ငါးရှဉ့် လုပ်ငန်းရှင်များအသင်း မူဆယ် ၁၀၅ မိုင်မှာ ဖွဲ့စည်း

Tue, 05/07/2013 - 07:39 -- admin

ရှမ်းပြည်နယ်၊ မူဆယ်မြို့၊ မူဆယ်-နမ့်ခမ်းနယ်စပ်ကုန်သွယ်ရေးကုန်သည်အသင်းရုံး အစည်းအဝေး ခန်းမမှာ မတ်လ ၂၀ ရက်က ငါးရှဉ့်လုပ်ငန်းရှင်များအသင်း(မူဆယ် ၁၀၅ မိုင်)၊ ကုန်သွယ်ရေးဇုန်စတင် ဖွဲ့စည်းခြင်း အခမ်းအနား ကျင်းပပြုလုပ်ခဲ့ပါတယ်။ အဆိုပါ အစည်းအဝေးသို့ မူဆယ် ၁၀၅ မိုင်ကုန်သွယ် ရေးဇုန်ကူးသန်းရောင်းဝယ်ရေးနဲ့ စားသုံးသူရေးရာ ဦးစီးဌာန ညွှန်ကြားရေးမှူး၊နဲ့ ဝန်ထမ်းများ၊ အကောက်ခွန်ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး၊ မူဆယ်ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ တာဝန် ရှိသူများ၊ ကုန်သွယ်မှုမြှင့်တင်ရေးဦးစီးဌာန၊ ဦးစီးအရာရှိ၊ မူဆယ်မြို့နဲ့ မူဆယ်ခရိုင်/မြို့နယ်အဆင့်ရှိ ဌာနဆိုင်ရာ တာဝန်ရှိပုဂ္ဂိုလ်များ၊ မူဆယ်-နမ့်ခမ် နယ်စပ်ကုန်သွယ်ရေးကုန်သည်များအသင်း ဥက္ကဋ္ဌနဲ့အလုပ်အမှု ဆောင်များ၊မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိကုန်စည်ဒိုင်များမှဥက္ကဋ္ဌနဲ့ အလုပ်အမှုဆောင်များ၊ အသင်း အဖွဲ့ကုမ္ပဏီများမှ တာဝန်ရှိ ပုဂ္ဂိုလ်များနဲ့ အခြားဖိတ်ကြားထားတဲ့ ဧည့်သည်တော်များ စုစုပေါင်း ၃၀ဦးတက်ရောက်ခဲ့ပါတယ်။ ၎င်းအစည်းအဝေးမှာ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန် ကူးသန်းရောင်းဝယ်ရေးနဲ့စားသုံးသူရေးရာ ဦးစီးဌာနညွှန်ကြားရေးမှူး၊ ငါးလုပ်ငန်းဦးစီးဌာနမှ မူဆယ်မြို့နယ်တာဝန်ခံ၊ မူဆယ်-နမ့်ခမ်း နယ်စပ် ကုန်သွယ်ရေး ကုန်သည်အသင်းဥက္ကဋ္ဌနဲ့ မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ရှိ ငါးရှဉ့်လုပ်ငန်းရှင်အသင်း ဥက္ကဋ္ဌတို့မှ အမှာစကား ပြောကြားခဲ့ပြီး၊ ငါးရှဉ့်လုပ်ငန်းရှင်များအသင်းကို အလုပ်အမှုဆောင် စုစုပေါင်း ၉ ဦးနဲ့ စတင်ဖွဲ့စည်းပါတယ်။  ယခင် မူဆယ်မြို့မှာ ငါးရှဉ့်အသင်းမရှိခဲ့လို့ ရောင်းဝယ်မှု လုပ်ငန်းများမှာ လုပ်ငန်းအဆင်မပြေမှုများ၊ ဈေးကွက်ဝေစု နည်းပါးခြင်းများစတဲ့ အခက်အခဲများကြုံတွေ့ခဲ့ရပါတယ်။ ဒါကြောင့် ငါးရှဉ့်ရောင်းဝယ်မှုလုပ်ငန်းများ အဆင်ပြေ ချောမွေ့စေဖို့ အခက်အခဲနဲ့ ပြဿနာများဖြစ်ပေါ်လာပါက အသင်းအနေနဲ့ သက်ဆိုင်ရာ အဖွဲ့အစည်းများနဲ့ ညှိနှိုင်းဆွေးနွေးအဖြေရှာနိုင်ဖို့ ငါးရှဉ့်လုပ်ငန်းရှင်များရဲ့ အကျိုးစီးပွားဖြစ်ထွန်းစေဖို့အတွက် ရည်ရွယ်ကြောင်းသိရပါတယ်။ 
ဝင်းမြင့်ဦး - လားရှိုး

Border Trade News

Pages