၊ ဒီမီယို၊ ပရိုဘောက်  စသည့်   ဂျပန် ညာမောင်းကားလေးများ   ကျပ်သိန်း ၂၀၀  နှင့် ၂၅၀ ကြား အင်ဂျင်ပါဝါ   ၁ ဒသမ ၈၂ အထက် ၂၀၀၀/၂၀၀၃ ခုနှစ်ထုတ် တိုရိုတာဝှစ်၊ ဟာရီယာ၊ မတ်ခ်တူး ဆလွန်း၊ ခရောင်းဆလွန်းများ အရောင်းအဝယ်ဖြစ်ကာ ကျပ်သိန်း ၄၀၀ အထက် အာလ်ဖတ်၊ ကလူဂျာ၊ ပရာဒို၊ ဗန်းဂတ် စသည့် ကားများမှာ လတ်တလော အဝယ်နည်းနေပြီး ဈေး အမေးသာရှိသေးကြောင်း ၎င်းက ပြောသည်။ အခွန်စနစ်သာ အမှန်တကယ် အသက်ဝင်လာပါက  အရောင်းအဝယ် ယခုထက်ကောင်းလာနိုင်ပြီး အဓိက အားဖြင့် အခွန်ဈေးြ မင့်သဖြင့် ရောင်း အားပုံမှန်ရှိသော ပြည်တွင်းတပ်ဆင် အက်စ်ကေဒီကားများမှာပို၍ အရောင်း ရတွင်ကျယ်လာနိုင်ကြောင်း သုံးသပ်ကြသည်။

 

 

SN

Local Trade News

Pages