ပြည်မြေပဲဆန်ကို ရန်ကုန်ဆီစက်နှင့် ရန်ကုန်ဝယ်လက်များက ဝယ်ယူ

Thu, 12/14/2017 - 06:53 -- admin_ygn

          ယခုတစ်ပတ် ရွှေတောင်၊ ပေါက်ခေါင်း၊ ပေါင်းတလည်နှင့် ဝက်ထီးကန် ဘက်မှ တစ်နေ့လျှင် ဆောင်းမြေပဲအိတ် ၇၀၀ ခန့် ဝင်ရောက်နေတာတွေ့ရပါ တယ်။ ရွှေတောင်ဘက်မှ လာတဲ့ဆောင်းမြေပဲအတောင့်အစိုကို တစ်ပြည် လျှင် ၈၀၀ ဖြင့် ဈေးကွက်တွင် ရောင်းချနေတာ တွေ့ရပါတယ်။ မြေပဲဆန်ကိုတော့ ဆီစက်နှင့် ဝယ်လက်များကဝယ်ယူပြီး ဆီကြိတ်မြေပဲဆန် (အဖြူ) တစ်ပိဿာလျှင် ၂၁၀၅ကျပ်၊ (အနီ)တစ်ပိဿာလျှင်ကျပ် ၁၉၅၀ ဖြင့် ရန်ကုန်ဆီ စက်များက တစ်နေ့လျှင် အိတ်၅၀၀ခန့် ဝယ်ယူလျက်ရှိပါတယ်။ လုံးဆန်(အဖြူ) တစ်ပိဿာလျှင်ကျပ် ၂၄၀၀၊ လုံးဆန် (အနီ) တစ်ပိဿာလျှင်ကျပ် ၂၁၅၀ ဖြင့် ရန်ကုန်ဝယ်လက်များက ဝယ်ယူလျက်ရှိပါတယ်။

 

ဝေေ၀မင်း

Local Trade News

Pages