ရိဒ် ခေါဒါရ် မြို့နယ် ခွဲမှ ဇိုခေါဒါရ်၊ မီဇိုရမ် ပြည်နယ် (တစ်ဖက် နိုင်ငံ) သို့ ကွမ်းသီး တင်ပို့မှု လျော့နည်း ရခြင်း အကြောင်း လေ့လာ ကြည့်မိ ခြင်း

Tue, 05/14/2013 - 06:56 -- admin

ဗုဒ္ဓဟူးနေ့  ၆ မတ်လ  ၂၀၁၃  15 း 00 PM
ရိဒ်ခေါဒါရ် မြို့နယ် ခွဲမှ မီဇိုရမ် ပြည်နယ် (တစ်ဖက်နိုင်ငံ) သို့ တင်ပို့ ရောင်းချ လျက ်ရှိသော ပို့ကုန် ပစ္စည်းများ အနက် ကွမ်းသီး ဟာ အဓိက အားထား ရတဲ့ ပို့ကုန် အမယ် တစ်မိုျး ဖြစ်ပါ တယ်။ (တစ်ဖက် နိုင်ငံ) မီဇို ရမ်ပြည်နယ် မှ ကွမ်းသီး ကို ကုန်ကြမ်း ပစ္စည်း အဖြစ် အသုံးပြုရန် အတွက် ဝယ်ယူပြီး အိန္ဒိယ ပြည်အတွင်း ပိုင်းသို့ ဆက်လက် ပို့ဆောင်ပြီး ကွမ်းပေါင်း နဲ့ (တန်ဖိုးမြှင့် ထုတ်ကုန်) ကွမ်းစား ဆေးများ အဖြစ် ထုတ်လုပ်ပြီး မလေးရှားနဲ့ ဘင်္ဂလားဒေ့ရှ် နိုင်ငံ များ အထိ တင်ပို့ ရောင်းချ ကြတယ် လို့ ဒေသခံ များရဲ့ ပြောကြားချက် အရ သိရ ပါတယ်။ မိမိတို့ နိုင်ငံ မှာတော့ ကွမ်းပေါင်းနဲ့ ကွမ်းစား ဆေးများ ဟာ ကင်ဆာ ရောဂါ ဖြစ်ပွား မှုကို အားပေး နိုင်တာ ကြောင့် ကန့်သတ်ကုန် အဖြစ် သတ်မှတ် ထားပါ တယ်။ ကွမ်းသီး ကို အိန္ဒိယ ပြည်မှ တန်ဖိုးမြှင့် ထုတ်ကုန် ပြုလုပ် ရာမှာ မဖြစ် မနေ အသုံး ပြုရတဲ့ ကုန်ကြမ်း ပစ္စည်း တစ်မိုျး ဖြစ်တာ ကြောင့် မီဇိုရမ် ပြည်နယ် မှ ဝယ်လက် လည်းရှိ၊ ဝယ်လိုအား လည်း ကောင်းတဲ့ ပို့ကုန် ပစ္စည်း ဖြစ်ကြောင်း သိရ ပါတယ်.........(ဆက်လက်ဖတ်ရှုရန် ခေါင်းစဉ်ကို နှိပ်ပါ)

ကလေး မြို့မှ ကွမ်းသီး ကုန်သည် များဟာ ဧရာဝတီ တိုင်းနဲ့ တနင်္သာရီတိုင်း တို့မှ ထွက်ရှိ သော ကွမ်းသီး များ ကို ဝယ်ယူပြီး ကလေးမြို့ရှိ ကုန်လှောင် ရုံ များတွင် ဦးစွာ စုဆောင်း ထားရှိ ကြပါ တယ်။ တစ်ဖန် ကလေးမြို့မ ှတစ်ဆင့် ရိဒ် မြို့နယ်ခွဲ ရှိ ကုန်လှောင် ရုံများ သို့ ထပ်မံ သယ်ယူ ၍ စုဆောင်း ထားရှိ ကြပါတယ်။ ရိဒ်မြို့နယ်ခွဲ မှာပင် ဇိုခေါဒါရ်၊ မီဇိုရမ် ပြည်နယ် တစ်ဖက် နိုင်ငံရှိ ကုန်သည်များနဲ့ ဈေးနှုန်း ညှိနှိုင်းပြီး ကြိုက်ဈေး ရမှ တင်ပို့ ရောင်းချ ကြတယ်လို့ သိရပါတယ်။ ဒါကြောင့် မိမိ နိုင်ငံ ဖက်မှာပင် ကွမ်းသီး ဈေးကွက် ဖြစ်ပေါ် လျက်ရှိပြီး ပို့ကုန် ပိုင်းမှာ အသာ စီးရနေ တယ်လို့ ဆိုနိုင် ပါတယ်။ သို့သော် ကုန်ဖိုး ငွေပေး ချေခြင်းမှာ ပစ္စည်း တစ်ကြိမ် တင်ပို့ ရောင်းချပြီးလျှင် လက်ငင်း မပေး ချေဘဲ ၃ လ/၄ လခန့် ကြာသည် အထိ စောင့်ဆိုင်း ရတယ်လို့ ကွမ်းသီး ကုန်သည် များရဲ့ ပြောကြား ချက်အရ သိရ ပါတယ်။ ကုန်ဖိုး ငွေပေးချေမှု ကြန့်ကြာ ရခြင်းမှာ ဇိုခေါဒါရ်၊ မီဇိုရမ် ပြည်နယ်မှ ကုန်သည် များဟာ ကိုယ်ပိုင် အရင်း အနှီး စိုက်ထုတ်ခြင်း မရှိသော ကြားခံ ပွဲစားများ (ဒေသ အခေါ် ပြေလည် အဖွဲ့) သာ ဖြစ်တယ် လို့ သိရ ပါတယ်။ ၎င်း တို့သည် မိမိ နိုင်ငံမှ ကုန်သည် များနဲ့ အိန္ဒိယ နိုင်ငံမှ ကုန်သည် များကို တိုက်ရိုက် တွေ့ဆုံ ခွင့်မပြုခြင်း၊ အိန္ဒိယ နိုင်ငံမှ အရင်း အနှီး ပြည့်စုံသော ကုန်သည် များကို မီဇိုရမ် ပြည်နယ် အတွင်းသို့ ဝင်ရောက်ခွင့် မပေးကြ ဘူးလို့ သိရ ပါတယ်။ နှစ်နိုင်ငံ ကုန်သည် အချင်းချင်း တိုက်ရိုက် ထိတွေ့ ဆက်ဆံပြီး လုပ်ငန်းများ ဆောင်ရွက် လျှင် ဇိုခေါဒါရ်၊ မီဇိုရမ် ပြည်နယ် (တစ်ဖက် နိုင်ငံ) မှ ကုန်သည် များ အနေဖြင့် ကိုယ်ကျိုး စီးပွား နစ်နာမှုများ ရှိလာ နိုင်သဖြင့် ယခုလို ဆောင်ရွက် ခြင်း ဖြစ်သော ကြောင့် ကုန်ဖိုး ငွေပေး ချေမှုတွင် ကြန့်ကြာ နေရခြင်း ဖြစ်တယ် လို့ သုံးသပ် မိပါ တယ်။
နှစ်စဉ် ဒီဇင်ဘာလ ၂ဝ ရက် နောက်ပိုင်း တွင် ကလေးမြို့ သို့ ကွမ်းသီး အသစ်များ စတင် ဝင်ရောက် နေကျ ဖြစ်ပါ တယ်။ ယခင် နှစ်များ က အခုလို ကွမ်းသီး အသစ် ပေါ်ချိန်တွင် ကွမ်းသီး အသစ် (၁ ပိဿာ) ဈေးနှုန်း သည် ကွမ်းသီး အဟောင်း (၁ ပိဿာ) ဈေးနှုန်း ထက် ၁၅ဝ ကျပ်/၂ဝဝ ကျပ်ခန့် လျော့နည်း သော်လည်း၊ ကလေး မြို့၌ ၂ဝ၁၃ ခုနှစ် နှစ်စ ပိုင်းမှာပင် ကွမ်းသီး (အသစ်) ၁ ပိဿာ လျှင် ၃၂ဝဝ ကျပ် ခန့်၊ ကွမ်းသီး (အဟောင်း) ၁ ပိဿာ လျှင် ၃၁ဝဝ ကျပ် ခန့် ဖြစ်တယ် လို့ ကွမ်းသီး ကုန်သည်များ ထံမှ ကြားသိ ရပါ တယ်။ ၂ဝ၁၃ ခုနှစ်၊ ဖေဖော် ဝါရီလ ၂ဝ ရက်နေ့ နောက်ပိုင်း ရိခေါဒါရ်မြို့နယ်ခွဲ အရောက် ကွမ်းသီး (အဟောင်း) ၁ ပိဿာကို ၃၂၂ဝ ကျပ် ခန့်၊ ကွမ်းသီး (အသစ်) ၁ ပိဿာကို ၃၃၇ဝ ကျပ် ခန့် ရှိနေ ပါတယ်။ ဇိုခေါဒါရ်၊ မီဇိုရမ်ပြည်နယ် (တစ်ဖက် နိုင်ငံ) မှာတော့ ၁ ကီလို ဂရမ်ကို ၁၃၂ ရူပီး/ ၁၃ဝ ရူပီးဈေး ရှိတယ် လို့ သိရ ပါတယ်။
