ပခုက္ကူဈေးကွက်၌ ဖေဖော်ဝါရီဒုတိယပတ်တွင် ကြက်သွန်နီဈေးကျဆင်း

Tue, 02/21/2017 - 04:40 -- admin_ygn

       စားဖိုဆောင်သုံးသီးနှံဖြစ်တဲ့ ကြက်သွန်နီဟာ ဖေဖော်ဝါရီလ ဒုတိယပတ်မှာ ဈေးကျလာတာကိုတွေ့ရပါတယ်။ဈေးနှုန်းကျနေသော်လည်း ကြက်သွန်နီအဝင် နည်းမသွားဘဲ များလာတာ ကို အောက်ပါဇယားအရ တွေ့ရပါ တယ်- ယခင်တစ်ပတ်က တင်ပြခဲ့သလို မိုးရွာခဲ့လို့ နောက်ကျစိုက်တဲ့ ကြက်သွန် တွေ အထွက်လှိုင်လို့ အဝင်မြိုင်လာတာ လားဆိုတာ စဉ်းစားစရာပါ။ ဒါပေမယ့် ပခုက္ကူ ကြက်သွန်နီဈေးကွက်အတွင်းသို့ တရုတ်နိုင်ငံရဲ့ကြက်သွန်နီ ၁၂ ဘီး ကား ၁၀ စီးကျော် တင်သွင်းလာတယ်လို့လည်း သိရှိရပါတယ်။ တန်ချိန် ၃၀ နဲ့ ၃၅ တန်ကြားဝင်မယ်လို့ခန့် မှန်းကြပြီး ပိဿာချိန်အနေနဲ့ ပိဿာ ၂၀၀၀၀ နဲ့ပိဿာ ၂၅၀၀၀ ကြားရှိမယ် ခန့်မှန်းရပါတယ်။ တရုတ်ကြက်သွန်တွေကို ေ ဈးကွက် ကမကြိုက်ကြလို့ အရောင်းအဝယ်အေးတယ်ဆိုတဲ့ သတင်းများလည်း ကြားရပါတယ်။ ပြည်ပက ကြက်သွန် ပြည်တွင်းသို့တင်သွင်းတယ်၊ကိုယ့် ပြည်တွင်းမှာ မလုံလောက်လို့လား စိုက်တယ်၊ ပျက်တယ် မထွက်လိုလား၊ ဒါမှမဟု တ် ပြည်တွင်းဈေးမြင့်လို့  ပြည်ပကသွင်းတာလား စဉ်းစားကြစေလိုပါတယ်။ ပြည်ပက သွင်းလာတဲ့ ကြက်သွန် နီကိုပြည်တွင်းစားသုံးသူက မကြိုက်လို့ ရှုံးရင်ရော မဖြစ်မနေတင်သွင်းရမယ့် အနေအထားဖြစ်သလားဆို တာ စဉ်းစား ကြစေလိုပါတယ်။ ဘာပဲပြောပြော ကြက်သွန်ဆိုတာ စိုက်သူ၊စားသူ၊ရောင်း သူ၊ ဝယ်သူအားလုံးကို မွှန်စေသော သတ္တိရှိတယ်ဆိုတာ သတိထားကြစေလို ကြောင်းပါ။

 

မြင့်ဦး(ပခုက္ကူ)

Local Trade News

Pages