သစ်တောထွက် ပစ္စည်းအုပ်စုဝင် သစ်ခွများ ကုန်သွယ်မှု ပြုမည်ဆိုလျှင်

Tue, 05/14/2013 - 04:39 -- admin

သောကြာနေ့ ၁ ဖေဖော်ဝါရီလ ၂၀၁၃ 15:26 PM


နယ်စပ် ကုန်သွယ်ရေး မှတဆင့် တစ်ဖက် နိုင်ငံသို့ သစ်ခွများကို နယ်စပ် ကုန်သွယ်ရေး နည်းလမ်း အရ သွင်းကုန် လိုင်စင်နဲ့ တင်သွင်း မယ်ဆိုလျှင် သစ်တောရေးရာ ဝန်ကြီး ဌာနရဲ့ CITES ပါမစ် ရယူ ဆောင်ရွက်ရန် လို/ မလို နဲ့ လိုအပ်ပါ သစ်ခွ အမျိုးအစား အလိုက် လိုအပ်ချက် သဘောထားများ ပြန်ကြား ပေးရန် နယ်စပ် ကုန်သွယ်ရေး ဦးစီး ဌာနမှ တောင်းဆိုချက် အရ ပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့သစ်တောရေးရာ ဝန်ကြီး ဌာန၊ သစ်တော ဦးစီး ဌာနမှ CITES ပါမစ် ရယူ ဆောင်ရွက်ရန် လိုအပ်ကြောင်းနဲ့ သစ်ခွ အမျိုး အစား အလိုက် လိုအပ်ချက် များကို သိရှိနိုင်ရန် အတွက် အသိပေး လိုက်ရပါတယ်။

သစ်ခွ (Orchids) များအား ပို့ကုန်၊ သွင်းကုန် ဆောင်ရွက်ခြင်းနဲ့ စပ်လျဉ်းပြီး သစ်ခွ မျိုးစိတ် အားလုံးဟာ CITES စာရင်းဝင် ဖြစ်ပြီး Appendix I နဲ့ II ရယ်လို့ ခွဲခြား ထားတာ ဖြစ်ပါတယ်။ Appendix I မှာ သစ်ခွ မျိုးစိတ် (၈)မျိုး ပါပြီး အဆိုပါ မျိုးစိတ် (၈)မျိုးမှ အပ ကျန်သစ်ခွ မျိုးစိတ် အားလုံးဟာ CITES Appendix II စာရင်းဝင် ဖြစ်ပါတယ်။

CITES Appendix I မှာပါဝင်တဲ့ သစ်ခွ မျိုးစိတ်များမှာ -

(၁) Aerangis Cillisii

(၂) Derdrobium Crucntum

(၃) Laclia Jargheana

(၄) Laclia Lobata

(၅) Paphiopedilum spp

(၆) Peristeria elata

(၇) Phragmipedium spp

(၈) Remanthera imschootiama

အဆိုပါ သစ်ခွ မျိုးစိတ် (၈)မျိုးနဲ့ ပတ်သက်တဲ့ အစိတ် အပိုင်းများ အားလုံး၊ ပျိုးပင်များ၊ တစ်ရှုး မျိုးပွား နည်းနဲ့ မျိုးပွားရန် အစိုင်အခဲ၊ အရည်များနဲ့ မျိုးမပွားနိုင်တဲ့ အစိတ် အပိုင်းများ သယ်ယူခြင်းကို ကန့်သတ် ထားပါတယ်။ ဒါပေမဲ့ သက်ဆိုင်ရာ CITES အဖွဲ့ရဲ့သဘော တူညီချက် ရရှိပါက ဓမ္မတာ နည်းနဲ့ စိုက်ပျိုး ထုတ်လုပ်မှု များကို ချွင်းချက်ဖြင့် ခွင့်ပြု ပေးနိုင်တယ်လို့ သိရပါတယ်။ Appendix II မှာတော့ Appendix I မှာ ဖော်ပြထားတဲ့ သစ်ခွ မျိုးစိတ် (၈)မျိုးမှ လွဲ၍ ကျန်သစ်ခွ မျိုးအားလုံးကို ထည့်သွင်း ထားပြီး ၎င်းသစ်ခွ မျိုးများနဲ့ ပတ်သက်တဲ့ အစိတ် အပိုင်း အားလုံးလည်း ပါဝင်တယ်လို့ သိရ ပါတယ်။

Appendix I စာရင်းဝင် သစ်ခွ မျိုးစိတ် ဖြစ်ပါက တင်ပို့မဲ့ နိုင်ငံက ထုတ်ပေးတဲ့ ပို့ကုန် ပါမစ်နဲ့ တင်သွင်းတဲ့ နိုင်ငံက ထုတ်ပေးတဲ့ သွင်းကုန် ပါမစ် နှစ်မျိုးလုံး လိုအပ်ပြီး Appendix II စာရင်းဝင် သစ်ခွ မျိုးစိတ် အားလုံး အတွက် တင်ပို့မဲ့ နိုင်ငံရဲ့ ပို့ကုန် ပါမစ် လိုအပ်တယ်လို့ သိရှိရ ပါတယ်။ သစ်ခွ မျိုးစိတ် ဆိုရာမှာ သစ်ခွပင်နဲ့ ပတ်သက်တဲ့ အစိတ် အပိုင်း အားလုံးနဲ့ အခြေ အနေ အရပ်ရပ် အားလုံး အကျုံးဝင် တယ်လို့ သိရပါတယ်။

Appendix I နဲ့ Appendix II မှာ ပါဝင်တဲ့ မျိုးစိတ်များအား ရောင်းဝယ် ဖေါက်ကားခြင်း အတွက် CITES Export/ Import Permit ထုတ်ပေးခြင်း နဲ့ ပတ်သက်တဲ့ စည်းမျဉ်း စည်းကမ်းများကို ဆက်လက် ဖော်ပြ ပေးသွား ပါမယ်။

Source: နကသ (ဦး) မူဝါဒ >>> ပန်