မျိုးစပါး

Tue, 05/14/2013 - 05:12 -- admin

အင်္ဂါနေ့  ၁၉ ဖေဖော်ဝါရီလ ၂၀၁၃ 10:30 AM

မြန်မာနိုင်ငံမှ ဆန်များဟာ အရည်အသွေး ကောင်းမွန်ပြီး အရသာနဲ့ ပြည့်စုံတဲ့ဆန်များ ဖြစ်ပါတယ်။ အရည်အသွေး ကောင်းမွန်ပြီး အရသာနဲ့ ပြည့်စုံသော ဆန်များရရှိရန် စပါးမျိုးကောင်းမျိုးသန့်များ လိုအပ်မည် ဖြစ်ပါတယ်။ လိုအပ်သော စပါးမျိုး ကောင်းမျိုးသန့်ရရှိရန် မြန်မာနိုင်ငံသားတို့ ကျားကုတ်ကျားခဲနဲ့ မျိုးစုဆောင်းခဲ့ရပါတယ်။ စုဆောင်းရရှိလာသော မျိုးစပါးဖြင့် မျိုးပွားခြင်းလုပ်ငန်းအား ကြိုးစားဆောင်ရွက်ခဲ့ရပါတယ်။ မျိုးပွား၍ ရရှိလာသော မျိုးကောင်းမျိုးသန့် စပါးကို ကြိတ်ခွဲခြင်းအားဖြင့် အရည်အသွေး ကောင်းမွန်ပြီး အဆင့်မြင့်တဲ့ မြန်မာ့ဆန်အဖြစ် ရရှိလာကာ ပြည်ပနိုင်ငံများသို့ ဈေးကွက်ထိုးဖောက် တင်ပို့ ရောင်းချနိုင်တဲ့ အဆင့်သို့ရောက်ရှိခဲ့ရပါတယ်။

ပြည်ပဈေးကွက်သို့ ထိုးဖောက်တင်ပို့နိုင်ရန်အတွက် မြန်မာနိုင်ငံသားများအနေနဲ့ အခြားနိုင်ငံများမှ မျိုးစပါးများကို ရယူခဲ့ရပြီး ရက်ပေါင်း(၉ဝ)အတွင်း အချိန်တို စိုက်ပျိုးထွက်ရှိတဲ့ ဆန်အရည် အသွေးမြင့်မားတဲ့ စပါးမျိုးများကို မျိုးပွားရယူခဲ့ရပါတယ်။ စပါးမျိုးကောင်းတစ်ခု ဖြစ်ပေါ်ရရှိလာခဲ့ဖို့ ဆိုတာ အလွယ်တကူ ရရှိခဲ့တာ မဟုတ်ကြောင်း သိရှိစေရန်ဖြစ်ပါတယ်။

တရုတ်ဈေးကွက်မှာ ဈေးကောင်းရရှိနေတဲ့ဲ မြန်မာနိုင်ငံမှ ဧည့်မထ စပါးမျိုးများကို တရုတ်နိုင်ငံတွင်မျိုးပွားပြီး အဆင့်မြှင့်ရန်ရှိသဖြင့် ဧည့်မထစပါးမျိုးများအား တင်သွင်းရေး အတွက် ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရှိနိုင်ရန် သတင်းပေး လိုက်ရပါတယ်။

အောင်သူရ (လွယ်ဂျယ်)