ဂျပန်နိုင်ငံတွင် လူမှုရေး၊ စီးပွားရေးလုပ်ငန်းများ ပြန်လည်ဆောင်ရွက်ခွင့်ပြုရန် ပြင်ဆင်နေ

Wed, 06/10/2020 - 08:02 -- admin_ygn

ကိုရိုနာဗိုင်းရပ်စ်ပြန့်ပွားမှုကြောင့် ချမှတ်ခဲ့သည့် နိုင်ငံ တစ်ဝန်းအရေးပေါ် အခြေအနေကြေညာချက်ကိုမေ၂၅ ရက် တွင် ပြန်လည်ရုပ်သိမ်းပြီးနောက် လူမှုရေးနှင့် စီးပွားရေး လုပ်ငန်းများကို အဆင့်လိုက် ပြန်လည် လုပ်ကိုင်ဆောင်ရွက် ခွင့်ပြုသွားရန် ဂျပန်အစိုးရက စီစဉ်နေသည်။ ဂျပန်၏ခရိုင်  ၄၇ ခုတွင် နောက်ဆုံး ကျန်ရှိနေသည့် ခရိုင်ငါးခုအား အရေး ပေါ်အခြေအနေကြေညာချက်အား ရုပ်သိမ်းကြောင်း ဝန်ကြီး ချုပ် ရှင်ဇိုးအာဘေးက မေ ၂၅ ရက်တွင် ပြောကြားခဲ့ခြင်း ဖြစ် သည်။ ကိုရိုနာဗိုင်းရပ်စ် လွှမ်းမိုးနေသည့် ခေတ်ကာလတွင် ဂျပန်နိုင်ငံ၏ လူနေမှုပုံစံသစ်ကိုဖန်တီးထူထောင်သွားမည် ဖြစ်ကြောင်း မစ္စတာအာဘေးက ပြောကြားခဲ့သည်။ အရေးပေါ် ကြေညာချက်ကို ရုပ်သိမ်းလိုက်သော်လည်း ကူးစက်မှုဖြစ်နိုင် သည့်အန္တရာယ်ကို သုညအဆင့်အထိဖြစ်သွားရန် လျှော့ချ နိုင်မည် မဟုတ်ပါကြောင်း အစိုးရအနေဖြင့် နိုင်ငံတစ်ဝန်းလုံးရှိ ဒေသတစ်ခုချင်းစီတွင် ရောဂါကူးစက်မှုအတိုင်းအတာနှင့် ရောဂါပျံ့နှံ့မှုအန္တရာယ်ဖြစ်နိုင်ခြေရှိမှုများကို အကဲဖြတ်လျက် ခန့်မှန်းခြေအားဖြင့် သီတင်းသုံးပတ်ခန့်ခြားပြီး ကန့်သတ် တားမြစ်ချက်များအား ဆက်လက်ဖြေလျှော့သွားရန် ပြင်ဆင် နေကြောင်း ၎င်းကပြောကြားခဲ့သည်။ 

 

ဂီတဖျော်ဖြေပွဲများနှင့် ပြပွဲများနှင့်ပတ်သက်၍ တက် ရောက်သူအရေအတွက်ကို ကန့်သတ်သတ်မှတ်ပြီးမှသာ ကျင်းပဆောင်ရွက်ခွင် ပြုသွားမည်ဖြစ်ကြောင်း၊ ကန့်သတ် ချက်များကို အဆင့်လိုက် ဖြေလျှော့သွားမည်ဖြစ်ကြောင်း၊ အားကစားပွဲများကိုဇွန် ၁၉ ရက် တွင်စတင် ကျင်းပရန် ခွင့်ပြု သွားမည်ဖြစ်ပြီး ပွဲကြည့်ပရိသတ်အရေအတွက်ကိုလည်း တဖြည်းဖြည်း တိုးမြှင့် ခွင့်ပြုသွားမည်ဖြစ်ကြောင်း၊ မည်သည့် ပမာဏအမျိုးအစားရှိ အားကစားပွဲမျိုးကိုမဆို သြဂုတ် ၁ ရက် ကစ၍ ပြန်လည်ကျင်းပခွင့်ပြုသွားရန် ဂျပန်အစိုးရက စီစဉ် နေသည်။

 

နန္ဒာဝင်း၊ စီးပွားရေးသံမှူး၊ မြန်မာသံရုံး၊ တိုကျို

International Trade News

Pages