မြန်မာစာဘာသာရပ် ရုံးလုပ်ငန်းဆိုင်ရာ အနှစ်ချုပ်သင်တန်း သတင်း

Thu, 02/02/2023 - 03:06 -- DotTrading

မြန်မာစာဘာသာရပ် ရုံးလုပ်ငန်းဆိုင်ရာ အနှစ်ချုပ်သင်တန်း

သတင်း

(အပြည့်အစုံ)

၁။      စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန၊ ကုန်သွယ်ရေးဦးစီးဌာနရှိ အရာထမ်းများ အတွက် မြန်မာစာဘာသာရပ် ရုံးလုပ်ငန်းဆိုင်ရာ အနှစ်ချုပ်သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၃၀) ရက်နေ့ နံနက် (၀၉း၀၀)နာရီအချိန်နှင့် နေ့လည် (၁၃း၀၀) နာရီ အချိန်တို့တွင် သင်တန်းကို စတင်ဖွင့်လှစ်သင်ကြားခဲ့ပါသည်။

၂။       ပြည်ထောင်စုဝန်ကြီး၏ လမ်းညွှန်ချက်နှင့်အညီ ရုံးစာများရေးသားရာတွင် သတ်မှတ်ပုံစံ အလိုက် ကျစ်လစ်ခိုင်မာတိကျပြီး ရှင်းလင်းပြတ်သားသည့် ရုံးစာတစ်‌စောင်ကို ကျွမ်းကျင်ပိုင်နိုင် စွာဖြင့် ရေးသားနိုင်ရန်အတွက် ရည်ရွယ်၍သင်တန်းကိုဖွင့်လှစ်ရခြင်းဖြစ်ပါသည်။

၃။      အဆိုပါသင်တန်းကို ပညာရေးဝန်ကြီးဌာန၊ မြန်မာနိုင်ငံတိုင်းရင်းသားဘာသာစကားဦးစီးဌာန မှ ဒုတိယညွှန်ကြားရေးမှူးချုပ်(ပညာ) ဒေါက်တာသန့်စင်အေး နှင့်အဖွဲ့မှ သင်တန်းသို့လာရောက် သင်ကြားပို့ချခြင်းဖြစ်ပါသည်။

၄။      သင်တန်းကို ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၃၀) ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဖေ‌ဖော်ဝါရီလ(၁) ရက်နေ့ အထိ(တနင်္လာနေ့မှ ဗုဒ္ဓဟူးနေ့ထိ) (၃) ရက်ကြာ နံနက် (၀၉း၀၀)နာရီမှ နံနက် (၁၁း၃၅)  နာရီထိ လည်းကောင်း၊ နေ့လည် (၁၃း၀၀) နာရီ မှ နေ့လည်(၁၅း၃၅) နာရီထိ လည်းကောင်း တစ်နေ့လျှင် (၂) ကြိမ် သင်တန်းကိုသင်ကြားလျက်ရှိပါသည်။

၅။      အဆိုပါသင်တန်းအား ရုံးချုပ်ရှိ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်မှ ညွှန်ကြားရေးမှူးချုပ် အထိ သင်တန်းသား(၈၄)ဦးဖြင့် လည်းကောင်း၊ ပို့ကုန်သွင်းကုန်ရုံးများနှင့် ကုန်သွယ်ရေးစခန်းများရှိ လက်ထောက်ညွှန်ကြားရေးမှူး အဆင့်မှ ညွှန်ကြားရေးမှူး အထိ သင်တန်းသား (၄၈)ဦး စုစုပေါင်း သင်တန်းသားဦးရေ (၁၃၂) ဦး တက်ရောက်သင်ကြားလျက်ရှိပါသည်။

၆။      အဆိုပါသင်တန်းကို ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေးဆိုင်ရာ ညွှန်ကြားချက်၊ စည်းကမ်း ချက်များနှင့်အညီ သင်တန်းဖွင့်လှစ်လျက်ရှိပြီး ကုန်သွယ်ရေးဦးစီးဌာနရှိ အရာထမ်းစုစုပေါင်း (၁၃၂) ဦး တက်‌ရောက်သင်ကြားခဲ့ပါသည်။