ဇန်န ဝါရီလ အတွင်း မြန်မာ ကျပ်ငွေနဲ့ အိန္ဒိယ ရူပီး ငွေလဲနှုန်း ဟာ ၁ ရူပီး ကို ၁၅ ကျပ် နဲ့ လဲလှယ် ရချိန်မှာ မိမိ နိုင်ငံ ဘက်မှ ကွမ်းသီး ကုန်သည်များ အနေဖြင့် ကွမ်းသီး တင်ပို့ ရောင်းချ ရာတွင် အမြတ် အစွန်း ရရှိသော ကြောင့် ရိဒ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ၂ဝ၁၂ ခုနှစ်၊ ဇန်န ဝါရီလ ၁၉ ရက်မှ ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၁ ရက်နေ့ထိ ကွမ်းသီး တန်ချိန် ၄၄ဝ တန်ခန့် တန်ဖိုး ကန်ဒေါ်လာ သုည ဒသမ ၄၆၁ သန်း တင်ပို့ နိုင်ခဲ့ပါတယ်။ ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလဆန်းမှ စတင်၍ မြန်မာ ကျပ်ငွေနှင့် အိန္ဒိယ ရူပီးေ ငွလဲနှုန်းသည် ၁ ရူပီး လျှင် ၁၆ ကျပ်သို့ ပြောင်းလဲ သွားသဖြင့် မိမိ နိုင်ငံ ဘက်မှ ကွမ်းသီး ကုန်သည်များ အနေဖြင့် တွက်ချေ မကိုက် ဖြစ်တာ ကြောင့် ကွမ်းသီး တင်ပို့မှု လျော့နည်း လျက် ရှိနေ ပါတယ်။ ရိဒ်နယ်စပ် ကုန်သွယ်ရေး စခန်းမှ ၂ဝ၁၃ ခုနှစ် ဖေဖော် ဝါရီလ ၂ ရက်မှ ၂၂ ရက် အထိ ကွမ်းသီး တန်ချိန် ၂၄ဝ တန် ခန့် တန်ဖိုး-ကန်ဒေါ်လာ သုည ဒသမ ၂၅၈ သန်း သာ တင်ပို့ နိုင်ခဲ့ တာကို တွေ့ရ ပါတယ်။
ယခု အခါ ရိဒ်မြို့နယ် ခွဲ၌ မိမိနိုင်ငံ ဘက်မှ ကွမ်းသီး ကုန်သည်များ အနေဖြင့် ကွမ်းသီး ၁ ကီလိုဂ ရမ်ကို ၁၃၃ ရူပီး/ ၁၃၄ ရူပီး ရမှ သာလျှင် ရောင်းချ နိုင်မည် ဖြစ်ကြောင်း ဇိုခေါဒါရ်၊ မီဇိုရမ် ပြည်နယ်မှ ကွမ်းသီး ကုန်သည် များနှင့် ဈေးနှုန်း ညှိနှိုင်း လျက် ရှိနေ ပါတယ်။
မိမိ နိုင်ငံ ဘက်မှ ကွမ်းသီး ကုန်သည်များ အနေနဲ့ ကွမ်းသီး အဟောင်းများ လက်ကျန် ရှိနေခြင်း၊ ကွမ်းသီး အသစ် ပေါ်ချိန် ဖြစ်သော် လည်း ဝယ်ဈေးတွင် တက်ဈေး မိခြင်း၊ တစ်ဖက် နိုင်ငံသို့ ရောင်းချ ရာတွင် ဈေးတန့် နေခြင်း ဇိုခေါဒါရ်၊ မီဇိုရမ် ပြည်နယ် (တစ်ဖက် နိုင်ငံ) မှ ကုန်သည်များ အနေဖြင့် ဝယ်လိုအား ရှိသော် လည်း တက်ဈေး မပေးခြင်း၊ မြန်မာ ကျပ်ငွေ နှင့် အိန္ဒိယ ရူပီး ငွေလဲနှုန်း ပြောင်းလဲခြင်း၊ ကုန်ဖိုးငွေ ပေးချေ ရာတွင် အချိန် ကြာမြင့်စွာ စောင့်ဆိုင်း ရခြင်း တို့ကြောင့် ကွမ်းသီး တင်ပို့မှု လျော့နည်း ရခြင်း ဖြစ်တယ် လို့ သိရှိ ရပါတယ်။
တင်ထွန်းဦး (ရွှေဘို)