ပြည်တွင်းရွှေဈေး ကျပ်ကိုးသိန်းနားအထိ ရောက်ရှိလာသော်လည်း အရောင်းအဝယ်အေး

Mon, 02/20/2017 - 05:15 -- admin_ygn

        ယခုတစ်ပတ်တွင် ပြည်တွင်းရွှေဈေးသည် ကျပ်ကိုးသိန်းနားအထိရောက်ရှိလာသော်လည်း အရောင်းအဝယ်မှာ အေးနေကြောင်း ရွှေကုန်သည်များထံမှ သိရသည်။ ကမ္ဘာ့ရွှေဈေးမြင့်တက်မှုများကြောင့် ပြည်တွင်းရွှေဈေးမြင့် တက်လာရခြင်း ဖြစ်သော်လည်း ပြည်တွင်းရွှေကုန်သည်များအနေဖြင့် အခွန်ကိစ္စကြောင့် ဈေးမြင့်တက်မည်ကို မျှော်လင့်နေကြသဖြင့် အရောင်းအဝယ်များအေးနေခြင်းဖြစ်ကြောင်း သိရသည်။
       " ဈေးကွက်ထဲမှာ ရွှေဈေးက တစ်နေ့တစ်နေ့ အတက်ပဲမြင်နေရတယ်။ ကမ္ဘာ့ရွှေဈေးက တက်လိုက်၊ ပြည်တွင်းငွေလဲနှုန်းက တက်လိုက်နဲ့၊ ရွှေဈေးက အတက်ဘက်ကိုပဲ ဦးတည်နေတယ်။ ရွှေ ဈေးက တစ်နေ့တစ်နေ့ မြင့် တက်နေတဲ့အတွက် ရွှေစုသူတွေအနေနဲ့ဈေးကောင်းရဖို့ပဲ မျှော်နေကြတယ်။ ဈေးကောင်း ရမှ ထုတ်ရောင်းကြမှာဖြစ်တဲ့အတွက် ဈေးကောင်းကို စောင့်နေပြီး ထုတ်မရောင်းကြ တော့ဘူး။ ဒါကြောင့် ဈေးသာတက်နေတာ အရော င်းအဝယ်က အရင်လိုမကောင်း တော့ဘူး"ဟု ရွှေကုန်သည် ဦးစံမြင့်ကဆိုသည်။
        ပြည်တွင်းရွှေဈေးသည် ဖေဖော်ဝါရီ ၁၃ ရက်တွင် အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ် ၈၉၀၀၀၀ ရှိခဲ့ရာမှ ဖေဖော်ဝါရီ ၁၇ ရက်တွင် ကျပ် ၈၉၄၀၀၀သို့ မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ဖေဖော်ဝါရီ၁၃ ရက်က ၁၂၃၁ ေ ဒါ်လာ ရှိခဲ့ပြီး ဖေဖော်ဝါရီ ၁၇ ရက်တွင် ၁၂၃၈ ဒေါ်လာသို့ မြင့်တက်ခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages