ပြည်တွင်းရွှေဈေး ပြန်လည်ကျဆင်းလာ

Tue, 10/03/2017 - 07:10 -- admin_ygn

          ယခုတစ်ပတ်အတွင်း ပြည်တွင်းရွှေဈေးများသည် ပြန်လည်ကျဆင်းလာခဲ့ ကြောင်း သိရသည်။ ကမ္ဘာ့ရွှေဈေးများ ပြန်လည်ကျဆင်းလာမှုနှင့်အတူ ပြည်တွင်းရွှေဈေးများလည်း ပြန်လည်ကျဆင်းလာခဲ့ခြင်းဖြစ်ကြောင်း ရွှေေ ဈးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ လွန်ခဲ့သည့် နှစ်လခန့်ကတည်းက မြင့်တက်ခဲ့ပြီး အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ကိုးသိန်းခွဲအထိရောက်ရှိခဲ့ပြီး ပြန်လည် ကျဆင်းလာခဲ့ခြင်းဖြစ်သည်။ ကမ္ဘာ့ပထဝီနိုင်ငံရေး အခြေအနေ များကြောင့် ဈေးမြင့်တက်လာခဲ့ရခြင်းဖြစ်ပြီး ယခုအခါ အိန္ဒိယမှ ရွှေတင်သွင်းခွင့်ကို ပိတ်ပင်လိုက်ခြင်း၊ အမေရိကန်က ၎င်း၏ ဗဟိုဘဏ်အတိုးနှုန်းနှင့်ပတ်သက်၍ ရေရာမှုမရှိခြင်း စသည့်အချက်များကြောင့် ကမ္ဘာ့ရွှေဈေးကွက် တွင် အရောင်းအဝယ်များကျဆင်းလာခဲ့ကာ ဈေးများကျဆင်း လာရခြင်းဖြစ်ကြောင်း ရွှေကုန်သည်များက သုံးသပ်လျက်ရှိသည်။
          "ကမ္ဘာ့ရွှေဈေးက ထူးထူးခြားခြားကို ကျလာတယ်။ ကမ္ဘာ့ရွှေဈေးကျဆင်း လာတဲ့အတွက် ပြည်တွင်းရွှေဈေးလည်း လိုက်ကျလာတာပေါ့။ နောက်ပြီး ပြည်တွင်းမှာလည်း ဗဟိုဘဏ်က Call Deposti တွေရဲ့ အတိုးနှုန်းတွေ ကိုလျှော့ချလိုက် တဲ့အတွက် အခုလို ဈေးပြန်ကျလာတယ်လို့ ထင်ပါတယ်။ ဈေးပြန်ကျလာတဲ့အတွက် အရောင်းအဝယ်နည်းနည်းပြန်သွက်လာတယ်"ဟု ရွှေကုန်သည်တစ်ဦးက သုံး သပ်ခဲ့သည်။ ပြည်တွင်းရွှေဈေးကွက်တွင် စက် တင်ဘာ ၂၅ ရက်က အခေါက်ရွှေ တစ် ကျပ်သားလျှင် ကျပ် ၉၃၉၀၀၀ ရှိခဲ့ပြီး စက်တင်ဘာ ၂၇ရက်တွင် ကျပ် ၉၃၄၀၀၀ သို့ ကျဆင်းလာခဲ့သည်။ စက်တင်ဘာ ၂၉ ရက်တွင် ကျပ် ၉၃၂၀၀၀ သို့ဆက် လက်ကျဆင်းလာခဲ့သည်။ က မ္ဘာ့ရွှေဈေးကွက်တွင် စတ်တင်ဘာ ၂၅ ရက်က တစ် အောင်စလျှင် ကျပ် ၁၂၉၄ အမေရိကန်ဒေါ်လာရှိခဲ့ပြီး စက်တင်ဘာ ၂၉ ရက် တွင် အမေရိကန်ဒေါ်လာ ၁၂၈၅ ရှိခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages