ကုန်သွယ်မှုအခြေခံသင်တန်းအမှတ်စဉ် (၉) သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

Thu, 09/12/2019 - 08:37 -- admin_ygn

        စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကုန်သွယ် ရေး ဦးစီးဌာန ပို့ကုန်သွင်းကုန်ရုံး(မန္တလေး)၌ ကုန်သွယ်မှုအခြေခံ သင်တန်းအမှတ်စဉ်(၉) သင်တန်းဆင်းပွဲ အခမ်းအနားကို သြဂုတ် ၃၀ ရက် နံနက် ၁၀ နာရီ တွင် ကျင်းပခဲ့သည်။သင်တန်းဆင်းပွဲတွင် ကုန်သွယ်ရေးဦးစီးဌာန  ကုန်သွယ်မှု ပညာပေးရေးဌာနခွဲမှ ညွှန်ကြားရေးမှူး ဦးအောင်သူရက သင်တန်းဆင်း အမှာစကားပြောကြားခဲ့ပြီး သင်တန်းဆင်းဂုဏ်ပြုလွှာ ပေးအပ် ချီးမြှင့် ခဲ့ရာ သင်တန်းသား/သူများကိုယ်စား ဦးအာကာဖြိုးမောင်က လက်ခံရယူခဲ့သည်။ ထို့နောက် ဆုချီးမြှင့်ခြင်းအစီအစဉ်ကို ဆက်လက်ကျင်းပခဲ့ရာ  ညွှန်ကြားရေးမှူး  ဦးအောင်သူရက အုပ်စုလိုက် စာမေးပွဲ အကောင်းဆုံးဆု ရရှိသည့် အုပ်စုနှင့် မန္တလေးတိုင်းဒေသကြီး ကုန်သည်များနှင့်  စက်မှုလက်မှုလုပ်ငန်းရှင်များအသင်း ဥက္ကဋ္ဌ ဦးကျော်မင်းက အုပ်စုလိုက စာတမ်းအကောင်းဆုံးရရှိသည့် အုပ်စုတို့အားဆုများ ချီးမြှင့်ပေးခဲ့သည်။

  ကုန်သွယ်မှုကဏ္ဍ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်၊ ကုန်သွယ်စီးပွားရေးလုပ်ငန်းရှင်အသင်းများ ပြုစုပျိုးထောင်မွေးထုတ်ရန်၊ အရည်အသွေးမြင့်မားပြီး စီးပွားရေးကျင့်ဝတ်ကောင်းမွန်သောလုပ်ငန်းရှင်များ၊ လုပ်ငန်းအဖွဲ့ အစည်းများ  ဖြစ်ပေါ်လာစေရန်နှင့် လူ့စွမ်းအားအရင်းအမြစ်များ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပြီး မေ ၁၀ ရက်မှ သြဂုတ် ၃၀ ရက်အထိ ၁၆ ပတ်ကြာ ဖွင့်လှစ်ခဲ့ခြင်းဖြစ် သည်။ ထို့နောက် သင်တန်းသား/သူများကိုယ်စား ဦးရဲမာန်ထက်က ကျေးဇူးတင်စကား  ပြောကြားခဲ့ပြီး စုပေါင်းမှတ်တမ်းတင်ဓာတ်ပုံ ရိုက်ကူး၍ နံနက် ၁၁ နာရီခွဲတွင် အခမ်းအနား ပြီးဆုံးခဲ့သည်။

 

မောင်မောင်(မန္တလေး)

Local Trade News

Pages