ဗီယက်နမ်နိုင်ငံမှ အာဖရိကနဲ့မြန်မာသို့ တင်ပို့မှုများမြင့်တက်လျက်ရှိ

Tue, 05/14/2013 - 07:20 -- admin

အင်္ဂါနေ့  ၁၂ မတ်လ  ၂၀၁၃  11 း 45 AM

ဗီယက်နမ် နိုင်ငံမှ ယခုနှစ်မှာ အာဖရိက တင်ပို့မှုဟာ ၂ဝ ရာခိုင်နှုန်းထိ မြင့်တက်နိုင်ပြီး ကန်ဒေါ်လာ   ၃ ဒသမ ၁၂ ဘီလီယံ ရှိနိုင်တယ်လို့ စီးပွားရေး ပညာရှင် များက ခန့်မှန်း ပြောကြား လျက်ရှိပါတယ်။ 

ဇန်နဝါရီလမှာ အာဖရိကသို့ ကန်ဒေါ်လာ ၆၂ ဒသမ ၉ သန်း တင်ပို့ နိုင်ခဲ့ပြီး တယ်လီ ဖုန်းနဲ့ ဆက်စပ် ပစ္စည်းများ၊ ဖိနပ်၊ သီဟိုဠ် စေ့နဲ့ ကော်ဖီတို့ ဖြစ်ကြ ပါတယ်။ ဆီနီ ဂေါ နိုင်ငံ ကတော့ ဗီယက်နမ် နိုင်ငံမှ ဆန်၊ အထည် အလိပ်နဲ့ အဝတ် အထည်၊ သယ်ယူ ပို့ဆောင် ရေးနဲ့ ဆက်စပ် ပစ္စည်း များ ကန်ဒေါ်လာ ၂ ဒသမ ၉၃ သန်းဖိုး တင်သွင်းခဲ့ရပြီး အယ်ဂျီးရီးယား ကတော့ ဆန်နဲ့ ကော်ဖီ အပါအဝင် ကန်ဒေါ်လာ ၁၉ သန်း နီးပါးဖိုး ဗီယက်နမ်မှ တင်သွင်း ခဲ့ရပါတယ်။

ဗီယက်နမ်ရဲ့ ပို့ကုန် ဈေးကွက် အလားအလာ ကောင်းဟာ အာဖရိက ဖြစ်ပြီး ဗီယက်နမ်နဲ့ အာဖရိက တို့ဟာ နှစ်နိုင်ငံ အပြန် အလှန် ကုန်သွယ်မှု တိုးတက်ရန် ကြိုးပမ်း လုပ်ဆောင် လျက်ရှိကြ ပါတယ်။ ဗီယက် နမ်မှ အာဖရိကသို့ တင်ပို့မှုဟာ နှစ်စဉ် ၂ဝ ရာခိုင်နှုန်း မြင့်တက် လျက်ရှိပြီး ယမန်နှစ်က ကန်ဒေါ်လာ ၂ ဒသမ ၆ ဘီလီယံ ဝန်းကျင်ထိ ဆောင်ရွက် နိုင်ခဲ့ပါတယ်။ အဓိက ဈေးကွက် များမှာ အယ်ဂျီးရီးယား၊ အင်န်ဂိုလာ၊ မိုဇမ်ဘစ်၊ ဂါနာ၊ အီဂျစ်၊ နိုက်ဂျီး ရီးယားနဲ့ မော်ရို ကိုတို့ ဘဲဖြစ်ကြ ပါတယ်။ ဆန်၊ ကော်ဖီ၊ ငရုတ် ကောင်း၊ ပင်လယ်စာ၊ ကွန်ပူျတာ၊ လျှပ်စစ် ပစ္စည်းနဲ့ ဆက်စပ် ပစ္စည်းများ၊ တယ်လီ ဖုန်းများ၊ စက်နဲ့ စက်ပစ္စည်းများ၊ သယ်ယူ ပို့ဆောင်ရေးနဲ့ ဆက်စပ် ပစ္စည်းများ၊ အထည်အလိပ်၊ အဝတ် အထည်များနဲ့ ဖိနပ်များကို ဗီယက် နမ် နိုင်ငံမှ အဓိက တင်ပို့လျက် ရှိပါတယ်။ ဗီယက်နမ် ဆန်ကို အာဖရိကမှ အများဆုံး စားသုံး ကြလျက်ရှိပါတယ်။ နှစ်စဉ် ဆန် တန်ချိန် ၂၄ မှ ၂၄ ဒသမ ၅ သန်း ခန့်ထိ ပြည်ပ နိုင်ငံများမှ ဝယ်ယူ တင်သွင်း လျက်ရှိရာ တွင် ဗီယက် နမ်ဆန် တန် ၁ဝ သန်း ပါဝင်လျက် ရှိကြ ပါတယ်။ ယခင်နှစ်က ဗီယက်နမ်မှ အာဖရိ ကသို့ ဆန် တင်ပို့မှုမှ ကန်ဒေါ်လာ သန်း ၉ဝဝ ရရှိခဲ့ပြီး ယခင်နှစ် ကထက် ၂၂ ရာခိုင်နှုန်း မြင့်တက် ခဲ့တယ်လို့ သိရပါတယ်။

