ကုန်သွယ်မှုဖွံ့ ဖြိုးတိုးတက်ရေးအစီအစဉ်၏ တတိယအကြိမ် လုပ်ငန်းကော်မတီ အစည်းအဝေးကျင်းပ

Tue, 06/28/2016 - 09:07 -- admin_ygn

      ၂၀၁၆ ခုနှစ်၊ ဇွန် ၂၃ ရက်တွင် ကုန်သွယ်မှုဖွံ့ဖြိုးတိုးတက်ရေးအစီအစဉ်၏  တတိယအကြိမ် လုပ်ငန်းကော်မတီ အစည်း အဝေးကို စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ရုံးအမှတ် (၃)၊ နေပြည်တော်၌ ကျင်းပပြုလုပ်ခဲ့ပါသည်။  
        အစည်းအဝေးသို့ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးချုပ် ဦးမင်းမင်းက သဘာပတိအဖြစ်  ဆောင်ရွက်ကာ  စီမံကိန်းမှ အကျိုးခံစားရသည့်  ဆက်စပ်ဝန်ကြီး ဌာနများမှ ကော်မတီ အဖွဲ့ဝင်များ EU နှင့် GIZ  အဖွဲ့အစည်းမှ တာဝန်ရှိသူများ ပူးပေါင်းပါဝင်တက်ရောက် ဆွေးနွေးခဲ့ကြပါသည်။ အစည်းအဝေးတွင်  ၂၀၁၅ ခုနှစ်၊ ဒီဇင်ဘာလမှ စတင်ကာ ၂၀၁၆ ခုနှစ်၊ မေအတွင်း ဆောင်ရွက် ခဲ့သော အောင်မြင်မှုများနှင့် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့်  အခြေအနေများကို ဆွေးနွေးခဲ့ကြပါသည်။ ထို့အပြင် အစည်းအဝေးတွင် တက်ရောက်လာသူများက နောင်လာမည့် စီမံကိန်းဆောင်ရွက်မည့်ကာလတွင်  အကောင်အထည်ဖော် ဆောင်ရွက်ရမည့် လုပ်ငန်းများအပေါ် ဆွေးနွေးခဲ့ပြီး Progress Report No.(2) အပေါ် ပြန်လည်သုံးသပ်ခဲ့ကြပါသည်။

 

WTO

Local Trade News

Pages