နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုရာတွင် နိုင်ငံခြားမှ တရားဝင်ယူဆောင်လာသည့်ငွေပမာဏ အတိုင်းသာ ကုန်သွယ်ခွင့်ပြုမည်ဟူသော သတ်မှတ်ချက်အား ပယ်ဖျက်

Tue, 12/13/2016 - 07:01 -- admin_ygn

          စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန သည် နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့် ပြုရာတွင် နိုင်ငံခြားမှ တရားဝင်ယူဆောင်လာသည့် ငွေ ပမာဏအတိုင်းသာ ကုန်သွယ်ခွင့်ပြုမည်ဟူသော သတ်မှတ် ချက်အား နိုဝင်ဘာလ ၂၂ ရက် ရက်စွဲ ပါအမိန့်ကြော်ငြာစာ အမှတ်(၇၅/၂၀၁၆) ဖြင့် ပယ်ဖျက်လိုက်ကြောင်း သတင်းရရှိ  သည်။ နိုင်ငံခြားသားဖက်စပ်ကုမ္ပဏီများအား ဓာတ်မြေသြဇာ၊ မျိုးစေ့၊ ပိုးသတ်ဆေးနှင့် ဆေးရုံ သုံးကိရိယာများအား ကုန် သွယ်ခွင့်ပြုခြင်းကို  ၂၀၁၅ ခုနှစ် နိုဝင်ဘာလ ၁၁ ရက် ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၉၆/၂၀၁၅)ဖြင့်လည်း ကောင်း၊ ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းများ ကုန်သွယ် ခွင့်ပြုခြင်းကို ၂၀၁၆ခုနှစ် ဇူလိုင်လ ၇ ရက် ရက်စွဲပါအမိန့် ကြော်ငြာစာအမှတ်(၅၆/၂၀၁၆) ဖြင့်လည်းကောင်း အသီး သီး ထုတ်ပြန်၍ သတ်မှတ်ချက်များဖြင့် ကုန်သွယ်ခွင့်ပြု ခဲ့ကြောင်း သိရသည်။
         အဆိုပါ  အမိန့်ကြော်ငြာစာများအရ နိုင်ငံခြားသား ဖက်စပ်ကုမ္ပဏီများအား ကုန်သွယ်ခွင့်ပြုသည့် သတ်မှတ် ချက်များတွင် "ဖက်စပ်လုပ်ငန်းဆောင်ရွက်သည့် နိုင်ငံခြား သား ကုမ္ပဏီများအနေဖြင့် ၎င်းတို့ တရားဝင်ယူဆော င်လာ သည့်နိုင်ငံခြားငွေပမာဏအတိုင်းသာ ကုန်သွယ်မှုပြုလုပ်ရ မည်"ဟု သတ်မှတ်ထားခဲ့ကြောင်း သိရသည်။ ယခုအခါတွင် ကုန်သွယ်မှု လွယ်ကူချောမွေ့စေရေး၊ ကုန်သွယ်မှု တိုးမြှင့်ဆောင်ရွက်နိုင်ရေးတို့ကို ပြုလုပ်နိုင်ရန် ရည်ရွယ်၍ အဆိုပါသတ်မှတ်ချက်အား နိုဝင်ဘာ ၂၂ ရက် မှစတင်၍ ပယ်ဖျက်လိုက်ကြောင်းစီးပွားရေးနှင့် ကူးသန်း ရောင်းဝယ်ရေးဝန်ကြီးဌာန၏ သတင်းထုတ်ပြန်ချက်များအရ သိရသည်။

 

မယ်သီတာ

Local Trade News

Pages