ဗီယက်နမ် အကောက် ခွန်ဌာနရဲ့ ထုတ်ပြန်ချက် အရ ဗီယက် နမ်နဲ့ မြန်မာရဲ့ ၂ဝ၁၂ ခုနှစ် ကုန်သွယ်မှု ပမာဏဟာ ကန်ဒေါ်လာ ၂၂၇ သန်း ထိရှိခဲ့ပြီး နှစ်စဉ် ပျမ်းမျှ ၃၆ ရာခိုင်နှုန်းခန့် မြင့်တက်လျက် ရှိတယ်လို့ သိရ ပါတယ်။ ၂ဝ၁၂ ခုနှစ်တွင် မြန်မာ ပို့ကုန်အပေါ် ကန်ဒေါ်လာ ၈ သန်းကျော် ဗီယက်နမ်နိုင်ငံမှ ပထမဆုံး အကြိမ် ၁ဝ စုနှစ် တစ်ခုအတွင်း အသာစီး ရရှိခဲ့ ကြောင်း၊ ဗီယက်နမ် နိုင်ငံသို့ ပြည်ပမှ တင်ပို့တဲ့ နိုင်ငံ ၂၃ဝ ထဲမှာ မြန်မာနိုင်ငံဟာ အမှတ်စဉ် ၅၅ မှာ ရှိနေကြောင်း၊ ကန်ဒေါ်လာ ၁၁၇ ဒသမ ၈ သန်း ကျော်ဖိုး တင်ပို့ခဲ့ပြီး ၂ဝ၁၁ ခုနှစ် ကထက် ၄၃ ရာခိုင်နှုန်း ကျော် မြင့်တက် ခဲ့တယ်လို့ သိရပါတယ်။

ASEAN နိုင်ငံများ အတွင်း ဗီယက်နမ်နဲ့ မြန်မာ နှစ်နိုင်ငံ အပြန်အလှန် ကုန်သွယ် ဟာ မြင့််မားလျက် ရှိပြီး ဗီယက်နမ်မှ မြန်မာ သို့ ပို့ကုန် တင်ပို့မှု ဟာ အာဆီယံ နိုင်ငံများသို့ စုစုပေါင်း တင်ပို့မှု ရဲ့ သုည ဒသမ ၇ ရာခိုင်နှုန်း ရှိတယ်လို့ သိရပါတယ်။ ၂ဝ၁၃ ခုနှစ် ဇန်နဝါရီလမှာ ဗီယက်နမ်နိုင်ငံမှ မြန်မာနိုင်ငံသို့ တင်ပို့မှုဟာ ကန်ဒေါ်လာ ၁၃ ဒသမ ၇ သန်းရှိခဲ့ပြီး အဓိက တင်ပို့ သော ကုန်ပစ္စည်းများမှာ စတီးပစ္စည်းများ၊ စက်နဲ့ စက်ပစ္စည်းများ၊ အဝတ် အထည်များနဲ့ ပလပ်စတစ် ပစ္စည်းများ ဖြစ်ကြ ပါတယ်။

Source:SGGP CMK