ကမ္ဘာ့ရွှေဈေးမြင့်တက်မှုကြောင့်ပြည်တွင်းရွှေဈေး ပြန်လည်မြင့်တက်လာ

Mon, 08/07/2017 - 05:34 -- admin_ygn

         ယခုရက်သတ္တပတ်အတွင်း ပြည်တွင်းရွှေဈေးသည် ကျပ်ကိုးသိန်းကျော်သို့ ပြန်လည်မြင့်တက်လာခဲ့ကြောင်း  ပြည်တွင်းရွှေဈေးကွက်အတွင်းမှ စုံစမ်းသိရှိရ သည်။ ကမ္ဘာ့ရွှေဈေး မြင့်တက်လာခြင်းကြောင့် ပြည်တွင်းရွှေေ ဈးများ မြင့်တက်လာရခြင်းဖြစ်ကြောင်း ရွှေကုန်သည်တစ်ဦးက သုံးသပ်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးသည် ယခုတစ်ပတ်တွင် အမေရိကန်ဒေါ်လာ ၁၂၆၀ အထိ မြင့်တက်ခဲ့သဖြင့် ပြည်တွင်းရွှေဈေးသည်လည်း ကျပ် ၉၀၆၀၀၀ အထိ မြင့် တက်ခဲ့သည်။
         "ဒီတစ်ပတ်မှာ ကမ္ဘာ့ရွှေဈေးက မြင့်တက်လာတော့ ပြည်တွင်းရွှေဈေးကလည်း လိုက်ပြီးမြင့်တက်လာတယ်။ ပြည်တွင်းငွေလဲနှုန်းက သိပ်မတက်လို့ ပြည်တွင်းရွှေ ဈေး ကျပ် ၉၀၇၀၀၀ နဲ့ တန့်နေတာ။ အရင်လတွေတုန်းက လို ပြည်တွင်းငွေလဲနှုန်းပါ မြင့်တက်လာရင်တော့ ပြည်တွင်းရွှေဈေးက အခုထက်ပိုပြီး မြင့်တက်လာနိုင်တယ်"ဟု ရွှေကုန်သည် ဦးစံမြင့်က သုံးသပ်ပြောကြားခဲ့သည်။ ပြည်တွင်းရွှေဈေးကွက်တွင် ဇူလိုင် ၂၄ ရက်က အခေါက်ေ ရွှတစ်ကျပ်သား လျှင် ကျပ် ၉၀၂၀၀၀ ရှိခဲ့ပြီး ဇူလိုင် ၂၇ ရက်တွင် ကျပ် ၉၀၆၀၀၀ သို့ မြင့်တက် ခဲ့သည်။ ဇူလိုင် ၂၉ ရက်တွင် ကျပ် ၉၀၈၀၀၀ သို့ ဆက်လက်မြင့်တက်ခဲ့သည်။ ကမ္ဘာ့ရွှေဈေးကွက်တွင် ဇူလိုင် ၂၄ ရက်က တစ်အောင် စလျှင် အမေရိကန် ဒေါ်လာ ၁၂၅၅ ရှိခဲ့ရာမှ ဇူလိုင် ၂၇ ရက်တွင် ၁၂၆၂ ဒေါ်လာသို့လည်းကောင်း၊ ဇူလိုင် ၂၉ ရက်တွင် ၁၂၇၀ ဒေါ်လာသို့လည်းကောင်း မြင့်တက်ခဲ့သည်။

 

မယ်သီတာ

Local Trade News

Pages