(ITC) ကတ်ကြောင့် တစ်နိုင် တစ်ဆွဲများ လမ်းကြောင်း မှန်ပေါ် ရောက်လာ

Tue, 05/14/2013 - 06:56 -- admin

ကြာသပတေးနေ့  ၇ မတ်လ  ၂၀၁၃  11 း 00 AM

ရိုးရာ လို့ ခေါ်တဲ့ တစ်နိုင် တစ်ဆွဲဖြင့် ကုန်ပစ္စည်း သယ်ယူ မှုဟာ မြန်မာ နိုင်ငံရှိ နယ်စပ် များတွင် တွင်ကျယ် ခေတ်စား နေတဲ့ စကား တစ်ခုပဲ ဖြစ်ပါ တယ်။ တစ်နိုင် တစ်ဆွဲ ဖြစ်လာ ရတာ ကလဲ ဒေသနေ ပြည်သူ လူထု အနေနဲ့ တရားဝင် ကုန်သွယ် မှု ပြုရန် အတွက် ရင်းနှီး မြှုပ်နံှ ရတဲ့ ငွေကြေး ဟာ မိမိတို့ အရင်း ထက် များနေခြင်း ကြောင့််လည်း ဖြစ်ပါ တယ်။..(ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

ဒါ့ကြောင့် အရင်း အနှီး နည်းပါး သူများ အနေဖြင့် ကုမ္ပဏီ ကြီးများကို မှီခိုပြီး မိမိတို့ ရောင်းဝယ် လိုတဲ့ ပစ္စည်း တွေကို ကုမ္ပဏီ နာမည် သုံးပြီး လိုင်စင် လျှောက်ထား ခဲ့ရ ပါတယ်။ ဒီလို ကုမ္ပဏီကြီး တွေဆီက Earning နဲ့ လိုင်စင် လျှောက်နိုင်တဲ့ သူတွေ ရှိသလို ဒေသ တွင်းမှာ ရှိတဲ့ အချို့သူ တော်တော် များများ ကတော့ ရိုးရာ အတိုင်း မှောင်ခို လမ်းကြောင်း ဆီ ဦးတည် ခဲ့ကြ ပါတယ်။

ယခု အခါ မှာတော့ နိုင်ငံ တော်မှ အရင်း အနှီး နည်းပါး သူ ဒေသခံ ပြည်သူ များ တရားဝင် ကုန်သွယ်မှု ပြုနိုင် စေရန် ရည်ရွယ် ပြီး တစ်ဦး တည်းပိုင် ပို့ကုန် သွင်းကုန် လုပ်ငန်းရှင် မှတ်ပုံတင် ကတ် (ITC များဖြင့် ကုန်သွယ်မှု ပြုနိုင် စေရန် အစီ အစဉ်များ ချမှတ် ဆောင်ရွက် ခဲ့ရာ ရှမ်းပြည်နယ် အရှေ့ ပိုင်း တာချီလိတ်၊ ကျိုင်းတုံ စသည့် ဒေသနေ ပြည်သူများ အနေဖြင့် အိမ်သုံး၊ လူသုံး ပစ္စည်း များအား တရားဝင် ကုန်သွယ်မှု ပြုလုပ် လာနိုင်ပြီ ဖြစ်ပါ တယ်။ တာချီလိတ် ဒေသမှာ ITC ကတ်ကို သုံးပြီး ပလပ် စတစ်ခုံ၊ သစ်သီးများ၊ အဝတ် အထည်များ၊ သွားတိုက် ဆေး၊ ခေါင်းလျှော် ရည်၊ ဆပ်ပြာမှုန့် များအား လိုင်စင် လျှောက်ထား လာကြပြီ ဖြစ်ပါ တယ်။

ဒါပေမယ့် ဒေသနေ ပြည်သူများ စားသုံးရန် အတွက် စားသောက် ကုန်များ တင်သွင်း မှုကို FDA ထောက်ခံချက်ပါမှ တင်သွင်း ခွင့်ပြု ထားသဖြင့် ဒေသနေ ပြည်သူများ အနေဖြင့် FDA ရရှိရန် နေပြည်တော်၊ ရန်ကုန်၊ မန္တလေး ဒေသ များတွင် သွားရောက်ဖို့ ဆိုတာ လဲ များစွာ ခက်ခဲ နေပါ သေးတယ်။ ဒါကြောင့် မူဆယ်၊ မြဝတီ မှာကဲ့သို့ FDA ရုံးခွဲ များ ဖွင့်လှစ် လာနိုင်ပါက ITC ကတ် ဖြင့် ကုန်သွယ် မှုမှာ ပိုမို သက်ဝင် လှုပ်ရှား လာမှာ ဖြစ်ပါ တယ်။

နကသ (တခလ)