လူမှု ဘဝ ဖွံ့ဖြိုးဖို့ ITC နှင့် အားပေး စို့

Tue, 05/14/2013 - 06:57 -- admin

ကြာသပတေးနေ့  ၇ မတ်လ  ၂၀၁၃  11 း 25 AM

တမူးမြို့ သည် အိန္ဒိယ-မိုရေး နယ်စပ်တွင် တည်ရှိ ပြီး နိုင်ငံကြီး တစ်ခုနှင့် ကုန်စည် ကူးသန်းရာ ကုန်းလမ်း ၏ အဓိက ထွက်ပေါက် တစ်ခု ဖြစ်ပါ သည်။ နယ်စပ် ကုန်သွယ်ရေး ဖွင့်လှစ်ခဲ့ သည်မှာ လည်း ၁၂-၄-၁၉၉၅ မှ စတင်ခဲ့ရာ နှစ်ပေါင်း ၁၇ နှစ် ကျော်ပြီ ဖြစ်ပါ သည်။ သို့သော် တိုးတက် သင့်သည့် အနေ အထားတွင် နေမြဲ အတိုင်း ရှိနေ ခဲ့ပြီး ပြုပြင်ရန် အချက်များ အနက် ITC ကတ် ခွင့်ပြု ခြင်းဖြင့် ဒေသနေ ပြည်သူ များအား ရိုးရှင်း လွယ်ကူစွာ ကုန်သွယ် နိုင်ရန် အားပေး ခဲ့ရာ အထိုက် အလျောက် ကုန်သွယ်မှု တိုးတက် ခဲ့သည် ကို တွေ့ရ ပါသည်။ မြန်မာ နိုင်င ံသည် ၂ဝ၁၅ ခုနှစ် တွင် AFTA သို့ ဝင်ရောက် ရန်ရှိ သည်နှင့် အညီ ယခုထက် ပိုမို တိုးတက် စေရန် နိုင်ငံတော် သို့ ပေးသွင်း လျက်ရှိသော အကောက်ခွန်၊ ကုန်သွယ်ခွန်၊ အမြတ်ခွန် နှုန်းထား များအား လျော့ချ ခြင်းဖြင့် တရား မဝင် လမ်းကြောင်း မှ အခွန် ရှောင်လိုသော ကုန်သည် များအား တရားဝင် လမ်းကြောင်း သို့ ဆွဲဆောင် ခေါ်ယူခြင်း၊ ဒေသနေ ပြည်သူများ အပေါ် လုပ်ထုံး လုပ်နည်း အမိန့် ညွှန်ကြား ချက်၊ မူဝါဒ စသည် တို့ကို ဌာန ဆိုင်ရာ များမှ ပြင်ဆင် လျော့ချကာ စိတ်ရင်း စေတနာ အမှန်ဖြင့် ဖြည့်ဆည်း ပေးနိုင် ပါက ပြည်သူတို့၏ လူနေမှု ဘဝ ဖွံ့ဖြိုး စေရန် ပိုမို အထောက် အကူ ရရှိ လာမှာ ဖြစ်ကြောင်း သိရှိ ရပါသည်။

စမ်းစမ်းအေး (တမူး)