ဒီတစ်ပတ်မြေသြဇာ အဝင်လျော့

Wed, 02/08/2017 - 07:30 -- admin_ygn

           ဇန်နဝါရီ  ၂၂  ရက်မှ ၂၈ ရက်အထိ သီတင်းပတ်အတွင်း ကန်ဒေါ်လာ ၁၇၉၀၆၀၅ တန်ဖိုးရှိ မြေသြဇာ ၇၁၃၇ ဒသမ ၂၀တန်ကို ပင်လယ်ရေကြောင်း ကုန် သွယ်မှုလမ်းမှ တင်သွင်းခဲ့ပါတယ်။ ဒီတစ်ပတ် ဘီလာရုစ်နိုင်ငံမှ ၅၂၂ဒသမ ၅၀တန်၊  တရုတ်နိုင်ငံမှ ၃၁၆၇ ဒသမ ၇၀ တန်၊ ဂျာမနီနိုင်ငံမှ ၅၁၃ တန်၊ အီရန်နိုင်ငံမှ  တန် ချိန် ၂၁၀၊ မလေးရှားနိုင်ငံမှ တန်ချိန် ၅၈၀ နဲ့ ထိုင်းနိုင်ငံမှ ၂၁၄၄တန် တင်သွင်း ခဲ့တယ်လို့ သိရပါတယ်။ ဒီတစ်ပတ် တင်သွင်း ခဲ့တဲ့ အမျိုးအစားများမှာ ကွန်ပေါင်း၊ အမိုးနီးယမ်းဆာလဖိတ်၊ ပိုတက်၊ အာမို၊ ပိုတက်ဆီယမ်၊ နိုက်တြိုဂျင်နဲ့ ယူရီးယား တို့ဖြစ်ပါတယ်။ ယခင်သီတင်းပတ်တင်သွင်းတန်ချိန် ၁၁၁၉၀ ကျော်နဲ့နှိုင်းယှဉ်ရင် တန်ချိန် ၄၀၅၀ကျော် တင်သွင်း မှုလျော့နည်းခဲ့တယ်လို့ သိရပါတယ်။

 

သီတာဝင်း (DOT)

Local Trade News

Pages