မလုပ်ရမှန်း သိလျက်နဲ့ လုပ်ပြီး ထွက်ပြေး တိမ်းရှောင်သွားသူ

Tue, 05/14/2013 - 07:24 -- admin

ဗုဒ္ဓဟူးနေ့  ၁၃ မတ်လ  ၂၀၁၃ 02 း 10 PM

စားသုံးသူ အကာအကွယ်ပေးရေးနဲ့ တရားမဝင် ကုန်သွယ်မှု တားဆီးထိန်းခုျပ်ရေး Mobile Team အဖွဲ့-၁ ဟာ မူဆယ်-မန္တလေး ကုန်သွယ်မှု လမ်းကြောင်းပေါ်မှာ တာဝန် ထမ်းဆောင် နေစဉ် မတ်လ ၄ ရက် နံနက် ဝ၃း၃ဝ ချိန်ခန့်မှာ မူဆယ် (နမ့်အွန်) မှ မန္တလေးသို့ မောင်းနှင်လာတဲ့ ၁၂ ဘီးယာဉ် ၈စ/xxxx ကိုရပ်တန့်စစ်ဆေးရာမှာ ယာဉ်တစ်စီးလုံးမှာ တရားမဝင် အကောက်ခွန်မဲ့ စားသောက်ကုန်နဲ့ လူသုံးကုန်ပစ္စည်းမိုျးစုံအပြည့် တင်ဆောင်လာတာတွေ့ရှိရပါတယ်။ ပစ္စည်းများကို စစ်ဆေးဆောင်ရွက်မှုပြုနေစဉ် ၁၂ဘီးယာဉ်မောင်းမှာ ရုတ်တရက် ထွက်ပြေး တိမ်းရှောင် သွားခဲ့တယ်လို့သိရှိရပါတယ်။ ယာဉ်ပေါ်မှာတင်ဆောင်လာတဲ့ အကောက်ခွန်မဲ့ပစ္စည်းတွေကတော့ တစ်ဖက်နိုင်ငံထုတ် ခြင်ဆေးခွေ၊ မှိုခြောက်၊ ကြာညို့(အနောက်၊အကြည်)၊ သစ်သီးအချိုရည်၊ စပျစ်သီးခြောက်၊ Marbel Cake၊ ခေါက်ဆွဲခြောက်တို့ဖြစ်ကြပါတယ်။ တရားမဝင် အကောက်ခွန်မဲ့ စားသောက်ကုန် ပစ္စည်းများနဲ့ ကုန်တင် ၁၂ ဘီးယာဉ်တို့အား ပြည်သူ့ ဘဏ္ဍာအဖြစ် သိမ်းဆည်းနိုင်ရေး လားရှိုးအကောက်ခွန် ဌာနကိုအပ်နံှထားပြီးဖြစ်တယ်လို့ Mobile Team အဖွဲ့-၁ ခေါင်းဆောင်ထံမှ သတင်းရရှိပါတယ်။

Mobile Team အဖွဲ့-၁ ဟာ မူဆယ်-မန္တလေးကုန်သွယ်မှုလမ်းကြောင်းပေါ်မှာသွားလာနေတဲ့ ကုန်တင် ယာဉ်များ၊ ခရီးသည်တင်မှန်လုံယာဉ်များ၊ ခရီးသည်တင် Light Truck ၊ ယာဉ်ငယ်များ အား IDအထောက်အထား စာရွက်စာတမ်းများစစ်ဆေးခြင်း၊ အကောက်ခွန်မဲ့နဲ့ ကန့်သတ်ကုန်ပစ္စည်း တင်ဆောင်ခြင်းရှိ/မရှိကို နေ့/ညအဖွဲ့ ၂ ဖွဲ့ခွဲကြပ်မတ် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။

Source လရ-၁                                                                                                           MTN