ဗီယက်နမ်နိုင်ငံမှ ၂ဝ၁၂ ခုနှစ်တွင် ဆန် တန် ၈ သန်းကျော်တင်ပို့နိုင်

Mon, 05/13/2013 - 09:19 -- admin

ဗီယက်နမ် နိုင်ငံဟာ ဒီဇင်ဘာ လမှာ ဆန်တန် ၆ဝဝဝဝဝ ကျော် အပို့ ရှိခဲ့ပြီး ၂ဝ၁၂ ခုနှစ် တစ်နှစ်လုံး ဆန် တင်ပို့မှုဟာ တန်ချိန် အားဖြင့် ၈ ဒသမ ၁ သန်း၊ တန်ဖိုး အားဖြင့် ကန်ဒေါ်လာ ၃ ဒသမ ၇ ဘီလီယံဖိုး ရှိခဲ့ ပါတယ်။

ဗီယက်နမ် စိုက်ပျိုးရေးနဲ့ နယ်စပ် ဒေသဖွံ့ဖြိုးရေး ဝန်ကြီး ဌာန ကိန်းဂဏန်းများ အရ ယမန် နှစ်ကထက် တန်ချိန် အားဖြင့် ၁၄ ရာခိုင်နှုန်း ခန့်နဲ့ တန်ဖိုး အားဖြင့် ၂ ရာခိုင်နှုန်းကျော် ပိုမိုခဲ့ တယ်လို့ ပြောကြား ပါတယ်။

၁၁ လတာ ပျမ်းမျှ ဆန်ဈေးဟာ ယမန်နှစ် ဈေးထက် ၁ဝ ရာခိုင်နှုန်းကျော် လျော့ကျပြီး ၁ တန်ကို ၄၅၇ ဒေါ်လာဈေး သာပေါက်တယ်လို့ သိရပါတယ်။ ဈေးကွက် အတွင်း ဆန်ဈေး အတက်အကျ ကြမ်းလျက်ရှိ နေပါတယ်။

တရုတ်နိုင်ငံဟာ ဗီယက်နမ် နိုင်ငံမှ ဆန်အများဆုံး တင်သွင်းခဲ့ပြီး ပမာဏရော တန်ဖိုးပါ သိသိသာသာ တိုးမြင့်လျက် ရှိပါတယ်။ ပမာဏအားဖြင့် ၆ ဆခွဲနဲ့ တန်ဖိုး အားဖြင့် ၅ ဆခွဲ တိုးမြင့်လာခဲ့ ပါတယ်။ တစ်ချိန်တည်းမှာပဲ ဗီယက်နမ် နိုင်ငံမှ ဆန်ကို အင်ဒိုနီရှား၊ စင်္ကာပူ၊ ဆီနီဂေါနဲ့ ဖိလစ်ပိုင် နိုင်ငံသို့ တင်ပို့ ရတဲ့ပမာဏရော တန်ဖိုးပါ လျော့ကျလျက် ရှိပါတယ်။

Source: VOV     CMK