မူဆယ်နယ်စပ်ရော မြဝတီနယ်စပ်မှပါ ကြက်သွန်နီတင်ပို့

Tue, 06/06/2017 - 05:40 -- admin_ygn

         မေ ၂၀ ရက်မှ ၂၆ ရက်အထိ သီတင်းပတ်အတွင်း မြန်မာ-တရုတ် နယ်စပ်ရှိ မူဆယ်(၁၀၅) မိုင် ကုန်သွယ်ရေးဇုန်မှ အမေရိကန်ဒေါ်လာ သုည ဒသမ ၄၆၅ သန်း တန်ဖိုးရှိ ကြက်သွန်နီ  ၁၂၀၅ တန်ကို တရုတ်နိုင်ငံသို့ တင်ပို့ ခဲ့ရာ ယခင်တစ်ပတ်က တင်ပို့ခဲ့တဲ့ ၁၄၀၁ တန်နဲ့ နှိုင်းယှဉ်ပါက ၁၉၆ တန် လျော့နည်းတင်ပို့ခဲ့တာ တွေ့ရပါ တယ်။ မြန်မာ-ထိုင်း နယ်စပ်ရှိ မြဝတီကုန်သွယ်ရေးဇုန်ကတော့ အမေရိကန်ဒေါ်လာ ၁၂၇၉၂ တန်ဖိုးရှိ  ကြက်သွန်နီ တန် ၃၀ ကိုလည်းကောင်း၊ တာချီလိတ်ကုန်သွယ်ရေး စခန်းမှ အမေရိကန်ဒေါ် လာ ၁၄၇၀၀၀ တန်ဖိုးရှိ ကြက်သွန်ဖြူ  တန် ၁၀၀ ကို လည်းကောင်း ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့ပါတယ်။ ယခင်တစ်ပတ် ကတော့ မြဝတီမှ ကြက်သွန်နီ တင်ပို့မှု မရှိဘဲ တာချီလိတ်မှ ကြက်သွန်နီ ၁၂၅ တန်နဲ့ ကြက်သွန်ဖြူ တန် ၁၇၀ ကို ထိုင်းနိုင်ငံသို့ တင်ပို့ခဲ့တယ်လို့ သိရပါတယ်။

 

မော်မော်အောင်

Border Trade News

Pages