စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူး Government of Victoria ၏ Small Business, Innovation and Trade Minister ဖြစ်သူ Mr. Philip Dalidakis ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့အား လက်ခံတွေ့ဆုံ

Thu, 08/24/2017 - 02:18 -- admin_ygn

       စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးအောင်ထူးသည် Government of Victoria ၏ Small Business, Innovation and Trade Minister ဖြစ်သူ Mr. Philip Dalidakis ဦးဆော င်သည့် ကိုယ်စားလှယ်အဖွဲ့အား သြဂုတ် ၁၅ ရက်တွင် နေပြည်တော်ရှိ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ဧည့်ခန်းမ(၂)၌ လက်ခံတွေ့ဆုံခဲ့သည်။
      ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် သြစတြေးလျနိုင်ငံ၊ ဗစ်တိုးရီးယားပြည်နယ်နှင့် မြန်မာနိုင်ငံတို့အကြား ကုန်သွယ်မှုနှင့် ရင်းနှီးမြှုပ်နှံမှု မြှင့်တင်နိုင်မည့် အခွင့်အလမ်းများ၊ မြန်မာနိုင်ငံတွင် Technical Vocational Educati -on and Training (TVET) အကူအညီပေး နိုင်ရေးကိစ္စရပ်များ၊အခြေခံ အဆောက်အဦ၊ ပြန်လည်ပြည့်ဖြိုးမြဲ စွမ်းအင်နှင့် ကုန်ထုတ်လုပ်မှုလုပ်ငန်းဆိုင်ရာကိစ္စရပ်များ၊ ဗစ်တိုးရီးယားပြည်နယ်မှ နို့ ထွက်ပစ္စည်းနှင့် သစ်သီးဝလံ များ မြန် မာနိုင်ငံသို့ တင်သွင်းနိုင်ရေး ကိစ္စရပ်များ၊ မြန်မာနိုင်ငံတွင် ကျင်းပသည့် ကုန်စည်ပြပွဲများတွင် သြစတြေးလျ နိုင်ငံမှ ကုမ္ပဏီများပါဝင်နိုင်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြသည်။ အဆိုပါ တွေ့ဆုံပွဲသို့ စီးပွားရေး နှင့်ကူးသ န်း ရောင်းဝယ်ရေးဝန်ကြီးဌာနမှ  ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိပုဂ္ဂိုလ်များ တက်ရောက်ခဲ့ ကြောင်း သတင်းရရှိသည်။

 

MOC (IR)

Local Trade News

Pages