ဂျပန်နိုင်ငံသို့ အမယ်သစ်အဖြစ် Medicine Plant Roots လေးမျိုးကို စမ်းသပ်တင်ပို့

Thu, 06/08/2017 - 04:42 -- admin_ygn

      MMK Supporting Consultant Co,Ltd သည် ဂျပန်နိုင်ငံမှ မျိုးစေ့ ယူဆောင်လာ၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် ၊ပြင်ဦးလွင်မြို့၊ ဗိုလ်ချုပ်ရွာ B2 တွင် Bupleurum Root (ဂျပန်စမုံစပါး) ၊Saposhnikovia Divaricata (Boufu) (တရုတ် နံနံပင်)၊  Scutellaria Baicalensis (Ougon) (မွန်ဂိုလီယံပင်ပွ)၊ Platycodon Grand- iflorus (ဘောလုံးပန်း) တို့အား ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာခန့်မှစ၍ မြေစမ်းစတင်စိုက်ပျိုးခဲ့ပြီး၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ဆေးမြစ်များတူးဖော်၍  သဘာဝနည်းဖြင့် အခြောက်ခံကာ ၂၀၁၇ ခုနှစ် ဇွန်လတွင် အဆိုပါဆေးမြစ်များအား ဈေးကွက်သစ် ရရှိရေးအတွက် စမ်းသပ်ကာလအဖြစ် အမေရိကန်ဒေါ်လာ ၂၆၃ ဒသမ ၈၀ တန် ဖိုးရှိ ဆေးမြစ် လေးမျိုး  စုစုပေါင်း ၇၅ ဒသမ ၉ ကီလိုကို ဂျပန်နိုင်ငံ၊ ကိုဘီမြို့သို့ ပင်လယ် ရေကြောင်းမှ ပြန်လည်တင်ပို့နိုင်ခဲ့ပါသည်။
        အဆိုပါ ဆေးမြစ်များအား သမားရိုးကျ  ဘောင်တန်းစနစ်ဖြင့် စိုက်ပျိုးပြီး အကျယ်သုံးပေ၊ အရှည် ပေ ၂၀ ခန့် ဖြင့် ပြင်ဦးလွင် မြို့တွင် စိုက်ဧက တစ်ဧက စိုက်ပျိုး ခဲ့ပါသည်။ အပင်များ၏ အရွယ်အစားမှာ အမြင့်ပေ နှစ်ပေမှ သုံး ပေခန့်အထိသာ ရှိပါသည်။ ဂျပန်နိုင်ငံတွင် ဂျပန်စမုံစပါးအမြစ်ကို အသည်းအားဆေးတွင် လည်းကောင်း၊ တရုတ်နံနံပင်အမြစ်ကို  အဖျားပျောက်ဆေးတွင် လည်းကောင်း၊ မွန်ဂိုလီယံ ပင်ပွအမြစ်ကို နုပျိုဆေးနှင့် ဘောလုံးပန်း အမြစ်ကို ချောင်းဆိုးပျောက်ဆေးများ  ဖော်စပ်ရာတွင်လည်းကောင်း အရန်ဆေးအဖြစ်ထည့်သွင်းဖော်စပ်ခြင်းဖြစ်ကြောင်း သိရသည်။ ယခုအခါ ၎င်းဆေးမြစ်လေးမျိုးအား  ဂျပန်နိုင်ငံတွင် အာနိသင် စမ်းသပ်စစ်ဆေးရန်အတွက် နမူနာအဖြစ်တင်ပို့ခဲ့ပြီး ဆေးမြစ်များ၏ အာနိသင် အကျိုး ရလဒ်ကောင်းမွန်ပါက နောင်တွင် မြန်မာနိုင်ငံ၌စီးပွားဖြစ်စိုက်ပျိုး၍  ပြည်ပပို့ကုန် အဖြစ် တွင်တွင်ကျယ်ကျယ် တင်ပို့နိုင်တော့မည်ဖြစ်ကြောင်း သိရပါသည်။

 

ပို့ကုန်(ရန်ကုန်)

Local Trade News

Pages