ဂျပန်အစိုးရက အသေးစားစီးပွားရေးလုပ်ငန်းရှင်များအား ကူညီပံ့ပိုးပေးလျက်ရှိ

Tue, 09/03/2019 - 04:57 -- admin_ygn

      ဂျပန်နိုင်ငံ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းရှင်အေဂျင်စီကအသေးစား၊ အလတ်စားစီးပွားရေးလုပ် ငန်းဆောင်ရွက်နေကြသည့် သက်တမ်း ရင့်လုပ်ငန်းရှင်များအား လုပ်ငန်းဖျက် သိမ်းခြင်းမျိုးမဖြစ်စေရန် အခွ န်လျှော့ချ ပေးခြင်းနှင့် အခြားသော ကူညီပံ့ပိုးခြင်းများ ဆောင်ရွက်နေသည်။ ဂျပန်နိုင်ငံရှိ ကုမ္ပဏီ ၉၉ ရာခိုင် နှုန်းကျော်ပါဝင်သည့် အဆိုပါလုပ်ငန်းငယ်လေးများအတွက် ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းရေရှည် တည် တံ့မှု၊ ကုန်ထုတ်လုပ်မှုစွမ်းရည် အပိုင်းတွင် မျိုးဆက်သစ်များအား လက်ဆင့်ကမ်းနိုင်စေရန် စသည်တို့ အပေါ် မျှော်မှန်း၍ ဆောင်ရွက်နေခြင်း ဖြစ်သည်ဟုသိရသည်။
      လက်ရှိလုပ်ငန်း လည်ပတ်ဆောင် ရွက်နေကြသည့် အသေးစား အလတ် စားစီးပွားရေးလုပ်ငန်းများသည်  ၆၄ ရာခိုင်နှုန်းခန့်ရှိရာမှ ၂၀၂၅   ခုနှစ် အရောက်တွင် ၇၀ ရာခိုင်နှုန်းထိ တိုးပွား လာနိုင်သည်ဟု အသေးစား အလ တ်စား စီးပွားရေးလုပ်ငန်းရှင် အေဂျင်စီက ဆို သည်။ အဆိုပါ အေဂျင်စီက ထိုစီးပွားရေးလုပ်ငန်းငယ်များကိုဆက်ခံမည့်သူမရှိပါက (၂၀၁၅ ခုနှစ်မှ ၂၀၂၅) ခုနှစ် တာ ကာလအတွင်း အလုပ်အကိုင်ပေါင်း ၆ ဒသမ ၅ သန်း ခန့်၊ GDP အားဖြင့် ယန်း ၂၂ ထရီလီယံ (အမေရိကန် ဒေါ်လာ ၂၀၉ ဘီလီယံ) ခန့် ဆုံးရှုံးနိုင်မည်ဟုခန့်မှန်းထားသည်။
     ထို့ကြောင့် အေဂျင်စီအနေဖြင့် အဆိုပါ စီးပွားရေးလုပ်ငန်းငယ်လေး များဆောင်ရွက်နေကြသူများက ၎င်းတို့၏ စတော့ရှယ်ယာများကို ဆက်ခံသူ များထံ လွှဲပြောင်းပေးရာတွင် ၂၀ ရာခိုင် နှုန်းအခွန်လျှော့ချပေးခြင်း၊ ဆက်ခံ သူများက ပိုမိုကောင်းမွန်သည့် စီးပွားရေး လုပ်ငန်းပုံစံအသစ်များ ဆောင်ရွက်ရာ တွင် အမတော်ကြေး များပေးခြင်း စသည့် ထောက်ပံ့မှုများ ဆောင်ရွက်နေ ခြင်းဖြစ်သည်။ ထိုသို့ဆောင်ရွက်ရာတွင် နိုင်ငံ တော် ဘတ်ဂျက်နှစ် အစပြုသည့် ၂၀၂၀ ခုနှစ် ဧပြီလမတိုင်မီနှင့် လာမည့် ဒီဇင် ဘာလ၌ ဘဏ္ဍာရေးဝန်ကြီးဌာနက အခွန်ဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများ မဆောင်ရွက်မီ ယခုသြဂုတ်လအတွင်းအခွန်ပိုင်းဆိုင်ရာသင့်လျော်သည့် အဆို ပြုမှုများကို ဘဏ္ဍာရေးဝန်ကြီးဌာနသို့ အဆိုပြုရမည်ဟု သိရသည်။

 

ရင်းမြစ်။ Japan Today, Aug 15, 2019
နန္ဒာဝင်း၊ စီးပွားရေးသံမှူး မြန်မာသံရုံး၊ တိုကျိုမြို့

International Trade News

Pages