ဈေးအေးခဲ့တဲ့ ပြည်ပဲတီစိမ်းဈေးပြန်မြင့်လာ

Mon, 10/10/2016 - 08:20 -- admin_ygn

        အောက်တိုဘာလဆန်းတွင် ပဲဈေးအချို့ဈေးမြင့်တက်ခဲ့လို့ ပဲသစ်ပေါ် ချိန်မှစ၍ ဈေးကောင်းမရဘဲ ဈေးအေးခဲ့တဲ့ ပဲတီစိမ်းသီးနှံဟာ ယခုတစ်ပတ် မှာတော့ တစ်တင်းကျပ် ၂၄၅၀၀ ရရှိခဲ့တဲ့အတွက် ပဲသစ်ပေါ်ချိန်အဖွင့်ဈေးကို မီလုနီးပြီ  ဖြစ်ပါတယ်။ ပဲသစ်ပေါ်စ သြဂုတ်လဆန်းမှာ တစ်တင်း ၂၅၅၀၀ ကျပ်ဖြင့် ဈေးဖွင့် ခဲ့ပြီး ပဲအဝင်လှိုင်လာချိန်မှစ၍ ပဲဈေးနှုန်းများ လျော့နည်းကျဆင်းခဲ့ကာ မန္တလေးဝယ်လက်က နေ့စဉ်ဝယ်ယူမှုရှိခဲ့ပါတယ်။ ပဲဝင်ရောက် မှု နည်းပါးလာ သော်လည်း ပန်းတောင်း၊ မင်းတုန်း၊ ကံမနယ်စုံမှ  အိတ် ၁၀၀ ကျော် နေ့စဉ် ဝင်ရောက်ခဲ့သလို မန္တလေးဝယ်လက်မှ အဝင်ရှိသလောက် ဝယ်ယူခဲ့လို့ အိတ် ၁၀၀ ကျော် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း သိရှိရပါတယ်။

 

ခင်ဆွေဝင်း

Local Trade News

Pages