တရုတ်နိုင်ငံနှင့် မဟာဗျူဟာမြောက် ဆွေးနွေးမှုကြောင့် အီဂျစ်၏စီးပွားရေး တိုးတက်လာနိုင်

Thu, 01/16/2020 - 08:18 -- admin_ygn

      တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိသည် ဇန်နဝါရီ ၈ ရက်က အီဂျစ်နိုင်ငံ ကိုင်ရိုမြို့တွင် အီဂျစ်နိုင်ငံခြားရေး ဝန်ကြီး   Sameh Shoukry နှင့်တွေ့ဆုံပြီး မဟာဗျူ ဟာမြောက် သံတမန်ဆက်ဆံရေးဆွေးနွေးမှုတစ်ခု ပြုလုပ်ခဲ့ကြောင်း သိရသည်။ တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံ ခြားရေးဝန်ကြီးဝမ်ယိသည် ယင်းနေ့တွင်ပင် အီဂျစ် နိုင်ငံသမ္မတ အဗ္ဗဒယ်ဖတ်တာအယ်လ်-စီစီနှင့် လည်းတွေ့ဆုံပြီး တရုတ်နှင့် အီဂျစ်တို့၏ နှစ်နိုင်ငံ အကြား ဘက်စုံမဟာဗျူဟာမြောက် မိတ်ဖက်နိုင်ငံ ဆက်ဆံရေး  ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း ဆင်ဟွာသတင်းတွင် ဖော်ပြထားသည်။

      တရုတ်နိုင်ငံတော်ကောင်စီဝင်နှင့် နိုင်ငံ ခြားရေးဝန်ကြီး ဝမ်ယိက ကျွန်တော်တို့ တရုတ် နိုင်ငံသမ္မတကြီး   ရှီကျင့်ဖိန်ရဲ့ လမ်းညွှန်မှုအရ တရုတ်နဲ့ အီဂျစ်နှစ်နိုင်ငံကြား ဘက်စုံ မဟာဗျူဟာ မြောက် မိတ်ဖက်နိုင်ငံဆက်ဆံရေးကို ကောင်းစွာ ချမှတ် ဆောင်ရွက်နိုင်ခဲ့တယ်လို့ ယုံကြည်ပါတယ်။ ပေါ်ထွန်းစဈေးကွက်တွေကို ကိုယ်စားပြု နိုင်ငံ နှစ်နိုင်ငံအဖြစ် စိန်ခေါ်မှုတွေကို ပူးတွဲရင်ဆိုင်ရင်း နဲ့  ပူးပေါင်းဆောင်ရွက်မှုကို  တိုးမြှင့်သွားမှာပါ။ အီဂျစ်နိုင်ငံရဲ့ စီးပွားရေးကလည်း  အချိန်တိုအတွင်းမှာ အလျင် အမြန် တိုးတက်လာမယ်လို့ ထင်ပါတယ်။ တရုတ်နိုင်ငံအနေနဲ့လည်း အီဂျစ် နိုင်ငံနဲ့ အကျိုးတူ တရုတ်-အီဂျစ် အသိုက်အဝန်း တစ်ခုကို ပူးတွဲတည်ထောင်ဖို့နဲ့  နည်းလမ်းတွေ ရှာဖွေဖို့ ဆန္ဒရှိနေပါတယ်ဟု ပြောဆိုခဲ့သည်။ ထို့ပြင် အဆိုပါတွေ့ဆုံဆွေးနွေးပွဲတွင် အီဂျစ် နိုင်ငံအနေဖြင့် ရပ်ဝန်းနှင့် ပိုးလမ်းမ  ပူးတွဲတည် ဆောက်ရာတွင် ပိုမိုပူးပေါင်းပါဝင်ရန်၊ ကုန်ထုတ် လုပ်မှုစွမ်းရည်များ၊  ကုန်သွယ်ရေးကဏ္ဍများနှင့် စီးပွားရေး၊ ယဉ်ကျေးမှုနှင့် ဘေးကင်းလုံခြုံရေး စသည့်  နယ်ပယ်ပေါင်းစုံတွင် ပူးပေါင်းဆောင် ရွက်မှု တိုးမြှင့်ရန်ကိုလည်း ဝမ်ယိက တိုက်တွန်းပြော ဆိုခဲ့ကြောင်း သတင်းတွင် ဆက်လက်ဖော်ပြထား သည်။

      အီဂျစ်နိုင်ငံခြားရေးဝန်ကြီး Sameh Shoukry ကလည်း အီဂျစ်နိုင်ငံအနေဖြင့် တရုတ် နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များကြားတွင်  ရရှိထားသည့် သဘောတူညီမှုများကို အကောင်အထည်ဖော်ရေး၊ ရပ်ဝန်းနှင့် ပိုးလမ်းမ ပူးတွဲတည်ဆောက်မှု မြှင့်တင်ရန်နှင့် နိုင်ငံစုံပါဝင် မှုရေးရာများတွင် ဆက်သွယ်မှုနှင့် ညှိနှိုင်းဆောင်ရွက်မှုများ ခိုင်မာစေရေးအတွက် လုပ်ဆောင်ရန် ဆန္ဒရှိကြောင်း ပြောခဲ့သည်။ တရုတ်နှင့် အီဂျစ် နှစ်နိုင်ငံ ခေါင်းဆောင် များသည် စီးပွားရေးအခွင့်အလမ်းများ ဖြစ်ထွန်း စေမည့် နှစ်နိုင်ငံ မဟာဗျူဟာမြောက် ဆွေးနွေးမှု အပြီးတွင်  အခြားဒေသတွင်း အရေးပါသည့်ကိစ္စရပ်များ အပေါ်တွင်လည်း အမြင်ချင်းဖလှယ်ဆွေး နွေးခဲ့ကြောင်း သိရသည်။

 

မြသဲ

International Trade News

Pages