ဆန်ကြမ်းသစ်ရှယ် ဝယ်လိုအားများပြီး ဈေးကောင်း

Tue, 12/06/2016 - 08:59 -- admin_ygn

          ယခုတစ်ပတ်ရန်ကုန်မြို့ ဝါးတန်းကုန်စည် ဒိုင်ရဲ့ ဆန်ဈေးကွက်မှာ ဆန်ဟောင်းဈေးငြိမ်ပြီး ဆန်ကြမ်းသစ် (ရှယ်) ဈေးတက်လာတာတွေ့ရပါ တယ်။ ဆန်ချောပေါ်ဆန်းဆန်ဖျာပုံ ထိပ်စ တစ် အိတ်ကျပ် ၃၆၀ဝ၀ နဲ့ လတ်စ  တစ်အိတ် ကျပ်၃၃၀ဝဝ၊ ပုသိမ်/ မြောင်းမြ ထိပ်စတစ်အိတ် ကျပ်၃၆၅၀ဝနဲ့ လတ်စတစ်အိတ် ကျပ် ၃၃၀ဝဝ၊ နယ်စုံ ကျိုက်လတ်ထိပ်စ   တစ်အိတ်  ကျပ် ၃၂၀ဝ၀ နဲ့ လတ်စတစ်အိတ်ကျပ် ၂၉၀ဝဝ၊ ရွှေဘိုပေါ်ဆန်း ဆန်တစ်အိတ် ကျပ် ၄၃၀ဝ၀ မှ ကျပ် ၄၅၅၀ဝ နဲ့ ဆန်ချောဈေးငြိမ်နေပြီး အရောင်းအဝယ်လည်း ပုံမှန်ရှိနေကြောင်းသိရှိရပါတယ်။
          ဧည့်မထဆန်ဟောင်း ထိပ်စတစ်အိတ်ကျပ် ၁၈၅၀ဝဝနဲ့လတ်စတစ်အိတ်ကျပ် ၁၇၅၀ဝ၊နွေသီး ထပ်ရှယ် တစ်အိတ် ကျပ် ၁၇၀ဝ၀ မှ ကျပ်၁၇၅၀ဝ၊ နွေဆန်ရက် ၉၀ တစ်အိတ် ကျပ် ၁၉၅၀ဝ မှ ကျပ် ၂၁၀ဝဝ၊ မနောသုခ တစ်အိတ်ကျပ် ၂၃၀ဝ၀ မှ ကျပ် ၂၄၀ဝ၀ အိတ်စပို့ ဧည့်မထ ၂၅မှတ် တစ် အိတ်  ကျပ် ၁၅၀ဝ၀ မှ ကျပ် ၁၆၀ဝ၀ ရှိပါတယ်။ ဆန်ဟောင်းဈေးငြိမ်နေ သော်လည်း ဆန်ကြမ်းသစ်ရှယ် တစ်အိတ်ကို ကျပ် ၁၇၅၀ဝ နဲ့ ယခင်တစ် ပတ်ကထက် တစ်အိတ်လျှင် ကျပ်တစ်ထောင်ခန့် ဈေးတက်လာတာ တွေ့ ရပါတယ်။ လူကြိုက်များပြီး အဝယ်လိုက်တာကြောင့်ရယ်၊ အဟောင်းနဲ့ပြန် ရောပြီး စားသုံးနေကြတာကြောင့် အခုလိုဈေးမြင့်တက်လာတာ ဖြစ်ပါ တယ်။ မူဆယ်ဈေးကွက်မှာတော့ ပြည်တွင်းက ကုန်အဝင်နည်းသွားတာ ရယ်၊ တစ်ဖက်နိုင်ငံရဲ့ဝယ်လိုအားရှိနေတာရယ်ကြောင့်  ကုန်လက်ကျန် နည်းသွားပြီး ဈေးတွေလည်း မြင့်တက်သွားကြောင်းသိရှိရပါတယ်။  ဆန် တစ်အိတ်ကို ၄ယွမ်မှ ၅ယွမ်အထိ ဈေးမြင့်သွားပြီး တစ်ဖက်နိုင်ငံက မဝယ် မဖြစ်ဝယ်ယူရမယ့် အခြေအနေရှိနေတာကြောင့် ကုန်သည်တွေကလည်း ဈေးပိုပေးနေကြောင်းသိရပါတယ်။

 

ယဉ်ယဉ်အေး

Local Trade News

Pages