တရုတ်အထည်အလိပ် အမေရိကန်ဈေးကွက်သို့ ချဲ့ထွင်ရန်ကြိုးပမ်း

Thu, 01/30/2020 - 09:16 -- admin_ygn

   တရုတ်နိုင်ငံက  ထုတ်လုပ်သည့် အထည် အလိပ်နှင့် အဝတ်အထည်များကို အမေရိကန် နိုင်ငံဈေးကွက်သို့ ချဲ့ထွင်တင်ပို့ နိုင်ရန် ကြိုးပမ်း လျက်ရှိကြောင်း   ဆင်ဟွာသတင်းတစ်ရပ်တွင် ဖော်ပြထားချက်အရ သိရသည်။ တရုတ်နိုင်ငံက   ထုတ်လုပ်သည့်  အထည် အလိပ်နှင့်  အဝတ်အထည်များကို အမေရိကန် နိုင်ငံ နယူးယောက်တွင် ကျင်းပနေသည့် အထည် အလိပ် ပြပွဲ၌ ပြသလျက်ရှိနေသည်။ "ကျွန်တော်တို့နိုင်ငံကထွက်တဲ့  အထည် အလိပ်တွေကို  ကမ္ဘာအနှံ့   တင်ပို့နေပါတယ်။ အခုချိန်မှာတော့ အမေရိကန်နိုင်ငံ ဈေးကွက်ကို လည်း ချဲ့ထွင်တင်ပို့နိုင်ရေးကို ကြိုးပမ်းနေပါ တယ်။ အဲဒီအတွက် ဂျာမနီ၊ ဂျပန်တို့နဲ့ ယှဉ်ပြိုင် မှုတွေတော့ ရှိလာမှာပါ။ ဈေးကွက်ယှဉ်ပြိုင်မှုတွေ၊ စိန်ခေါ်မှုတွေကိုတော့ ကျွန်တော်တို့ မလွဲမသွေ ရင်ဆိုင်ရမှာပါ။ ဒါပေမဲ့ ကျွန်တော်တို့ရဲ့ ထုတ်ကုန် အပေါ်မှာ ယုံကြည်မှု အပြည့်ရှိပါတယ်။ အမေ ရိကန်ဈေးကွက်မှာ ကျွန်တော်တို့ တရုတ်နိုင်ငံက ထုတ်တဲ့ အထည်အလိပ်တွေနဲ့  အဝတ်အထည် တွေဟာ အမေရိကန်နိုင်ငံမှာ ဈေးကွက်တစ်ခု အခိုင်အမာ ရရှိနိုင်မယ်ဆိုတာ ယုံကြည်ထားပါ တယ်။ အဲဒီအတွက်လည်း ကျွန်တော်တို့ အစွမ်း ကုန် ကြိုးစားသွားမှာပါ" ဟု တရုတ်နိုင်ငံက  ျွသာ ျွသူ ဥကအိသသမ ကုမ္ပဏီမှ အမှုဆောင်ဒါရိုက်တာ ဂျောင်နန်က ပြောသည်။

 

မြသဲ

International Trade News

Pages