ပြည်ကြက်သွန်ဖြူ အဝင်လှိုင်

Fri, 06/23/2017 - 03:06 -- admin_ygn

         ပြည်ကြက်သွန်ဖြူပွဲရုံများသို့ ကြက်သွန်ဖြူအိတ်တွေ အဝင်လှိုင်နေဆဲဖြစ် ကြောင်းတွေ့ရပါတယ်။  မူဆယ် (၁၀၅) မိုင်ကုန်သွယ်ရေးဇုန်မှတစ်ဆင့် မြန်မာနိုင်ငံအတွင်းသို့ တရုတ်နိုင်ငံမှ ဝင်ရောက်လာသော ကြက်သွန်ဖြူ အိတ်များကို တိုင်းဒေသ ကြီးနဲ့ ပြည်နယ်အသီးသီးမှ ကုန်သည်ပွဲစားများက အဆွဲများပြီး ဒေသတွင်း လှောင် လက်သမားများထံ ချိတ်ဆက်ရောင်းဝယ်မှုကြောင့် ဈေးကွက်အတွင်း အဝင်လှိုင်နေကြောင်းလည်း သိရပါတယ်။ ဝင်ေ ရာက်လာတဲ့ ကြက်သွန်ဖြူတွေဟာ အစိုဓာတ် သိပ်မများတော့ဘဲ အရည်အသွေးသန့်တာကို တွေ့ရပါတယ်။ လှောင်လက်သမား များပါ အိတ်အဆွဲများပြီး လက်လီအရောင်းသမားများပါ ဈေးသက်သာချိန်ဖြစ်လို့ အဆွဲများကာ အေ ရာင်းအဝယ်ဖြစ်နေကြောင်းသိရပါတယ်။  ဒီတစ်ပတ် ကြက်သွန် ဖြူဈေးနှုန်းတွေကတော့ ပြည်ပွဲရုံဈေး တစ်ပိဿာလျှင် ရှမ်းစ ကျပ် ၃၂၀၀ မှ ကျပ် ၃၈၀၀ ဈေးတို့ဖြင့် ရောင်းချလျက်ရှိပြီး ကြူကုတ်စ တစ်ပိဿာလျှင် ကျပ် ၂၂၀၀မှ ကျပ်၂၅၀၀  ဈေးဖြစ်ပါတယ်။ ဒေသတွင်း လက်လီ ဈေးများတွင် ရှမ်းစကျပ် ၃၈၀၀ မှ ကျပ် ၄၄၀၀ ဈေးနှင့် ကြူကုတ်စကိုကျပ် ၃၀၀၀ မှ ကျပ် ၃၅၀၀ ထိ လက်လီ ရောင်းချလျက်ရှိပါတယ်။ အဝင်လှိုင်နေတာကြောင့် ဈေး ထပ်ကျနို င်ပေမယ့် အရည် အသွေးကောင်းတာကြောင့် ဈေးအနည်းငယ်မြောက်ကာ အိတ်အဆွဲများကြောင်း သိရပါတယ်။ ပွဲရုံတွင် အိတ်အဆွဲဈေးအဖြစ် တစ်ပိဿာလျှင် ကျပ် ၁၉၀၀ ရှိကြောင်း လည်း ဈေးကွက်မှသိရပါတယ်။

 

နီနီဝင်း (ပြည်)

Border Trade News

Pages