အာဆီယံ + ၆ နိုင်ငံ တို့ လွတ်လပ် သော ကုန်သွယ်ရေးဇုန် ထူထောင်ရေး ဆွေးနွေးပွဲ ဖေဖော်ဝါရီလ နောက်ဆုံးပတ်တွင် ကျင်းပရန် ရှိ

Tue, 05/14/2013 - 06:51 -- admin

တနင်္လာနေ့  ၄ မတ်လ  ၂၀၁၃  2 း 10 PM

Regional Comprehensive Economic Partnership(RCEP) အစီ အစဉ် အရ ကမ္ဘာ့ အကြီးဆုံး လွတ်လပ် သော ကုန်သွယ်ရေး ဇုန် ထူထောင်ရေး တရားဝင် ညှိနှိုင်း ဆွေးနွေးပွဲ တစ်ရပ်ကို ဖေဖော်ဝါရီလ ၂၆ ရက်မှ ၂၈ ရက်ထိ ဘာလီမှာ အာဆီယံ အဖွဲ့ဝင် ၁ဝ နိုင်ငံ + တရုတ်၊ ဂျပန်၊ တောင်ကိုရီးယား၊ အိန္ဒိယ၊ သြစတြေးလျနဲ့ နယူးဇီလန် ၆ နိုင်ငံတို့ ဆောင်ရွက် သွားကြ မယ်လို့ ထိုင်း ကူးသန်း ရောင်းဝယ်ရေး ဝန်ကြီး ဌာန ကုန်သွယ်မှု ညှိနှိုင်းရေး ဌာန၊ ညွှန်ကြားရေးမှူးချုပ် Piramol Charoenpao က ပြောကြားကြောင်း The Nation သတင်းမှာဖော်ပြထားပါတယ်။

RCEP ညှိနှိုင်းမှုများမှာ ၂ဝ၁၅ ခုနှစ် အာဆီယံ စီးပွားရေး အသိုက် အဝန်း သက်ဝင်မှု ရှိစေရေး အတွက် ရည်ရွယ် ကျင်းပ နေခြင်း ဖြစ်ပါတယ်။ AEC အကောင် အထည် ဖော်နိုင်တဲ့ အခါမှာ ကမ္ဘာ့ ကုန်သွယ်မှုရဲ့ ၂၇ ရာခိုင်နှုန်း ကျော် ဆောင်ရွက်ခွင့် ရရှိ လာစေမှာ ဖြစ်တယ်လို့ သိရ ပါတယ်။

ASEAN + ၆ နိုင်ငံ အားလုံး သဘောတူညီမှု ရရှိလျှင် RCEP ညှိနှိုင်းခြင်းကို ယခုနှစ် အတွင်းမှာ တရားဝင် စတင် တော့မှာ ဖြစ်ကြောင်းနဲ့ ၂ဝ၁၅ ခုနှစ် AEC အကောင် အထည် ဖော်မဲ့ အချိန်ထိ ဆောင်ရွက်သွားမှာ ဖြစ်ပါတယ်။ ဒီလို ဆောင်ရွက်ခြင်းဟာ စီးပွားရေး အင်အား တောင့်တင်းတဲ့ ၆ နိုင်ငံနဲ့ အာဆီယံ ၁ဝ နိုင်ငံ ကြား စီးပွားရေး ဆိုင်ရာ ဆက်နွယ်ရန် အချိတ် အဆက် ရရှိ နိုင်စေမယ်လို့ သိရပါ တယ်။ RCEP ဟာ ကုန်သွယ်မှု၊ ဝန်ဆောင်မှုနဲ့ ရင်းနှီး မြှုပ်နံှမှု ဆိုင်ရာ ကဏ္ဍ များမှာ ဖြေလျော့ ခြင်း၊ မူပိုင်ခွင့် ဆိုင်ရာများနဲ့ အခြား ပြဿနာ များကို ပူးပေါင်း ဆောင်ရွက် အဖြေရှာ ခြင်း၊ ကုန်သွယ်ရေး ဆိုင်ရာ အဟန့် အတား၊ အတား အဆီးများ လျော့ချရန်နဲ့ အဖွဲ့ဝင် နိုင်ငံများ အကြား ယှဉ်ပြိုင်မှု တိုးမြှင့် စေရန် ရည်ရွယ် တယ်လို့ သိရ ပါတယ်။ ဒီသဘော တူညီချက် ဟာ ကမ္ဘာ့ လူဦးရေ ၃ ဒသမ ၃ ဘီလီယံ ကျော်၊ ရာခိုင်နှုန်း အားဖြင့် ၄၉ ရာခိုင်နှုန်းကျော် အတွက် အကြီးဆုံး လွတ်လပ်သော ကုန်သွယ်ရေး ဇုန်ကြီး တစ်ခုဖြစ် ပေါ်လာ စေနိုင်မှာ ဖြစ်ပါ တယ်။

ထိုင်းဖွံ့ဖြိုးရေး သုတေသန ဌာနရဲ့ လေ့လာ တွေ့ရှိ ချက်အရ RCEP အင်နဲ့ အားနဲ့ ဝင်ရောက် လာလျှင် ထိုင်းရဲ့ စီးပွားရေး ဟာ ၄ ရာခိုင်နှုန်းကျော် တိုးတက် လာနိုင် တယ်လို့ သိရပါတယ်။ ထိုင်းနိုင်ငံ ထွက် သစ်သီး ဝလံနဲ့ ဟင်းသီး ဟင်းရွက် များ၊ လျှပ်စစ် ပစ္စည်းများ၊ စားသောက် ကုန်များ၊ ရော်ဘာ၊ ပလပ်စတစ် ထုတ်ကုန် များနဲ့ မော်တော် ယာဉ်စတဲ့ ထိုင်း ထုတ်ကုန် ပစ္စည်း များဟာ ပြည်ပ နိုင်ငံ ၁၅ နိုင်ငံရဲ့ ဈေးကွက် များမှာ အခွင့် အလန်းများ ရရှိလာ စေမယ် လို့ ထိုင်း ဖွံ့ဖြိုးရေး သုတေသန ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရှိ ရပါတယ်။

Source : The Nation….CMK