(Mobile Team) အဖွဲ့ စတင်ဆောင်ရွက်မှုနဲ့ စိစစ်တွေ့ရှိချက်များ

Tue, 12/04/2012 - 14:02 -- Anonymous (not verified)

   မူဆယ်-မန္တလေးလမ်းကြောင်းရှိ စားသုံးသူအကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှုတားဆီး ထိန်းချုပ်ရေးအဖွဲ့ (Mobile Team) နဲ့ ထိန်းကျောင်းဆောင်ရွက်မဲ့ လုပ်ငန်းအစီအစဉ်များကို ရန်ကုန်၊ မန္တလေး၊ လားရှိုးနဲ့ မူဆယ်မြိ့ုများမှာ ချပြဆွေးနွေးခြင်း၊ ကုန်သွယ်ရေးဇုန်နဲ့ တိုးဂိတ်များ၊ ယာဉ်လိုင်းဂိတ်များမှာ အသိ ပညာပေး ဗီနိုင်းများ ချိတ်ဆွဲထားခြင်းကို ဆောင်ရွက်ထားတယ်လို့ သတင်းရရှိပါတယ်။

  မူဆယ်-မန္တလေး(Mobile Team) အဖွဲ့ကို နိုဝင်ဘာလ (၁)ရက်နေ့မှာ နယ်စပ်ကုန်သွယ်ရေး၊ အကောက်ခွန်၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့နဲ့ သတင်းမီဒီယာ၊ ဒေသအာဏာပိုင်အဖွဲ့ကိုယ်စားလှယ်နဲ့ ကုန်သည်ကြီးများ အသင်းကိုယ်စားလှယ်တို့နဲ့ စတင်ဖွဲ့စည်းခဲ့ပြီး နိုဝင်ဘာလ ၂ ရက်နေ့ကစတင်ပြီး လမ်းကြောင်းတစ်လျှောက် စစ်ဆေးမှုများကို လုပ်ဆောင်ခဲ့ရာမှာ နိုဝင်ဘာလ ၂ ရက်မှ ၆ ရက်ထိကာလအတွင်းမှာ မိုင်တိုင် (၂၇၃/၃-၂၇၄/ဝ) အကြား (၂၇၃/ဝ-၂၇၃/၄) အကြား (၂၅၉/၃-၂၅၉/၄ မိုင်တိုင်) အကြားနိမ့်ပေါ်တံတားစတဲ့ လမ်းကြောင်းပေါ်မှာ အခြေပြုစစ်ဆေးချက်အရ လိုင်စင်မဲ့ ကုန်ပစ္စည်းများ၊ အထည်ထုတ်များ၊ ကားလိုင်နာများ၊ ခါးပတ်များ၊ စားသောက်ကုန်၊ အိမ်သုံးကုန်၊ ပုဂ္ဂိုလ်သုံး ထက်ကျော်လွန်သောကုန်များကို ရှာဖွေတွေ့ရှိခဲ့တဲ့အတွက် ယာယီသိမ်းဆည်းပြီး မူဆယ်အကောက်ခွန်မြိ့ုနယ် ရုံးသို့အပ်နံှ၍ လိုင်စင်ပြုလုပ်နိုင်ရေး ညှိနှိုင်း ဆောင်ရွက် ပေးခဲ့တယ်လို့သတင်းရရှိပါတယ်။ နိုဝင်ဘာလ ၇ ရက်နေ့မှာ ဆက်လက်၍အတက်အဆင်းယာဉ်များအား စစ်ဆေးရာမှာ တရားမဝင် အကောက်ခွန်မဲ့ ပစ္စည်းများ သယ်ဆောင်တဲ့ ယာဉ်များကို စစ်ဆေးတွေ့ရှိရခြင်း မရှိ တော့ဘဲ အကောက်မဲ့ ပစ္စည်းသယ်ဆောင်တဲ့ ယာဉ်များ လျော့နည်းသွားတာ တွေ့ရပါတယ်။

  အဖွဲ့အနေနဲ့ ကြိုတင် ပညာပေးဟောပြောခြင်း၊ အသိပေးကြေငြာခြင်းများ ဆောင်ရွက်ပေးတဲ့ အတွက် မူဆယ်-မန္တလေးကုန်သွယ်မှု လမ်းကြောင်းတစ်လျှောက် တရားမဝင် ကုန်သွယ်မှုများ လွတ်လပ်စွာသွားလာမှု လျော့နည်းလာခြင်း၊ လွတ်လပ်စွာသယ်ဆောင် သွားလာနိုင်မှု မရှိတဲ့အတွက် တရားဝင် လမ်းကြောင်းပေါ်သို့ကူး ပြောင်းဆောင်ရွက်လာ သဖြင့် တရားဝင် တပိုင်တနိုင် ကုန်သွယ်မှု (Individual Trading Card) ဆောင်ရွက်ပေးရန် တောင်းဆိုမှုများ ရှိလာတယ်လို့ သိရပါတယ်။ အဖွဲ့စုံနဲ့ ဆောင်ရွက်ခြင်းဖြစ်လို့ အပြန်အလှန် ထိန်းကျောင်းမှုရှိရာ ပိုမို အောင်မြင်မှု ရရှိစေနိုင်မှာ ဖြစ်ပါတယ်။

  တရားမဝင် သွားလာမှုများ လျော့နည်းသွားတယ် ဆိုရပေမဲ့လည်း လုံခြုံရေးအရ အဖွဲ့အနေနဲ့ ညအချိန် ထွက်ရောက် တားဆီးနိုင်ခြင်း မရှိတဲ့/ မစိစစ်နိုင်တဲ့ အချိန်တွေမှာ ရှောင်ကွင်းလမ်းများကနေ ဆိုင်ကယ်များနဲ့ ကဲ့ပြီး ယာဉ်ငယ်ပေါ် တင်ဆောင် သွားလာမှုတွေ ရှိနေဆဲဖြစ်ပါတယ်။ ခရီးသည်တင် ယာဉ်များမှာ လိုင်စင်မဲ့ ကုန်ပစ္စည်းများ လွတ်လပ်စွာ တင်ဆောင်ရန် ခက်ခဲလာတဲ့ အတွက် ဆိုင်ကယ် ကယ်ရီများနဲ့ ရှောင်ကွင်းလမ်းများက တဆင့် သယ်ယူ ပေးမှုတွင် ကျယ်လာပြီး ဆိုင်ကယ် ကယ်ရီခများ ကြီးမြင့်လာတယ်လို့ သတင်းရရှိပါတယ်။

  တပိုင်တနိုင် ဆောင်ရွက်နေကြတဲ့ ကုန်သည်များ အနေနဲ့ တစ်နေရာတည်းမှာ လိုင်စင်လုပ်၊ ကျသင့်အခွန် ပေးဆောင်ပြီး တရားဝင် သွားလာခွင့် ရရှိရေး မေးမြန်းတင်ပြသူများ များပြားလာတဲ့ အတွက် တရားဝင် သွားလာ သူများ တရားဝင် သွားလာခွင့် ရရှိစေရန် (Individual Trading Card) စနစ်အား အမြန် အကောင် အထည်ဖော်ဆောင် ကျင့်သုံး သင့်ကြောင်း (Mobile Team)အဖွဲ့မှ တာဝန်ရှိသူထံကသိရှိရပါတယ်။

                                                                                                                            Source : (Mobile Team) ဂန္ဓမာ